တစ်ယောက်နဲ့တစ်ယောက် ယူဖို့အထိ စဉ်းစားထားရင်..

တစ်ယောက်နဲ့တစ်ယောက် ယူဖို့အထိ စဉ်းစားထားရင်.. google.com

ဟိုးအရင် ရည်းစားဖြစ်ကာစက.. သူ့ဖုန်းလည်း ကျွန်တော် တစ်ချိန်လုံး စစ်တယ်… သူလည်း အတူတူပဲ တစ်ချိန်လုံး သံသယတွေနဲ့ Comment လာပေးတာ.. အသဲပုံတွေ ဘာတွေပါရင် ရန်ဖြစ်လိုက်ဖုန်းမအားရင်ရန်ဖြစ်လိုက် ဖုန်းပိတ်ထားရင် ရန်ဖြစ်လိုက်နဲ့ တစ်ပတ် တစ်ပတ်ကို ရန်ပွဲက မနည်းဘူးရယ် …

ဘေးနားကပ် ရှိတာတောင်မှ မက်စင်ဂျာက မက်စေ့လာရင် ဘာလည်းဆိုတဲ့ စိတ်နဲ့ အသဲအသန်ဖုန်းယူကြည့်ရတာနဲ့ ဘာနဲ့… တစ်ယောက်နဲ့ တစ်ယောက် ဘယ်တုန်းကမှကို စိတ်မချဘူး … အာ့တုန်းကတော့ သဝန်တိုတာ ကြီးကိုပဲ အချစ်လို့ကို ထင်နေကြတာ …
ရည်းစားသက်တမ်း နှစ်နှစ်လောက် ဖြစ်လာတော့ ကိုယ်လည်း အရင်လိုမဟုတ်ပဲ ပြောင်းလဲလာသလို… သူလည်း ကိုယ်တစ်ယောက်ပဲ ရှိတယ်ဆိုတာယုံကြည်လာတဲ့နောက်တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်တာတွေ နည်းလာတယ် … ဖြစ်တော့ဖြစ်သေးတယ် တော်တော်နည်းလာတာ …
အတူတူ ထိုင်နေတုန်း မက်စေ့လာလည်း သိပ်မမေးတော့ဘူး.. အလိုလို ကိုယ့်ဘာသာကိုယ် ဘယ်သူက ဘာပြောနေတာဆိုပြီး ပြောဖြစ်တယ်… သူ့အကောင့်က Comment တွေလည်း သိပ် စိတ်မဝင်စားတော့ဘူး … ဘယ်လောက်မန့်မန့် သူက အဖက်မလုပ်ဘူး ဆိုတာ သိသွားလို့ … လာကြူနေရင်တောင် သူက ဒီမှာ ဒီတစ်ယောက် ဘာတွေ လာပြောနေမှန်း မသိဘူး ဆိုပြီး ကိုယ့်တောင် လာပြသေး.. ကိုယ်ကတောင် ကိုယ့်ဘာသာ ဘလော့လိုက်လေ ဆိုပြီး အေးဆေးပဲ …
ဖုန်းမအားလည်း ကိုယ်ဆက်ထားတဲ့ Miss Call မြင်တာနဲ့ သူပြန်ခေါ်တယ်.. ဘယ်သူနဲ့ ဘာကိစ္စဆိုပြီး အေးဆေးပဲ ကိုယ်လည်း လက်ခံတယ် …ညဘက်အပြင်သွားတယ် ဘယ်သူနဲ့ဘယ်နေရာသာပြောလိုက်သူသဘောတူတယ်.. ဖုန်းဆက်ရင်သာ ဖုန်းကိုင်ပေး … နောက်ကျလာရင်တော့ မပြန်သေးဘူးလားဘာညာတော့ရှိတယ် အေးဆေးပဲ ….
ဒါ မချစ်တော့တာ မဟုတ်ဘူး နားလည်မှု ရှိလာတာ … သဘောထား မသေးတော့တာ … ယုံကြည်မှု ရှိလာတာ … တစ်ယောက်နဲ့တစ်ယောက် ယူဖို့အထိ ဆုံးဖြတ်ထားရင်အချိန်တန်ရင်နားလည်မှုဆိုတာတည်ဆောက်ထားရတော့မယ် …
ငါ့ကို Tag ပြီး ဘာမှမရေးဘူးတို့ … စုံတွဲပုံ မတင်ဘူးတို့ … Rs Goal တို့ဆိုတာ ခုချိန် အရေးမကြီးတော့ဘူး … ပိုက်ဆံ ဘယ်လိုစုကြမယ် … ဘယ်အချိန်ယူမယ် … ဘယ်မှာနေမယ် … ခရီးကို ဘယ်လိုသွားမယ် ဒီလောက်ပဲ စိတ်ထဲရှိတော့တယ် …

သူ့အလုပ် ကိုယ့်အလုပ် ကိုလည်း လေးစားတတ်လာတယ် … သူ့မိသားစုကိုယ့်မိသားစုဆိုတာလည်းသိတတ်လာတယ် … ဒီတော့ ဘာမဟုတ်တာ လောက်နဲ့ ကလေး မဆန်တော့ဘူး … အခုချိန်တည်းက ကလေးဆန် စိတ်ကောက်နေရင် ရေရှည်လည်း အဆင်ပြေမှာ မဟုတ်ဘူး …
ယုံကြည်ပါ.. ယုံကြည်မှုကို အလွဲသုံးစား မလုပ်ပါနဲ့ … ယုံပါ တတ်နိုင်သလောက် အမှန်အတိုင်းပြောပါ .. သူအမှန်အတိုင်း ပြောရင် လက်ခံပေးပါ … ဒါမှ နောက်လည်းအမှန်အတိုင်းပြောမှာပါ … လိမ်ပြောမှကြိုက်တယ်ဆို နောက်ဆို လိမ်ပဲလိမ် နေတော့မှာပါ …
ဒီတော့ စဉ်းစားပါ အပျော်တွဲမှာလား လက်ထပ်ဖို့ အထိလား…ထာဝရအတွက်ဆိုတစ်ယောက်နဲ့တစ်ယောက် ရိုးသားပါ … ရေရှည်ကို တွေးပါ … လူရွေးမှန်ပါ .. ဘာမဟုတ်တဲ့ RS Goal နဲ့ Suprise လောက်မှာ Feel တက် မနေပါနဲ့ …

 

Myanmar Wedding Guide

 


Credit;Aung Phone(~OMG~) 

 

MMRD မှ Myanmar Wedding Guide အပြင် အခြားစာအုပ်များလည်းထွက်ရှိလာပါပီနော်......

Directory Book 1

 

 

Read times Last modified on Wednesday, 19 September 2018 10:25
Rate this item
(2 votes)