မတ်လအတွင်း ပြောင်းလဲလာမည့် ဗုဒ္ဓဟူးသားသမီးတို့ရဲ့ ကံကြမ္မာ
မတ်လအတွင်း ပြောင်းလဲလာမည့် ဗုဒ္ဓဟူးသားသမီးတို့ရဲ့ ကံကြမ္မာ google
ဗုဒ္ဓဟူးသားသမီးများ ငွေကံလာဘ်ကံရွှင် အဖက်ဖက်ကငွေအလိုလိုဝင်လာမည်။ အခက်အခဲမှန်သမျှ ကျော်လွှား၍ဆောင်ရွက်သမျှ အောင်မြင်မည်။
ရည်ရွယ်ထားသည်များထွန်းပေါက်မည်။သို့သော် ငွေကြေးအကျိုးအမြတ်ရလိုမှုတစ်ခုတည်းကိုသာကြည့်တတ်သောသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်။
အတိတ်နိမိတ်ဆောင်၊ နိမိတ်ကောက် အကြား အိမ်မက်မက်လိမ့်မည်။လက်လွန်ထားသောငွေများရပါမည်။
ပညာရေးကံမြင့်နေပေမဲ့ မိမိအနေနဲ့ ကြိုးစားဖို့တော့ လိုပါသည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ဆွေမျိုးအကြီးအကဲတို့က အကူအညီကောင်းပေးလိမ့်မည်။
စာရွက်စာတမ်းကိစ္စ ၊စာချုပ်ကိစ္စများအတွက်စိတ်ညစ်ရခြင်းများကြုံရတတ်သည်။
စီးပွားရေး သစ်၊သံ၊သွပ်၊ အနုပညာလုပ်ငန်း၊ ရုပ်ရုင်စတူဒီယိုအသစ်များ၊dvd,vcd,ခွေသစ် ဖြန့်ချီခြင်း၊ကျောက်
မျက်ရတနာ၊ ရတနာရောင်းဝယ်ခြင်း၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ အကျိုးပေးမည်။
အိမ်ခြံမြေနှင့် အစုရှယ်ယာဝင်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံထားသူတွေ ကံကောင်းဖို့ ရှိပါတယ်။
အချစ် ရေးကံကောင်းမည်။ ပျိုရွယ်သူများ လက်ထပ်ဖို့ အရင် ကတည်းက ရည်ရွယ်ထားသူများ အိမ်ထောင်ကျမယ်။
မိဘက သင့်တော်သူနဲ့ နေရာချ ပေးတာမျိုးဖြစ်လာတတ်၏။ချစ်သူထံမှ အမှတ်တရလက်ဆောင်တစ်ခု ကြီးကြီးမားမားရတတ်သလိုမိမိကိုစိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြား
ပေါ်လာပြီးဝိုင်းဝိုင်းလည်နေမည်။မင်္ဂလာစကားပြောခြင်း၊နားဖောက်ခြင်းများအလေးပေးဆောင်ရွက်နိုင်ပါတယ်။
ဘုရားဖူးသွားရတတ်သည်။ပျော်ရွှင်မှုရတတ်သည်။တစ်ခုသတိထားရမှာကတော့ မုဆိုးမဧည့်သည် ညအိပ်
လက်ခံမိလျှင် မမျှော်လင့်ဘဲ အမူဖြစ်တတ်ပါတယ်။အထူးသတိထားရမည်ကတော့ အချစ်ရေးနှင့် အိမ်ထောင်
ဘက် ချုပ်ချယ်လွန်းသူ၊ အိမ်ထောင်ဘက်အပေါ်စိုးမိုးလွန်းတာမျိုးရှိခဲ့သူဆိုရင်တော့ ချစ်သူနှင့် အိမ်ထောင် ဘက်ကထွက်ပေါက်ရှာပြီး သာယာမှုနောက်လိုက်သွားတတ်ပါတယ်။
အထူး ဤလတွင် ၄.၁၃.၂၂.၃၁.၉.၁၈.၂၇ ရက် မွေးဖွားသူများကတော့ လုပ်ငန်းစီးပွားတိုးတတ်နေပေမဲ့ လုပ်သလောက်အကျိုးအမြတ်နည်းနေတတ်သည်။
ကိုယ်ပိုင်အလုပ်လုပ်သူတွေအလုပ်ပါးတတ်သလို ဝန်ထမ်းတွေအဖို့အထက်လူကြီးငြိုငြင်တာခံရလိမ့်မည်။မနာလိုသူတွေလုပ်လို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတာတွေကြုံရလိမ့်မယ်။အိမ်ထောင်ရေး တကျက်ကျက်ဖြစ်နေမည်။
ကျန်းမာရေးကတော့ကိုယ်တိုင်က ကျန်းမာရေးကို ဂရုမထားသလိုဖြစ်တတ်ပါတယ်။အနည်းငယ်ကနေ့ အဆိုးဘက် ကျန်းမားရေးဖောက်တတ်သည်။သတိပြုပါ။
ယာဉ်၊ ရွှေ၊ ဝက် အဝယ်၊ အဝင်မကောင်း နောက်ပြိး ရွေ၊ယာဉ်၊ ဝက် အရောင်းအဝယ်းကိစ္စးများ အလုပ်ဖြစ်မယ်လို့နှင့် အဆင်မပြေဖြစ်နေတတ်ပါတဲ့။
သင်ပိုင်သောပစ္စည်းတွေကိုတော့ သတိထားပြီး သိမ်းဆည်းပါ။ သူခိုးခိုးခံရတတ်ပါတယ်။
ဇိမ်ခံပစ္စည်းများ ဒီကာလအတွင်းမဝယ်ပါနှင့်။ကြာသပတေး၊ အင်္ဂါသားသမီးများအကျိုးပေး၏။
၁၃၈၁ခု တပေါင်းလဆန်း ၁၁ရက် ဗုဒ္ဓဟူးနေ့ ရက်ရာဇာမွန်းလွဲ လူ့ပြည်ပြဿဒါး
ယနေ့ နံနက်(၉း၅၀)နာရီလွန် ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ မြေသန့်မင်္ဂလာ၊ နှင့် နံနက်(၈)နာရီအတွင်း အဝီစိ
တွင်းတူးခြင်း၊ နာမည်မှည့်၊ ခရီးသွားခြင်း၊ အချစ်ရေးစကားပြောခြင်းတို့ ကောင်း၏။
၁၃၈၁ခု တပေါင်းလဆုတ် ၃ရက် ဗုဒ္ဓဟူးနေ့ ရက်ရာဇာမွန်းလွဲ လူ့ပြည်ပြဿဒါး ယနေ့ ဘုရားတည်၊ ထီးတင်၊ ဘုရားအနေ့ကဇာတင်၊ ရှင်ပြု၊နားသ၊ စေ့စပ်၊
လက်ထက်၊ ပန္နက်ရိုက်၊ ကျင်းတူး၊ အုတ်မြစ်ချ တိုင်ထူ၊အိမ်ပြောင်း၊ ရေကြောင်းခရီးသွားခြင်း၊ ခွဲစိတ်ကုသခံယူခြင်းတို့ကောင်း၏။
၁၃၈၁ခု တပေါင်းလဆုတ် ၁၀ရက် ဗုဒ္ဓဟူးနေ့ ရက်ရာဇာမွန်းလွဲ လူ့ပြည်ပြဿဒါး ယနေ့ ဘုရားတည်၊ ထီးတင်၊
ရှင်ပြု၊နားသ၊ နာမည်မှည့်၊ ဆိုင်းဘုတ်တင်၊ အလုပ်သစ်လျှောက်ခြင်း၊ ဧည့်ခံပွဲဖွင်လှစ်ခြင်း၊ အချစ်ရေးစကားပြောခြင်း၊ လေကြောင်းခရီသွားခြင်းတို့ကောင်း၏။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ
(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း
(၁၉) ရက်နေ့ ညနေ့ ၆း၅၆ နောက်ပိုင်း
(၂၁) ရက်နေ့ ည ၁ဝး၁၅ နောက်ပိုင်း
ထိုအချိန်ပိုင်းတွေခရီးသွား အထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း
(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း
(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ
(၁၅) ရက်နေ့ ညနေ့ ၆း၁၇ မတိုင်မီ
(၁၉) ရက်နေ့ ညနေ့ ၆း၅၆ မတိုင်မီ
(၂၁) ရက်နေ့ ည ၁ဝး၁၅ မတိုင်မီ
ထိုရက်တွေထိုအချိန်ပိုင်းတွေ့ ခရီးသွားရှောင်သင့်၏။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် မြောက်အရပ်မျက်နှာ
မှုကာ သက်ကယ်ညွန့် ခူးဆောင်ခြင်းနှင့် အစိမ်းရောင်၊ပန်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။
အကျိုးပေးဂဏန်း - (၈.၅.၁.၂)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ -တန်းခိုးကြီးဘုရားမှာ မိမိနေနံဂြိဟ်ဘုရားထောင့်တွင် မြောက်အရပ်မျက်နှာမှုကာ ဆုတောင်ပြည့်ဂါထာရွတ်ပွားပြီး သက်ကယ်ညွန့်(၂၁)ညွန့် ၊ ရွက်လှ(၁၇)ညွန့်ရေတော်(၅)ခွက် နှင့် ရွှေဆိုင်း ကပ်လှူ လိုရာဆုတောင်းပါ။
ဆရာမင်းသူရ ဗေဒင်ယတြာ 09751089826
Gold Shops/Goldsmiths (1829) ဆိုင်များရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...