မိန်းကလေးတွေကိုယ့်အပေါ်မကောင်းတဲ့ယောကျာ်းနဲ့မပြတ်စဲနိုင်ရခြင်းအကြောင်းရင်း(၆)မျိုး

မိန်းကလေးတွေကိုယ့်အပေါ်မကောင်းတဲ့ယောကျာ်းနဲ့မပြတ်စဲနိုင်ရခြင်းအကြောင်းရင်း(၆)မျိုး google.com

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် သူတို့ချစ်သူကို အရမ်းချစ်မိသွားပြီဆိုရင် အရှုံးပေးပြီး ချစ်တတ်ကြပါတယ်။ အရမ်းချစ်လို့ အရှုံးပေးချစ်နေတာကို အပြစ်လို့တော့ မပြောချင်ပေမယ့် ကိုယ်အရှုံးပေးပြီး ချစ်နေရတဲ့သူက ကိုယ့်အပေါ်ဘယ်တော့မှ ကောင်းလာမယ့်သူ မဟုတ်ဘူးဆိုရင်တော့ သေချာစဉ်းစားသင့်တာပေါ့။

ဒါပေမယ့် နှလုံးသားကို ဦးနှောက်ထက်ပို ဦးစားပေးတတ်ကြတဲ့ မမ၊ ညီမလေးတွေကတော့ ကိုယ့်ကိုနာကျင်အောင်လုပ်တဲ့၊ ကိုယ့်အပေါ်မကောင်းတဲ့သူတစ်ယောက်ကို ချစ်မြဲချစ်မိနေတုန်းပါပဲ။ အဲ့ဒီလို ကိုယ့်ကိုနာကျင်စေတဲ့ သူတွေကို အချစ်မလျော့ဘဲ ချစ်မိနေရတာက အချစ်ကြောင့်ဆိုတာထက် ဒီလိုအကြောင်းတွေကြောင့်ပါတဲ့။

 

 

() ကိုယ့်တန်ဖိုးကို နိမ့်ချပြီး မြင်နေတယ်

 

ကိုယ့်အပေါ်မကောင်းတဲ့သူ၊ ကိုယ့်ကိုနာကျင်အောင်လုပ်တဲ့သူကို မပြတ်နိုင်တဲ့မိန်းကလေးတွေဟာ သူတို့တကယ်ပိုင်ဆိုင်ထားတဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းမရှိကြပါဘူး။ သူတို့ဟာ တကယ့်အရှိထက် နိမ့်ကျနေတယ်ဆိုတဲ့ အမြင်တွေ ရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း ဒီလိုနာကျင်အောင် လုပ်တဲ့သူနဲ့သာ ထိုက်တန်တယ်လို့ မသိစိတ်က ထင်မှတ်နေပြီး မပြတ်နိုင်ဘဲ ဆက်တွဲနေကြတာပါတဲ့။

 

 

() တစ်ယောက်တည်းဖြစ်မှာ ကြောက်တယ်

 

တစ်ယောက်တည်းနေလက်စ သူတွေအတွက် တစ်ယောက်တည်းဆိုတဲ့ အခြေအနေက ဘာမှမထူးဆန်းပေမယ့် နှစ်ယောက်ကနေ တစ်ယောက်တည်းဖြစ်သွားမယ့် သူတွေအတွက်ကတော့ အဲ့ဒီ တစ်ယောက်တည်းဆိုတဲ့ အနေအထားက တော်တော်ကို ထူးဆန်းပြီး ခက်ခဲနေတတ်ပါတယ်။ အထူးသဖြင့် ချစ်သူရှိတဲ့ မိန်းကလေးတွေဟာ ချစ်သူနဲ့ပြတ်စဲပြီး တစ်ယောက်တည်း အထီးကျန်ရမှာကို သိပ်ကြောက်ကြပါတယ်။

 

 

() ကတိမပျက်ချင်ဘူး

 

သမီးရည်းစားတွေ ဖြစ်သွားပြီဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ကတိတွေပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒါကို ယောကျာ်းလေးဘက်က လိုက်နာချင်မှ လိုက်နာမယ်ဆိုပေမယ့် မိန်းကလေးကတော့ ဒီလိုအခြေအနေအတွက် ကတိတည်နေချင်တဲ့စိတ်ရှိပါတယ်။ ဒါကြောင့် ပြတ်စဲလိုက်ရင်ကတိဖျက်သလိုဖြစ်မှာကြောက်နေတာကြောင့် မပြတ်နိုင်ဖြစ်နေတာပါ။

 

 

() သူ့ကိုပြောင်းလဲသွားအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်နေတယ်

 

သူ့ကောင်လေးက သူ့အပေါ် မကောင်းတာဟာ အခိုက်အတန့်ပဲ၊ မကြာခင်ပြောင်းလဲလာလိမ့်မယ်လို့ ထင်နေတာကြောင့်ပါ။ ဒါကတော့ ချစ်တဲ့စိတ်နဲ့ မျှော်လင့်မိတာလို့ပဲ ပြောရမှာပါ။

 

 

() ကိုယ်တိုင်က drama queen ဖြစ်နေတယ်

 

ကိုယ့်အပေါ်မကောင်းတဲ့ ယောကျာ်းတစ်ယောက်ကို မပြတ်နိုင်ဖြစ်နေတာဟာ မိန်းကလေးကိုယ်တိုင်လည်း ဒရာမာကွင်းန် တစ်ယောက် ဖြစ်နေလို့ပါဆိုရင် အံ့သြစရာပဲနော်။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ဒရာမာချိုးတတ်တဲ့သူတွေဟာ လူတွေရဲ့ အာရုံစိုက်မှု၊ ဂရုစိုက်မှုကို ခံယူချင်တာကြောင့် ဘေးကလူတွေကို ထိခိုက်နာကျင်အောင် လုပ်တတ်သလို၊ အဲ့လိုလူတွေရဲ့ အနီးနားမှာ နေရတာကိုလည်း ကြိုက်ကြပါတယ်တဲ့။

 

 

() ကိုယ့်အပေါ်ကောင်းတာတွေကို ငြင်းပယ်တတ်တယ်

 

မကောင်းတဲ့လူတစ်ယောက်ကို မပြတ်နိုင်တာဟာ သူ့ထက်ကောင်းတဲ့လူကို မတွေ့သေးလို့,လို့ သွားပြောရင် သူတို့တွေရဲ့အချစ်တွေကို စော်ကားရာကျသွားပါလိမ့်မယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အဲ့ဒီမိန်းကလေးဟာ သူ့အပေါ်မကောင်းတဲ့ သူအနားမှာနေဖို့အတွက် သူ့အပေါ်ကောင်းတဲ့ အရာတွေကို ငြင်းပယ်ထားတယ် ဆိုတာပါပဲ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:57
Rate this item
(2 votes)