ဘယ်လိုအချက်တွေကြောင့်မိန်းကလေးတွေကလမ်းခွဲဖို့ဆုံးဖြတ်ကြလဲ

ဘယ်လိုအချက်တွေကြောင့်မိန်းကလေးတွေကလမ်းခွဲဖို့ဆုံးဖြတ်ကြလဲ google

အသည်းကွဲနေတဲ့ ကောင်လေးတွေ ဆယ်ယောက်မှာ ရှစ်ယောက်ဟာ ယခုဖော်ပြတဲ့

 

 

အချက်တွေကြောင့် ချစ်သူကောင်မလေးရဲ့ စွန့်ခွာခြင်း ခံခဲ့ကြရတာပါ။

 

ဒါက အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးဖြတ်တဲ့အခါ ဒီလိုအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတတ်ကြပါတယ်။

 

 

သင်ဟာ သူနဲ့ သူ့သူငယ်ချင်းတွေကို တစ်ဖြည်းဖြည်း ဝေးကွာသွားအောင်လုပ်ခြင်း

 


သင့်ချစ်သူကောင်မလေး သင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သင်က သူ့အသိတွေ၊ သူငယ်ချင်းတွေနဲ့ သူမကို ဝေးကွာအောင် တွန်းအားပေးခဲ့တာကြောင့်လို့ ပြောရင် သင်ယုံကြည်ပါ့မလား။

 

ဒါတကယ်ပါပဲ။ မိန်းကလေးတွေဟာ သူတို့ဘေးမှာ သူချစ်တဲ့ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ရှိနေတာမျိုးကို နှစ်ခြိုက်ကြပါတယ်။

 

သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့၊ သူ့အသိတွေနဲ့ မသွားလာဖို့၊ အဆက်အသွယ် မလုပ်ဖို့ သင်က ဖိအားပေးမယ်ဆိုရင် သင့်ကို သူတို့စွန့်လွှတ်သွားပါလိမ့်မယ်။

 

 

သင်ဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်နေခြင်း

 

အမေတွေဟာ သားတွေကို သဲသဲလှုပ်ချစ်တာ မထူးဆန်းပါဘူး။ သို့ပေမယ့် သင့်ရဲ့လှုပ်ရှားမှုတိုင်းမှာ သင့်အမေက ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ သူတို့စိတ်အနှောင့်အယှက် ဖြစ်ရပါလိမ့်မယ်။

 

သင့်ဘ၀ကို သင်ထိန်းကျောင်းရတော့မယ့်အရွယ်မှာ သင့်အမေပြောစကားအတိုင်း တစ်သွေမတိမ်း သင်ပြုမူလှုပ်ရှားနေရပြီဆိုရင်တော့ သူမက တတိယနေရာကနေပြီး သင်နဲ့အတူ လက်တွဲသွားဖို့ စဉ်းစားတော့မှာ မဟုတ်ပါဘူး။

 

 

သူမအပေါ် ဂရုမစိုက်ခြင်း

 

ရည်းစားဖြစ်ခါစအချိန်တွေတုန်းကတော့ သင်ဟာ သူမရဲ့အကြိုက်တွေ၊ အလုပ်အကြောင်းတွေ၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုအကြောင်း အားလုံးကို လိုက်မေးမြန်းတတ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။

 

နောက်ပိုင်းမှာ သင်က ဒီလိုလုပ်စရာ မလိုတော့ဘူးဆိုပြီး သူမကို ဘာဆိုဘာမှ မမေးတော့တာမျိုးတွေ ဖြစ်လာတဲ့အခါ သူမစိတ်ထဲမှာ ငါလည်း သူမမေးတဲ့အတွက် ဘာမှမပြောတော့ဘူးလို့ အရာရောက်သွားပါလိမ့်မယ်။

 

ပြဿနာကတော့ အစပိုင်းက စိတ်ဝင်းစားမှုကြီးမားသလို နေပြခဲ့ပြီး နောက်ပိုင်း ဒီလိုအရာတွေ ဆက်လက်မလုပ်ဆောင်တော့တဲ့အခါ သူမကို စိတ်မ၀င်စားသလို ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။

 

ထို့ကြောင့် သူမကလည်း ငါ့ကိုဂရုမှမစိုက်တော့ဘဲ ငါလည်း ငါ့ဘာသာငါ နေနိုင်အောင် လုပ်ရမှာပဲ ဆိုတဲ့ စိတ်ဝင်သွားမှာ စိုးရပါတယ်။

 

 

 

 

Myanmar Wedding Guide

 

 

Wedding banner design 03 1

 

 

 

Read times
Rate this item
(1 Vote)
Tagged under