(8-3-2020 မှ 14-3-2020အထိ)တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း ...
(8-3-2020 မှ 14-3-2020အထိ)တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း ... google
တနင်္ဂနွေသားသမီး
ပညာရေးကိစ္စသင်တန်းကိစ္စများတွင် အနှောင့်အယှက်အနည်းငယ်ကြုံ ပြီးမှသာ အဆင်ပြေလာပါလိမ့်မည်။
အရှေ့တောင်အရပ်မှ လက်ဆောင်ပစ္စည်းကောင်းရရှိမည် မိမိတွင်ဖြစ်နေသော အခက်အခဲများအတွက် မိတ်ကောင်းဆွေကောင်းများထံမှ အကူအညီကောင်း အထောက်အကူကောင်းများရပါလိမ့်မည်။
ကျန်းမာရေးတွင် ရောဂါအသေးအမွှားလေးတွေ မကြာခဏဖြစ်နေလိမ့်မည်။ငယ်ရွယ်သူများ အချစ်ရေးတွင် မိမိချစ်ရသူထံမှ မိမိမျှော်လင့်ထားသောအဖြေရရှိပါလိမ့်မည်။ထီ၉၇ပါသောထီထိုးပါ။
ယတြာ သွပ်ပြားလေးလက်တစ်ဆစ်ပေါ်တွင် ဗ ဟုရေးပြီးဆောင်ထားပါ ။
တနင်္လာသားသမီး
ထူးခြားသော အိပ်မက်ကောင်းများ မြင်မက်ပါလိမ့်မည် ပုဂ္ဂိုလ်ထူးများနှင့်လည်း အပြင်တွင်ကြုံတွေ့ရပါလိမ့်မည်။ တန်ဖိုးရှိသော ပစ္စည်းများတန်ဖိုးမဖြတ်နိူင်သော လမ်းညွှန်စကားများလည်း ကြားရပါလိမ့်မည်။
မိမိရဲ့အနစ်နာခံကြိုးစားမူများအတွက် ကံကောင်းမူ ရလာဘ်ကောင်းများ ရရှိပါလိမ့်မည်။
ကျန်းမာရေးတွင် ခါးနာခြင်းခါးအောင့်ခြင်း ခံစားရပါမည် ။ငယ်ရွယ်သူများ အချစ်ရေးတွင် မပွင့်မလင်း အုံပုန်းအချစ်ဖြင့်သာ ကျေနပ်နေသေးသည့် ကာလပါ ထီ၃၉ပါသောထီထိုးပါ။
ယတြာ ဂြိုလ်၈ခွင်လုံးတွင် ထီးဖြူတစ်လက်နှင့် အောင်သပြေ၉ညွှန့်စီလှူ ပေးပါ ။
အင်္ဂါသားသမီး
မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ ထက်သူတစ်ပါးကိစ္စတွေအတွက် လိုက်ပါအကူအညီပေးရင်း အချိန်တွေတော်တော်များများ ပေးနေရပါလိမ့်မည်။
နေအိမ်တွင် အလှုအတန်းပြုရမည်။ အနက်ရောင် အသုံးအဆောင်တွေ အကျိူးမပေးတဲ့ကာလပါ အာရုံကြောအားနည်းမည်။
ငယ်ရွယ်သူများအချစ်ရေးတွင်မထင်မှတ်ဘဲ ခိုးရာလိုက်ပြေးရတတ်ပါသည် ။ထီ၇၃ပါသောထီထိုးပါ။
ယတြာ ခေါင်းလောင်း၉ချက်တီး၍လိုရာဆုတောင်းပါ ။
ဗုဒ္ဓဟူးသားသမီး
အပြိုင်အဆိုင်လုပ်ရသည့် လုပ်ငန်းများ အထူးကြိုးစားအောင်မြင်မည် မိမိရဲ့ကိုယ်ပိုင်အစွမ်းအစကို ဖော်ထုတ်ခွင့်ရမည့် ကာလပါ ။
အိမ်အနီးအနားတွင် အလှူအတန်းမင်္ဂလာ အကြီးအကျယ်ပြုလုပ်လိမ့်မည် ။ထိုသို့ပြုပြီးပါက မိမိအိမ်တွင် စီးပွားဥစ္စာ စတင်တိုးလာပါလိမ့်မည်။
သင်တန်းကိစ္စပညာရေးကိစ္စများ အထူးကောင်းမွန်ပြီး အတတ်ပညာအသစ်များကို လေ့လာဆည်းပူးရပါလိမ့်မည်။
ငယ်ရွယ်သူများ အချစ်ရေးတွင် ကားစီးရင်း ဖူးစာဘက်တွေ့ပါမည်။ ကျန်းမာရေးဇက်ကြောများ လေးလံတောင့်တင်းနေလိမ့်မည် ထီ၇၃ပါသောထီထိုးပါ။
ယတြာ လက်ကိုင်ပုဝါထဲတွင်သွပ်ပြားလေးကိုအသည်းပုံညှပ်၍ထည့်ပြီးထုပ်ပါ ။သွားလေရာဆောင်ပါ ။
ကြာသာပတေးသားသမီး
အနုပညာလုပ်ငန်းလုပ်သူများ အထူးအောင်မြင်မူရမည့် ကာလပါ။လုပ်ငန်းအဆက်အသွယ် အချိတ်အဆက်များ ရရှိမည့်ကာလပါ ။
အမူထမ်းဝန်ထမ်းများ လုပ်ငန်းတွင် အစစအရာရာကတ်သီးကတ်သက်နိူင်သော အထက်လူကြီးကြောင့် အလုပ်တွင်စိတ်ညစ်ပြီး အလုပ်ထွက်ချင်စိတ်များ ဖြစ်နေလိမ့်မည်။
ကျန်းမာရေးတွင် အအေးမိဖျားနာဖြစ်တတ်ပါသည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ဈေးဝယ်ရင်း မိမိစိတ်ဝင်စားရမည့်သူနှင့် တွေ့ဆုံရပါလိမ့်မည် ။ထီ၇၅ပါသောထီထိုးပါ။
ယတြာ တနင်္ဂနွေထောင့်နှင့်စနေထောင့်တွင် ယပ်တစ်ချောင်းစီလှုပေးပါ ။
သောကြာသားသမီး
အရေးကြီးကိစ္စများအတွက် စကားပြောဆိုမူများ အောင်မြင်ပါလိမ့်မည် ။အထက်လူကြီးများထံမှလည်း အကူအညီကောင်းများ ရရှိပါလိမ့်မည် ။
စုပေါင်းစပ်ပေါင်းလုပ်ကိုင်ရသော လုပ်ငန်းများအကျိူ းအမြတ်ကြီးကြီးမားမား ရရှိပါမည် ။ဆွေမျိူ းညီအစ်ကိုမောင်နှမ ကျန်းမာရေးအတွက် ငွေကုန်များတတ်သလိုဆေးရုံဆေးခန်း ရောက်ရှိတတ်ပါသည်။
ငယ်ရွယ်သူများ အချစ်ရေးတွင် ဖွင့်ပြောရန်အတွက်ကိုပင် မဝံ့မရဲဖြစ်နေလိမ့်မည်။ ထီ၇၉ပါသောထီထိုးပါ။
ယတြာ ပန်းရောင်အင်္ကျီဝတ်ဆင်၍တနင်္ဂနွေထောင့်တွင်နှင်းဆီပန်းသုံးပွင့်လှူဒါန်းပါလေ ။
စနေသားသမီး
မိမိနှင့်စိတ်ချင်း သဟဇာတမဖြစ်သူများနှင့် လုပ်ငန်းအတူတူ တွဲလုပ်နေရတတ်ပါသည် စိတ်တိုစရာ ဒေါသထွက်စရာကိစ္စတွေ မကြာခဏကြုံနေရပါလိမ့်မည်။
ငွေကြေးကံတော့ အထူးကောင်းနေတတ်ပြီး ငွေအစုအပုံဝင်လာပါလိမ့်မည် ဆုမဲတွေပေါက်တတ်သလို ထီကံလည်း ကောင်းနေတဲ့ကာလပါ။
ကျန်းမာရေးတွင် ကိုယ်လက်လေးလံနေပါလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် မိမိချိန်တာက တစ်ယောက်မိမိကိုပြန်ကြိုက်နေတာက တစ်ယောက်ဖြစ်နေတတ်ပါသည်။ ထီ၇၅ပါသောထီထိုးပါ။
ယတြာ သောကြာထောင့်တွင်သံပုရာသီး၆လုံးလှူ ၍လိုရာဆုတောင်းပါ
ကျော်ဘိုဘိုဟိန်း
Ice cream ရေခဲမုန့်ဆိုင် ၃၆၂ ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်....
တနင်္ဂနွေသားသမီး
တနင်္လာသားသမီး
အင်္ဂါသားသမီး
ဗုဒ္ဓဟူးသားသမီး
ကြာသာပတေးသားသမီး
အမူထမ်းဝန်ထမ်းများ လုပ်ငန်းတွင် အစစအရာရာကတ်သီးကတ်သက်နိုင်သော အထက်လူကြီးကြောင့် အလုပ်တွင်စိတ်ညစ်ပြီး အလုပ်ထွက်ချင်စိတ်များ ဖြစ်နေလိမ့်မည်။
သောကြာသားသမီး
စုပေါင်းစပ်ပေါင်းလုပ်ကိုင်ရသော လုပ်ငန်းများအကျိုးအမြတ်ကြီးကြီးမားမား ရရှိပါမည် ။ဆွေမျိုးညီအစ်ကိုမောင်နှမ ကျန်းမာရေးအတွက် ငွေကုန်များတတ်သလိုဆေးရုံဆေးခန်း ရောက်ရှိတတ်ပါသည်။
စနေသားသမီး
ကျော်ဘိုဘိုဟိန်း
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under