(6.2.2020 မှ 12.2.2020 အထိ ) တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း
(6.2.2020 မှ 12.2.2020 အထိ ) တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း google
တနင်္ဂနွေ
ဘာပဲလုပ်လုပ် ပင်ပန်းမှုတွေ ယှဉ်တွဲနေမယ်။ ပင်ပင်ပန်းပန်းနဲ့၊ လုံ့လစိုက်ထုတ်မှုတွေကြောင့် အခွင့်အရေးကောင်းတွေ တွေ့ကြုံလာမယ်။
ငွေကြေးကံကောင်းမွန်နေပြီး ကိုယ့်ရဲ့ကြိုးပမ်းမှုတွေ အရာထင်မယ့်ကာလပါ။ လုပ်ငန်းကိစ္စတွေအတွက် အဆင်ပြေမယ့် တိုးတတ်မှုတွေ တွေ့ကြုံပေမယ့် လူမှုရေးအနှောက်အယှက်တွေ တွေ့ကြုံတတ်ပါတယ်။
အလှူအတန်းကိစ္စ၊ ဘာသာရေး ကိစ္စတွေအတွက် ထူးထူးခြားခြား ဆောင်ရွက်ရတတ်မယ်။ အဆက်အသွယ်ကောင်းတွေ ပေါ်ပေါက်တွေ့ကြုံ လာပြီး နိုင်ငံရပ်ခြားဒေသတွေ ကောင်းကျိုးပြုမယ်။
ဆုံးဖြတ်ယူဆချက် မှန်မှန်ကန်ကန်နဲ့ ရည်မှန်ချက်တွေ ပုံဖေါ်နိုင်မယ်။
လုပ်ငန်းနှင့် ပတ်သက်ပြီး မည်သည့်ဒေသသစ်ကိုမှခြေဆန့်ပြီးမလုပ်မိပါစေနဲ့။အဖုအထစ်၊ အခက်အခဲများ ကြုံတွေ့နေရလိမ့် မယ်။ အကြီးအကဲ တစ်ဦး၏ အကူအညီရရှိကိန်းရှိနေပါတယ်။
ခရီးနှင့်ပတ်သက်ပြီး ထင်ထားသည်ထက်ငွေကုန်ကျမှုပိုနေ တတ်ပါတယ်။ ဝန်ထမ်းများ ရာထူးမတိုးပေမယ့်နေရာပြောင်းရွှေ့ရကိန်း ရှိနေပါတယ်။
ညီအစ်ကို မောင်နှမနှင့်ပတ်သက်ပြီး ဂုဏ်တတ်မည်။ အချစ်ရေးတွင် ချစ်သူနှစ်ဦးကြားစကားကြောင့် ဝေးရကိန်းရှိနေပါတယ်။
ပညာရေးတွင် အသင်းကြီးတစ်ခု၏ သင်တန်းတတ်ရမည်။ ကျန်းမာရေးတွင် ဆီးချုပ်၊ ဝမ်းချုပ်၊ မကြာမကြာဖြစ်မည်။ အထိုင်များနေသူများသတိထားပါ။ အိမ်ထောင်ရေးကတော့အကောင်းများပါတယ်။
အကျိုးပေးဂဏန်း ၁/ဝ/၅
အထူးဟော မှန်းထားသည်ထက်ပိုမိုတိုးတတ်မည်။
ယတြာ ပလာတာ ၃ချပ်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။
တနင်္လာ
လုပ်ငန်းမှာ အတိုက်အခံပြဿနာနဲ့ စကားပြောအဆင်မပြေမှုတွေ ကြုံရတတ်သည်။လူမှုရေး၊ အိမ်တွင်းရေး ကိစ္စတွေ အတွက် ငွေကုန်ကျမှု များပြားနေတတ်ပါတယ်။
စီးပွားရေးအတွက် အခွင့်အရေးသစ် တွေ ပေါ်ပေါက်ပေမယ့် မထင်မှတ်တဲ့ အနှောက်အယှက်တွေကြောင့် ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။
လုပ်ဖေါ်ကိုင်ဖက် ငယ်သားများကြောင့် ကိုယ့်အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်ရတတ်မယ်။ ကံအားနည်းနေတတ်တဲ့ ကာလဖြစ်လို့ စကားပြောဆင်ခြင်ပါ။
လက်ရှိလုပ်ငန်းများ အသေးစိတ် စီစစ် သင့်သည်။ စာရင်းတွေကွာနေတတ်သည် စနစ်တကျ လုပ်တတ်ရင်တော့ အခက်အခဲများပြေလည်သွားမည်။ ပစ္စည်းဟောင်း များ အရောင်းအဝယ်လိုက် မည်။
အရပ်လေးမျက်နှာ ခရီးသွားခြင်း အလွန်ကောင်းပါတယ်။ ဉာဏသမားများ အိုင်ဒီယာ အသစ်တွေရလာပေမယ့် ဒီကာလထဲအကောင်အထည်ဖော်လို့မသင့်သေးပါဘူး။
မွေးရပ်ဒေသမှ ဆွေမျိုးများ အိမ်သို့ အလည် လာမည်။ ကောင်းသောလာခြင်း ဖြစ်ပါသည်။ ချစ်သူတွေ ကံကောင်းနေတတ်ပေမယ့်အိမ်ထောင်ရှင်တွေ ပဋိပက္ခ အတိုက်အခံကြုံမယ်။
အချစ်ရေးတွင် သာယာကြည်နူးမှုများ ကြုံတွေ့ရမည့်အချိန်ပါ။ ပညာရေးနှင့်လုပ်ငန်း အားပြိုင်နေမည်။ အလုပ်တစ်ဖက်နှင့် ပညာရှာသူများ ပညာရေးအပေါ် အားလျော့နေတတ်သည်။
ကျန်းမာရေးတွင် နားကိုက်ခြင်း၊ သွားကိုက်ခြင်း ဖြစ်မည်။ အပူ၊အဖျားရောဂါဝေဒနာတွေ ဖြစ်ပွားနိုင်တယ်။
အကျိုးပေးဂဏန်း ၁/၆/၉
အထူးဟော စိတ်အလိုမကျစရာတွေများနေမည်။
ယတြာ အောင်သပြေပန်းဘုရားကပ်လှူဆုတောင်းပါ။
အင်္ဂါ
ရည်မှန်းချက် အမျိုးမျိုးကြားက ပေါ်ပေါက်လာတဲ့ အခွင့်အရေးတစ်ရပ်ကို ရွေးချယ်ဖို့ အခက်ကြုံရလိမ့်မည်။ နိုင်ငံခြား နဲ့ပတ်သက်တဲ့ ကိစ္စတွေအတွက် အဆက်အသွယ်ကောင်းတွေ ရရှိတတ်ပါတယ်။
စီးပွားရှာဖွေမှုမှာ လိုအပ်တာထက် ပိုမို အဆင် ပြေနေမယ်။ ရာထူးကံ၊ လုပ်ငန်းကံ တိုးတတ်လာပေမယ့် စိတ်ဖိစီးမှုများပြားတတ်မယ်။ ငွေကြေးအများအပြား ရရှိနိုင်တာမို့ ထီကံစမ်းပေးပါ။
လူမှုရေးအတိုက်အခံ အနှောက်အယှက်တွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေလည်း ကိုယ်နဲ့ ဒွန်တွဲ နေတတ် မည်။ အရင်းမများသော လုပ်ငန်းများ ဆက်၍ ဆက်၍ ကောင်းမည်။ ပွဲစား၊ ပွဲကြိုကို ယုံစားခြင်းမပြုပါနှင့်။
ပစ္စည်းတု ပေး၍ ငွေကြေးလိမ်လည်ခြင်း ခံရတတ်ပါတယ်။ခရီးသွားဖို့ ရည်ရွယ်ထားလျှင် ရည်ရွယ်ထားသောရက်ထက် စော၍ သွားပါ။
လုပ်ငန်းပိုင်းတွင် ဘဝတူ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အငြိုငြင်ခံရတတ်သည်။ အမည်တွင်ဗုဒ္ဓဟူးနံ ပါသော ဧည့်သည်များ မိမိ၏ မိသားစုကို ကူညီထောက်ပံ့မှုများပေးမည်။ အချစ်ရေးတွင် ဆယ်ကျော်သက်များ အရွယ်ကြီး
သူများနှင့် မေတ္တာမျှရကိန်း ရှိသည်။ ပညာရေးတွင် ကြိုးစားမှု၊ လုံ့လဝီရိယ ရှိမှု အပေါ်တွင် မူတည် သည်။ ကျန်းမာရေးညံ့နေပါသေးတယ်။
အိပ်ရေး၀၀ အိပ်ပါ။ သွေးပေါင်တွေကျလာတတ်ပါတယ်။အချိန်တွေကိုစီမံခန့်ခွဲရခက်နေတတ်သည်။ အိမ်ထောင်ရေးကံကောင်းနေမည်။
အကျိုးပေးဂဏန်း ၂/၃/၇
အထူးဟော ကျန်းမာရေးကိုပဲ ဂရုစိုက်ပေးပါ။
ယတြာ စိတ်ဝေဒနာသည်ကို အာဟာရဒါနပြုပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်းလူမှုရေးကိစ္စအမြောက်အမြားဆောင်ရွက်ရမယ်။နိုင်ငံရပ်ခြားကိစ္စရပ်တွေ အကျိုးရှိလာပြီးကံကောင်း မယ့် အခွင့်အရေးတွေရှိမယ်။
မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများမယ့် ကာလပါပဲ။ မင်္ဂလာရှိတဲ့ ခရီးဝေးသွားလာရမှုမျိုး တွေ့ကြုံလာမယ်။ လုပ်ငန်းမှာ ကံကောင်းနေပေမယ့်ငွေကြေးကိစ္စရပ်တွေကို သူများကိုမျက်နှာလွှဲမခိုင်းပါနဲ့။
မိသားစုအတွက် လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ စီးပွားရေးအတွက် အဆက်အသွယ်သစ်တွေ၊
အခွင့်အလမ်းသစ်တွေ ကြုံဆုံရယူနိုင်ဖို့ အချိန်အခါကောင်းပါပဲ။ ပေးထားသော အကြွေးများ၊ ပစ္စည်းများ ပြန်ရမည်။
လုပ်ဖော်ကိုင်ဖက် လုပ်ငန်းတူတွေ ကတောင် အံ့ဩရသည်အထိ ငွေကြေးအဆင်ပြေမည်။
လုပ်ငန်းတိုးချဲ့ရန် မသင့်သေးပါ။ လက်ရှိအလုပ်တွေကိုပဲ ပြင်ဆင် ဆောင်ရွက်လိုက်ပါ။ အဝေးခရီး ၊ နိုင်ငံခြားခရီးသွား မည့်သူများ အမြန်ဆုံးစီစဉ်ပါ။
လက်လီစီးပွားရေးလုပ်ငန်းပိုင်းတွင် တစ်ဖြည်းဖြည်း အဆင်ပြေလာမည်။အိမ်ထောင်ရေးအဆင်ပြေသာယာပေမယ့် အိမ်ထောင်ဖက် ကျန်းမာရေး ချုချာမည်။
အချစ်ရေးတွင် ဆန္ဒပြည့်ဝပြီး အိမ်ထောင်ပြုဖို့ အကြောင်းတရားတွေ ပေါ်လာမည်။ ပညာရေးတွင် မည်သည့် ဘာသာရပ်မဆို ကြိုးကြိုးစားစား သင်ယူပါ။
ကျန်းမာရေးတွင် ခါးအောက်ပိုင်း လေးလံမည်။ လမ်းလျှောက်ပေးပါ။ ဒဏ်ကြေလိမ်းဆေးလေး တွေလိမ်းပြီးနှိပ်နယ်ပေးလိုက်ပါ။
အကျိုးပေးဂဏန်း ၁/၃/၈
အထူးဟော အဘက်ဘက်က ကံမြင့်နေမည်။
ယတြာ ဝက်သားနဲ့အာလူးဟင်းချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူပေးပါ။
ကြာသပတေး
ဒီကာလအတွင်းကံကောင်းမှုတွေ သင့်ထံဝင်ရောက်လာမယ့် ကာလပါပဲ။ ခရီးသွားလိုစိတ်တွေကို အမြန်ဆုံးအကောင် အထည် ဖေါ်လိုက်ပါ။
ဘုရားဖူးခရီး၊ ဘာသာရေးအတွက်၊ ကောင်းသော ခရီးစဉ်တွေ ရှိနေပါတယ်။ လုပ်ငန်းအတိုက်အခံ ကြားက တိုးတတ်အောင်မြင်လာမယ့် အခွင့်အရေးတွေရလာပါလိမ့်မယ်။
စီးပွားရေးအကျိုးများသလို မိသားစုအတွင်း အေးချမ်း တည်ငြိမ်၊ ပျော်ရွှင်မှုတွေလဲ ရလာတတ်ပါတယ်။ ရွှေ၊ကျောက်မျက်ရတနာ အသုံးအဆောင်ပစ္စည်းကောင်းတွေ ရယူ ပိုင်ဆိုင်နိုင်မယ့် ကာလပါ။
နိုင်ငံခြားအဆက်အသွယ် ကောင်းတွေ တွေ့ကြုံပေါ်ပေါက်ပြီး ကောင်းသတင်း ကျော်ဇောမှုတွေနဲ့ ဘဝရဲ့ အောင်မြင်မှုတွေ ရယူလိုက်ပါ။ လုပ်ငန်းတူခြင်း အပြိုင်ပေါ်မည်။
မိမိကြိုးစားမှုကြောင့် ပြိုင်ဘက်တွေကို နောက်ကောက် ချထားနိုင်လိမ့်မည်။ ပစ္စည်းသိုလှောင်ချင်သူများဒီကာလမှာသိုလှောင်လို့ကောင်းပါတယ်။
အဟောင်းပစ္စည်းနှင့် စီးပွားဖြစ်ကိန်း ရှိသည်။ ခြံ၊ မြေ၊ ယာဉ်၊ ကား အသစ်ဝင်ကိန်းရှိသည်။ ဝန်ထမ်းများလုပ်ငန်းတွင် မနာလိုသူများ လက်လျှော့သွားမည်။
နေရာဌာနတစ်ခုခု အပြောင်းအလဲ ပြုလုပ်ရတာ ယာယီနေရာသစ်မှာ တာဝန်ထမ်းရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ချစ်သူမရှိ သေးသူဖြစ်ပါက မိမိအထက်လူကြီးနှင့် မေတ္တာမျှရကိန်းရှိနေပါတယ်။
ပညာရေး အဘက်ဘက်ကကြိုးစားပါ။ ကျန်းမာရေးတွင် မည်သည့် အန္တရာယ်မှ မဖြစ်ပွားနိုင်ပါ။ အိမ်ထောင်ဘက်က မိမိစေတနာကိုဝေဒနာလို့ထင်နေတတ်သည်။
အကျိုးပေးဂဏန်း ၂/၄/၅
အထူးဟော စိတ်ချမ်းသာကြည်နူးရတတ်သည်။
ယတြာ ရှမ်းခေါက်ဆွဲဘုရားကပ်လှူလိုက်ပါ။
သောကြာ
ဒီကာလအတွင်း အခက်အခဲတွေ ကျော်လွှားရမယ့် ကာလပါပဲ၊ အပေါင်းအသင်းနှင့် လူမှုရေးကိစ္စတွေကြောင့် စိတ်ပင် ပန်းရမယ်။ နိုင်ငံခြားခရီးကြိုးပမ်းသူတွေ၊ အခက်အခဲတွေ ကြုံတွေ့ရမယ်။
လုပ်ငန်းပိုင်းမှာ ထင်ရှားအောင်မြင်နေပေမယ့် အတိုက်အခံ၊ အခက်အခဲတွေ ယှဉ်တွဲနေရတတ်ပါတယ်။
မိသားစုနဲ့ အချေအတင် ဖြစ်ပွားရတတ်လို့ စိတ်ရှည်သည်းခံ အလျှော့ပေးလိုက်ပါ။ ဘာသာတရားဦးထိပ်ပန်ဆင်ပြီး အရာရာကို သတိရှိပါ။
လုပ်ငန်းများ ကောင်းသလို‌ အကြံအဖန်သမားက ဒုက္ခပေးရန် ချောင်းနေသည်ကို လည်း ဂရုစိုက်ပါ။ လုပ်ငန်းတိုးချဲ့ရန်၊ လူအင်အားဖြည့်တင်းရန် ရှိပါက ခေတ္တဆိုင်းငံ့ထားပါ။
လုပ်ငန်းတွင် မရိုးသားသူနှင့် ရိုးသားသူ မျှနေသဖြင့် မိမိဘယ်ဘက်လိုက်သင့်သည်ကို တိတိကျကျ ဆုံးဖြတ်ပါ။
ကောင်းတာလုပ် ရင်ကောင်းတာဖြစ်ပါလိမ့်မယ်။အသုံးစရိတ်နှင့် ပတ်သက်ပြီး အိမ်ထောင်ဖက်နှင့် မကြာခဏ ဆွေးနွေးရမည်။ အိမ်တွင်းရေးကံ၊ အိမ်ထောင်ရေးကံခေနေဦးမှာမို့ စိတ်ညစ် နေရမယ့် ကာလပါပဲ။
အချစ်ရေးတွင် ကံအထူးကောင်းနေပါတယ်။ ချစ်သူမရှိသေး သူများချစ်သူသစ်ရမည်။
ပညာရေးတွင် လူမှုရေးသင်တန်း၊ အင်္ဂလိပ်စာသင်တန်းများ တတ်ရမည်။ ကျန်းမာရေး အထူးကောင်း နေပါသည်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အညံ့များနေသူတောင် နလန်ပြန်ထူတတ်ပါတယ်။
အကျိုးပေးဂဏန်း ၃/၅/၆
အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။
ယတြာ ပေါက်ဆီတစ်လုံးဘုရားကပ်လှူလိုက်ပါ။
စနေ
ဒီကာလအတွင်း ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အကြောင်းကိစ္စတွေ ပေါ်ပေါက်လာမယ်။ ပြဿနာသေးသေး လေးကနေ၊ အကြီးကြီးဖြစ်သွားတတ်ပါတယ်။
မငြိမ်းချမ်းတဲ့ ပူပန်မှုတွေ မကြာခဏ ကိုယ်ရင်ဘတ်ထဲ ရောက်ရှိလာမယ်။ လူမှုရေးအားနာမှုကြောင့်ငွေကြေးဆုံးရှုံးမှုတွေ့ကြုံနိုင်ပါတယ်။
စီးပွားရေးကိစ္စတွေအတွက် ကိုယ်ကြိုးစားသလောက် တိုးတတ် လာမယ်။ အင်တိုက်၊ အားတိုက်အလုပ်တွေ ဆောင်ရွက်ရလို့ ပင်ပန်းမှုများတတ်ပါတယ်။
ကံအဆိုးကြီးမညံ့တတ်ပေမယ့် စိတ်ဖိစီးမှုတွေ ပဋိပက္ခအသေးလေးတွေ ရင်ဆိုင်ရင်းနဲ့ အကောင်းဆုံးအခြေအနေတွေ လက်ဝယ်ရောက်ရှိလာပေလိမ့်မည်။
စိုက်ပျိုးရေးသမားများ သီးနှံများ၏အမြတ်များ ယခင်ကထက် ပိုမိုများပြားလာမည်။ စက်ပစ္စည်းရောင်းဝယ်သူဖြစ်လျှင် သူခိုး နှင့် မီးအန္တရာယ် သတိပြုပါ။
ဇိမ်ခံပစ္စည်းများ လက်ဆောင် ရလာတတ်ပါတယ်။ နိုင်ငံအင်တာဗျူးများအောင်မြင်ခြင်းနှင့် ပြည်ပခရီးများသွားရဖို့ကြုံရတတ်ပါတယ်။
ရာထူးတတ်ရန်ကြာဦးမည်။ ဆွေမျိုးကိစ္စ၊ ငွေကြေးကိစ္စ အိမ်ထောင်ဖက်နှင့် မကြာခဏ စကားများရတတ်သည်။
အချစ်ရေးတွင် အတွေ့မကြာသေးသူ၏ ချစ်ရေးဆိုခြင်း၊ အောင်သွယ်မှတစ်ဆင့် ကမ်းလှမ်း ခြင်းကိုလဲခံရတတ်သည်။ ပညာရေးတွင် စီးပွားရေးနှင့် ပတ်သက်သော ပညာ သင်ကြားရမည်။
ကျန်းမာရေး ကောင်းနေတတ် ပါတယ်။ ဒါပေမယ့်မိန်းကလေးများ ဓမ္မတာနှင့်ပက်သက်သောရောဂါတွေသတိထားပါ။
အကျိုးပေးဂဏန်း ၄/၆/ဝ
အထူးဟော ကံအကောင်းနှင့်အဆိုးယှဉ်တွဲဖြစ်ပေါ်နေမည်။
ယတြာ သံပုရာရည်ဘုရားကပ်လှူလိုက်ပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09 77 5555 695/ 09 44 5555 695
ဓာတ်ပုံဆရာ(၈၁)ဦးကိုသိရှိလိုပါက နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
တနင်္ဂနွေ
အကျိုးပေးဂဏန်း ၁/ဝ/၅
တနင်္လာ
အကျိုးပေးဂဏန်း ၁/၆/၉
အင်္ဂါ
အကျိုးပေးဂဏန်း ၂/၃/၇
ဗုဒ္ဓဟူး/ရာဟု
အကျိုးပေးဂဏန်း ၁/၃/၈
ကြာသပတေး
အကျိုးပေးဂဏန်း ၂/၄/၅
သောကြာ
အကျိုးပေးဂဏန်း ၃/၅/၆
စနေ
အကျိုးပေးဂဏန်း ၄/၆/ဝ
Myanmar Wedding Guide
jjjj
Read times
Rate this item
(0 votes)
Tagged under