ချစ်သူအပေါ် ဆိုးတတ်တဲ့မိန်းကလေးတွေရဲ့အချက်များ

ချစ်သူအပေါ် ဆိုးတတ်တဲ့မိန်းကလေးတွေရဲ့အချက်များ google.com

နွဲ့ဆိုးဆိုးတတ်တဲ့ မိန်းကလေးတွေဟာ အချစ်နဲ့တွေ့တဲ့အခါမှာတော့ စိတ်ခံစားချက်ခြင်း မတူညီကြပါဘူး။

သူတို့ဟာ အရမ်းချစ်တတ်တဲ့သူတွေပဲဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာကတော့ ဆန်းကြယ်လှပါတယ်။ အောက်ပါအချက်လေးတွေကိုတော့ သတိပြုသင့်ပါတယ်။

 

စိတ်ညစ်အောင်လုပ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူအပေါ် အနိုင်ယူချင်စိတ် ရှိတဲ့သူဖြစ်ပါတယ်။ သူ့ဘက်က ဘယ်လောက်ချစ်လဲဆိုတာကို အမြဲသိချင်တာကြောင့် ချစ်သူကို စိတ်ညစ်အောင် ပြုလုပ်ပြီး စမ်းသပ်တတ်ကြပါတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ မိန်းကလေးတွေဟာ ချစ်သူအလုပ်ရှုပ်တဲ့အချိန် ရစ်ခြင်း၊ စိတ်ကောက်ခြင်း၊ သွားစရာရှိတာ မသွားခိုင်းခြင်းမျိုးတွေကို ပြုလုပ်တတ်လေ့ရှိကြပါတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ မိန်းကလေးတွေဟာ ဘယ်ကောင်လေးကမှ အာရုံမစိုက်ရင်နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူရဲ့ အာရုံစိုက်မှုကိုတော့ ရချင်တဲ့သူတွေဖြစ်ပါတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူက ကိုယ့်အပေါ် ဂရုစိုက်ရဲ့လား၊ ချစ်သေးရဲ့လားဆိုတာကိုတော့ အမြဲတမ်း အကဲခတ်နေတတ် ကြပါတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်အပေါ် ချစ်သူက ဂရုစိုက်မှုအနည်းငယ်လျော့သွားတာနဲ့ ၀မ်းနည်းတတ်တဲ့သူတွေလည်းဖြစ်ပါတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ ကောင်မလေးတွေက သူတို့အပေါ် အာရုံစိုက်မှုတွေကို ရယူတတ်ကြပါတယ်။

 

ကိုယ့်ချစ်သူက ကိုယ့်အပေါ်ကို အေးတိအေးစက် ဆက်ဆံလာပြီဆိုရင်တော့ ချစ်သူကို စိတ်ပူအောင်၊ စိုးရိမ်အောင် နည်းလမ်းပေါင်းစုံနဲ့ အာရုံစိုက်မှုရယူတတ်ကြပါတယ်။

 

ကိုယ့်ချစ်သူမကြိုက်တဲ့အရာများ၊ စိုးရိမ်စေမယ့် အရာတွေကို တမင်လုပ်ပြီး သူတို့အပေါ် အာရုံစိုက်မှုတွေကို ရယူတတ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:48
Rate this item
(1 Vote)