ကိုယ့်  ချစ်သူကို ဂရုစိုက်ရမည့် အချက်များ

ကိုယ့်  ချစ်သူကို ဂရုစိုက်ရမည့် အချက်များ google

ကိုယ့်ချစ်သူကို ယုံကြည်မှုလွန်ကဲပြီး မာနတွေထားနေရင်လည်း အလုပ်မဖြစ်ပါဘူး။

လူဆိုတာ မြင့်မိုရ်လောက် ပေးဆပ်တယ်ဆိုပေမယ့် သဲတစ်ပွင့်စာတော့ အနည်းဆုံးမျှော်လင့်ချက်ရှိကြမှာပါ။

 

ကိုယ့်ချစ်သူကို အမြဲ ကိုယ်နှင့်မကွာရှိနေစေရမှာမဟုတ်ဘဲ ဖုန်းထဲကနေပဲ မက်ဆေ့လေးတစ်စောင်ပို့ တာဖြစ်ဖြစ် အမြဲလုပ်ပေးရပါမယ်။ သို့မှသာ အချစ်က သွေးမအေးသွားဘဲ သွေးနွေးနေစေမှာဖြစ်ပါတယ်။

 

ကိုယ့် ချစ်သူကို အချိန်ပေးခြင်း ကလည်း ဂရုစိုက်ရာ မြှောက်ပါတယ်။ အလုပ်၊ မိသားစု၊ လူမှုရေး စတဲ့ ကိစ္စတွေနဲ့ လည်ပတ်နေရတဲ့ ဘဝမှာ သီးသန့်အချိန်ဆိုတာ ပေးသင့် ပေးရပါမယ်။

 

သူမဖြစ်ချင်တဲ့ ကိုယ်ပိုင်အိမ်မက်တွေ အကောင်ထည်ဖော်နေသလိုပဲ အားတတ်သရော ပါရမီဖြည့်ပေးရ မှာဖြစ်ပါတယ်။ ဒီအချက်လေးကတော့  ဂရုစိုက်ရမယ့် ထဲမှာပါဝင်ပါတယ်။

 

ကိုယ့် ချစ်သူက ရင်တွင်းခံစား ချက်လေးတွေကို ပြောပြနေတဲ့ အခိုက်အတန့် မှာ အချိန်ပေးနားထောင်ပေးလိုက်ပါ။ ဒါမှလဲ ဂရစိုက်ရာရောက်မှာပါ။

 

အပေါ်ကအချက်လေးတွေအတိုင်း ဂရုစိုက်လိုက်ရင်တော့  ကိုယ်ချစ်သူက ကိုယ့် နားမှာပက်ကျိလေးလို တွယ်ကပ်နေမှာပါ။ 

 

 Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under