မိန်းကလေးတွေ သဘောကျစေမယ့်ချီးမွမ်းစကားများ

မိန်းကလေးတွေ သဘောကျစေမယ့်ချီးမွမ်းစကားများ google.com

ကိုယ်ကဖူးစာရှင်ကိုလိုက်လံရှာဖွေနေပေမယ့်လည်း ကံအကြောင်းမလှလို့

သင့်တော်တဲ့လူကိုရှာမတွေ့သေးဘူးဖြစ်နေပါသလား။ အချိန်မတန်သေးလို့လဲဖြစ်နိုင်သလို ကိုယ့်အပေါ်မှာလည်းအများကြီးမူတည်နေပါသေးတယ်။ ကိုယ်ဘယ်လိုပြောဆိုတယ်၊ ပြုမူလိုက်တဲ့အမူအရာတွေကို အထူးသတိထားပြီးတော့ကြိုးစားမယ်ဆိုရင်တော့ဖြစ်နိုင်ချေတွေများနိုင်ပါတယ်။ အပေါင်းအသင်းတွေကမိတ်ဆက်ပေးတဲ့ကောင်မလေးနဲ့တွေ့မယ့်အခါဖြစ်ဖြစ်၊ ကိုယ့် Crush လေးနဲ့စကားပြောတော့မယ့်အချိန်တွေမှာဖြစ်ဖြစ် သူတို့လေးတွေသဘောကျအောင် ဘယ်လိုစကားလေးတွေပြောပေးရမလဲဆိုတာ ပြောပြပေးပါ့မယ်။

 

ဟာသပြောတတ်တယ်နော်

RS လို့ဆိုလာတာနဲ့ တစ်ဖက်သားကိုဆွဲဆောင်နိုင်ဖို့အတွက် အမျိုးသားတွေကြိုးစားရတဲ့အချက်တွေထဲမှာ ဟာသဥာဏ်လည်းပါပါတယ်။ ဟာသလေးတွေထည့်ပြောပေးလို့ စကားပြောရအဆင်ပြေတာမှန်ပေမယ့်လည်း အလွန်အကျူးကြီး ကြိုးစားပြောနေမယ်ဆိုရင်တော့ တစ်ဖက်လူအမြင်မှာအပေါကြီးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူမပြောတဲ့စကားလေးတွေကိုသေချာနားထောင်ပြီး ဟာသစကားလေးတွေပါလာရင်လိုက်ရယ်မောပေးပါ။

 

မင်းဆီကကိုယ်အများကြီးသင်ယူမိတယ်

စကားလက်ဆုံပြောတဲ့အခါမှာ ဟာသတစ်ခုထဲပဲပြောနေလို့မရပါဘူး။ ကိုယ်ဝါသနာပါတဲ့အကြောင်းအရာလေးတွေကိုပြောပြရင်းနဲ့ သူတို့ဘာစိတ်ဝင်စားလဲဆိုတာကိုတစ်ဖက်လှည့်နဲ့မေးပါ။ ပြီးရင်တော့ သူတို့ရဲ့အတွေးအမြင်တွေကို အလေးထားပြီး သူတို့ဆီကနေ အများကြီးလေ့လာသင်ယူလိုကြောင်းကိုဖော်ပြပါ။

 

မင်းရဲ့ မျက်လုံး၊ နှုတ်ခမ်း၊ ဆံပင် လေးတွေကအရမ်းလှတာပဲ

မိန်းကလေးတစ်ယောက်ကိုလှတယ်ဆိုပြီးပြောတာဟာ အကောင်းဆုံးချီးမွမ်းစကားဆိုပေမယ့်လည်း ယေဘုယျအနေနဲ့ " မင်းကလှတယ်နော် " ဆိုပြီးမပြောသင့်ပါဘူး။ ကိုယ့်မျက်လုံးထဲမှာ၊ ကိုယ့်ရဲ့စိတ်ထဲမှာအလှဆုံးလို့မြင်တဲ့ အစိတ်အပိုင်းတစ်ခုခုကိုဦးတည်ပြီးပြောပြပါ။ ဒီလိုမျိုးပြောပြပေးခြင်းဖြင့် ကိုယ်ကသူ့အပေါ်မှာ ဘယ်လောက်အာရုံထားလဲဆိုတာကို သူသိအောင်လည်းပြသနိုင်မှာပါ။

 

ကိုယ်တွေ့ဖူးတဲ့လူတွေနဲ့မင်းကလုံးဝမတူဘူး

ဒီလိုပြောလိုက်ခြင်းက " မင်းကတခြားကောင်မလေးတွေလိုမဟုတ်ဘူး " လို့ပြောတာနဲ့မတူပါဘူး။ " ကိုယ်တွေ့ဖူးတဲ့လူတွေနဲ့မင်းကလုံးဝမတူဘူး " လို့ပြောတာက တဖက်လူရဲ့ထူးခြားမှုကို အသိအမှတ်ပြုသလို သူမကို တမျိုးတဖုံမြင်တာထက် ချစ်စရာကောင်းတဲ့အမြင်နဲ့မြင်တယ်ဆိုတာကိုသိအောင်ပြောပြခြင်းပဲဖြစ်ပါတယ်။

 

မင်းက ကိုယ်ပိုင်နိုင်တဲ့အရာကိုအကောင်းဆုံးလုပ်နိုင်တယ်

ကိုယ်စိတ်ဝင်စားတဲ့ကောင်မလေးနဲ့ပတ်သက်တဲ့ အလုပ်အကိုင်၊ ဝါသနာ၊ စိတ်ဝင်စားမှုတွေကိုသေချာအာရုံထားပြီးလေ့လာကာ ထိုအကြောင်းအရာတွေနဲ့ဆက်နွယ်လို့ ချီးမွမ်းစကားပြောပေးပါ။ ဒီလိုမျိုးလေးပြောပေးခြင်းက သူမတန်ဖိုးထားတဲ့အရာပေါ်မှာ ကိုယ်လည်းဂရုစိုက်တယ်ဆိုတာကိုပြသပြီးသားဖြစ်သွားပါလိမ့်မယ်။

 

Source : Kwee

Myanmar Wedding Guide

Read times Last modified on Thursday, 21 March 2019 16:50
Rate this item
(3 votes)