မိန်းကလေးများ အိမ်ထောင်ပြုဖို့  ဆုံးဖြတ်တော့မယ်ဆိုရင်

မိန်းကလေးများ အိမ်ထောင်ပြုဖို့  ဆုံးဖြတ်တော့မယ်ဆိုရင် google.com

စာတတ်တဲ့ယောက်ျားထက် စာနာစိတ်ရှိတဲ့ယောက်ျားကိုသာရွေးချယ်ပါ

တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာ ကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ ကြည့်မြင်တတ်သူ ဖြစ်နေဖို့ သိပ်လိုအပ်တယ်။

 

ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ

ကိုယ့်ဘဝတစ်သက်တာလုံး အနီးဆုံးမှာရှိနေမဲ့သူဟာကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့စိတ်နဲ့ ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ်။

 

ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာရွေးချယ်ပါ

ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ လက်တွဲထားရမဲ့သူဟာ ကိုယ့်လိုအပ်ချက်တွေကို ငွေနဲ့ ဖြည့်ဆည်းပေးနိုင်ရုံနဲ့ မရဘူး။ ဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာ နှစ်ဦးနှစ်ဖက်အငြိုးကင်းစေတဲ့လက်နက်ဖြစ်တယ်။

 

ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာရွေးချယ်ပါ

လူ့ ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်။ ကိုယ့်အရိပ်အဖြစ် ခိုလှုံနေရသူဟာ ဘယ်လိုအခက်ခဲတွေနဲ့ ကြုံလာပါစေ။ မားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့  အဓိကကျတယ်။

 

ရုပ်ချောသူထက် အသိုင်းအဝိုင်းသန့်ရှင်းသူကိုသာရွေးချယ်ပါ

မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုပေါက်ဖွားလာသူတွေ တစ်ဘဝအတူလက်တွဲပြီး တစ်မိုးအောက်ထဲနေဖို့ဆိုတာ ပတ်ဝန်းကျင်ပါလာသလို နှစ်ဖက်အသိုင်းအဝိုင်းဆိုတာလည်း အိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာ ပါဝင်ပတ်သက်စေပါတယ်။ ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာ ကိုယ်နှုတ်အမူအယာယဉ်ကျေးပြီး မိမိသိက္ခာကိုတန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ။

 

ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ

ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆအမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးမှာ သဘောထားကြီးပြီး နားလည်မှုရှိသူဖြစ်ဖို့ လည်းလိုအပ်ပါတယ်။ တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကို ကျူးလွန်ပြီးသွားရင် ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ကျဆင်းသွားရတာပါပဲ။ အိမ်ထောင်သည်ဘဝရောက်သွားပြီးရင် မိန်းမသားတွေက ယောက်ျားသားတွေထက် မိမိကိုယ်ပိုင်အခွင့်အရေးတွေ၊ထိန်းချုပ်ခံရတာတွေပိုလာသလို၊ မိမိဖြစ်ချင်တဲ့အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။

 

ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့  ဆုံးဖြတ်လိုက်ရင် လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ။ အချိန်ပေးပြီးလေ့လာပါ။ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုသိဖို့  အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး။သတိကြီးကြီးနဲ့ စောင့်ကြည့်ကြည့်လိုက်ပါ။ လူတစ်ယောက်ရဲ့ မနောဆိုတာ မထင်မှတ်တဲ့အရာတွေကနေ အဖြေတွေပေါ်လာတတ်ပါတယ်။ တစ်သက်တာစိတ်ချမ်းသာချင်ရင် လူရွေးမမှားဖို့ အတွက် တခါတရံတော့ မျက်ရည်တွေလည်း ရင်းနှီးလိုက်ပါ ညီမလေး။

 

Credit : Original Writer

Myanmar Wedding Guide

Read times Last modified on Monday, 22 April 2019 18:45
Rate this item
(1 Vote)
Tagged under