ကိုယ့်ချစ်သူကို ကြွေသွားစေမယ့် အချက်များ

ကိုယ့်ချစ်သူကို ကြွေသွားစေမယ့် အချက်များ google.com

နှစ်ဦးစလုံးက ချစ်သူမဖြစ်ခင်အချိန်တွင်သာ အပြန်အလှန် တီတီတာတာတွေပြောတတ်ကြပါတယ်။

 

ချစ်သူဖြစ်သွားပြီးပြီဆိုရင်တော့ အဲ့ဒီလိုတီတီတာတာစကားတွေ သိပ်မပြောဖြစ်ကြတော့ပါဘူး။

 

ကိုယ့်ချစ်သူနဲ့တွေ့တိုင်း တီတီတာတာစကားလေးတွေ ပြောတတ်ဖို့လည်း လိုအပ်ပါတယ်။

 

သို့မှသာ သူ့ဘက်က အချစ်တွေမလျော့ဘဲ ကိုယ့်ကို သံယောဇဉ်လေးတွေ ပိုရှိလာမှာဖြစ်ပါတယ်။

 

ချစ်တယ်လို့ပြောခြင်း

 

ကိုယ့်ချစ်သူက ချစ်တယ်ဆိုတဲ့စကားပြောလိုက်တဲ့အခါမှာ ကိုယ့်စိတ်တွေကလည်း ဘယ်လိုဖြစ်သွားမှန်းတောင်သိမှာ မဟုတ်ပါဘူး။

 

အဲဒီစကားက လူတိုင်းနားထောင်ချင်တဲ့ စကားပဲဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့လူဆီက ကြားရတာဆိုတော့လည်း အတိုင်းမသိ ၀မ်းသာမိတတ်ကြပါတယ်။

 

အလိုချင်ဆုံးအရာ

 

ကိုယ့်ချစ်သူက သူ့အပေါ် ချွဲတတ်လိုက်တာလို့ ပြန်ပြောလိမ့်မယ်။ သို့ပေမယ့်လည်း သူတကယ်ပဲ ပိတီတွေဖြစ်တော့မှာဖြစ်ပါတယ်။

 

လုံခြုံမှုရှိခြင်း

 

မိန်းကလေးတစ်ဦးအနေနဲ့ ကိုယ့်ချစ်သူအနားမှာ နေရရင် စိတ်ထဲမှာ လုံခြုံနွေးထွေးမှုကို ခံစားရမှာဖြစ်ပါတယ်။ အဲဒီအကြောင်း သူ့ကို ထုတ်ပြောပြလိုက်ရင် သူလည်းစိတ်ချမ်းသာသွားမှာဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူလေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ လူစွမ်းကောင်းကြီးပဲဆိုပါတော့။

 

အမှတ်ရစရာများ

 

ကိုယ့်ဘက်က အမှတ်ရစရာ ဖြစ်ရပ်လေးတွေကို ပြန်ပြောတယ်ဆိုရင်လည်း သူသဘောကျပါတယ်။ သူနဲ့ပတ်သက်သမျှအရာတွေကို မှတ်မိနေတယ်ဆိုတာ ပြောပြခြင်းအားဖြင့် သူ့ကို အလေးထားရာရောက်စေပါတယ်။

 

ခေါင်းထဲမှာ အမြဲတမ်း သူ့အကြောင်းပဲတွေးနေတယ်ဆိုတာ သိရတဲ့အတွက် သူအတိုင်းမသိ ၀မ်းသာမိမှာပါ။

 

တကယ်တော့ ကိုယ့်ချစ်သူကို ကိုယ်ပြန်ပြီး တီတီတာတာလုပ်ရတာ ရယ်စရာကောင်းတယ်လို့ ထင်ရပေမဲ့ လုပ်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ချစ်သူဖြစ်သွားပြီမို့လို့ တီတာစရာမလိုတော့ဘူးလို့ မထင်လိုက်ပါနဲ့။ ပိုပြီးတော့တောင် လုပ်ရမှာဖြစ်ပါတယ်။

 

ဒါမှလည်း အချစ်ရေးလည်း သာယာပြီး အချိန်တွေ အများကြီးထိ လက်တွဲနိုင်မှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:50
Rate this item
(0 votes)