စုံတွဲတွေကို ပြတ်စဲစေတဲ့ အကြာင်းအရင်းများ…။

စုံတွဲတွေကို ပြတ်စဲစေတဲ့ အကြာင်းအရင်းများ…။ google

ချစ်သူစုံတွဲတွေဟာ အချိန်အကြာကြီး လက်တွဲလာပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက်ကြားက အချစ်နဲ့ပတ်သက်လို့ စစ်မှန်ရဲ့လားဆိုတဲ့ သံသယတွေ ဝင်လာတတ်ပါတယ်။

 

(၁) ရည်မှန်းချက်မတူ၊ တန်ဖိုးထားမှုမတူညီခြင်း

 

ချစ်သူတွေမဖြစ်ခင်က နှစ်ယောက်သား ရည်မှန်းချက်ချင်း မတူညီတာ၊ တန်ဖိုးထားမှုတွေ မတူညီကြတာကို မသိဘဲရှေ့တိုးခဲ့ကြတာမဟုတ်ဘဲ

 

သိသိရက်နဲ့ရှေ့တိုးခဲ့ကြတယ်ဆိုပေမယ့် တွဲတာကြာလာတဲ့အခါ ဒီအချက်က နှစ်ယောက်သားကို တဖြည်းဖြည်းဝေးကွာလာစေပါတယ်။

 

(၂) အပြန်အလှန် လျစ်လျူရှုထားခြင်း

 

ကိုယ်ချစ်တဲ့သူက အရေးကြီးတယ်ဆိုပေမယ့် ချစ်သူကို တစ်ချိန်လုံး ဂရုစိုက်နေဖို့ဆိုတာကျတော့လည်း မဖြစ်နိုင်ဘူးမဟုတ်လား။

 

ဒီအချက်ကိုလည်း အပြန်အလှန် နားလည်မှုရှိဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အလျှော့အတင်းလေးတွေမရှိဘဲ ''နင်တောင် ငါ့ကိုဂရုမစိုက်တာ၊ ငါလည်း နင့်ကို ဂရုမစိုက်ဘူး’’ဆိုတာမျိုးတွေ လုပ်မယ်ဆိုရင် အဆင်မပြေနိုင်တော့ပါဘူး။

 

(၃) အဖြေမထွက်တဲ့ အငြင်းအခုန်များ

 

ချစ်သူတွေဆိုတာကလည်း အတွေးအခေါ်နဲ့ အကျင့်စရိုက် မတူညီတဲ့ လူနှစ်ယောက်ဖြစ်တာကြောင့် အငြင်းပွားကြတာတွေ ရှိကြမှာပါပဲ။

 

ဒါပေမယ့် အဖြေမရှိတဲ့ အရာတွေကို ငြင်းခုန်နေတာက ချစ်သူနှစ်ယောက်ကိုဝေးကွာစေပါတယ်။ ဥပမာ – နှစ်ဖက်မိသားစုနဲ့ပတ်သက်လို့ မပြီးနိုင်မစီးနိုင် ငြင်းခုန်နေကြတာမျိုး၊ ပြီးခဲ့တဲ့ပြဿနာတွေကို ပြန်ပြန်ပြောပြီးငြင်းကြတာမျိုးပေါ့။

 

(၄) အပြန်အလှန်ယုံကြည်မှုလျော့နည်းလာခြင်း

 

ချစ်သူဖြစ်စကလို တစ်ယောက်နဲ့တစ်ယောက် အလွန်အကျွံ သဝန်တိုကြတာမျိုးလည်း မရှိတော့သလို၊ အပြည့်အဝ ယုံကြည်လားဆိုတော့လည်း မယုံကြည်ကြတော့ပါဘူး။

 

တစ်ယောက်အကြောင်းတစ်ယောက်လည်း သိနေကြပြီမို့ ဘယ်လိုစကားပြောရင် ဘယ်အချိုးချိုးတော့မယ်ဆိုတာကိုကောင်းကောင်းသိနေပါပြီ။ ဒါကပဲ နှစ်ယောက်ကြားမှာ ယုံကြည်မှုတွေလျော့နည်းလာပါတယ်။

 

(၅) ပျော်ရွှင်မှုနည်းပါးလာခြင်း

 

ချစ်စခင်စမှာ နှစ်ယောက်သား ကော်ဖီအတူတူသောက်ရတာလည်းပျော်စရာ၊ လမ်းဘေးမှာ မုန့်ထိုင်စားရတာလည်းပျော်စရာ၊ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး

 

လမ်းလျှောက်ရတာလည်း ပျော်စရာ၊ အရာရာပျော်စရာဖြစ်နေတာပါ။ ဒါပေမယ့် ကြာလာတဲ့အခါမှာ အရာအားလုံးက ရိုးလာပြီး ထွေထွေထူးထူးပျော်စရာရယ်လို့မရှိတော့ပါဘူး။ ဒီအချက်ကြောင့်လည်း ချစ်သူနှစ်ဦးက တဖြည်းဖြည်းစိမ်းလာနိုင်ပါတယ်။

 

(၆) ဝင်ရောက်စွက်ဖက်လွန်းခြင်း

 

တွဲတာကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပိုင်နေပြီလို့ထင်လာကြပြီး ကိုယ်ပိုင် space မရှိတော့ဘဲ၊ နေရာတကာဝင်ပါ၊ ဝင်စွက်ဖက်ချင်လာပါတယ်။ ဒါကပဲ တစ်ယောက်ကိုတစ်ယောက် စိတ်ကုန်လာစေတော့တာပါပဲ။

 

Crd-Aunty May

 

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 


 

bu

 


 


 


 

bu1

 


 


 


 

bu2

 


 


 


 

bu4

 


 


 


 

bu5

 


 


 

Crd-Aunty May

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 11 February 2020 15:47
Rate this item
(0 votes)
Tagged under