ချစ်သူကို လက်ထပ်ဖို့ စဉ်းစားတော့မယ်ဆိုရင်

ချစ်သူကို လက်ထပ်ဖို့ စဉ်းစားတော့မယ်ဆိုရင် google.com

အမှန်ကတော့ လက်ထပ်တော့မယ်လို့ စဉ်းစားလိုက်တာနဲ့ အမျိုးသားဖြစ်စေ အမျိုးသမီး ဖြစ်စေ စဉ်းစားသင့်တာက နှလုံးသား နဲ့ပါမက ဦးနှောက်နဲ့ပါ မျှမျှတတစဉ်းစာသင့်ပါတယ်။

လူတစ်ယောက်ကို လက်ထပ်ပါမယ် လို့ကတိမပေးခင်မှာ သူဟာ ကိုယ့်ဘဝရဲ့လက်တွဲဖော်ကောင်း ဖြစ်နိုင်ရဲ့လားဆိုတာ အရင်ဆုံး စဉ်းစားသင့်ပါတယ်။လက်တွဲဖော်ကောင်း တစ်ယောက်”လို့ ဆိုလိုက်တာနဲ့ ပျမ်းမျှအားဖြင့် သူ့မှာအဓိကရှိသင့်တဲ့ အချက်လေးတွေရှိပါတယ်။

အဲဒါတွေကတော့…………

 

 

၁ ။ အချစ်

 

သူဟာ ကိုယ့်ကိုချစ်ရဲ့လား၊ ကိုယ်ကရော သူ့ကိုတကယ်ချစ်ရဲ့လား ဆိုတာပါပဲ ။ အိမ်ထောင်ရေး တစ်ခုမှာ အချစ်မပါရင် လောကဓံကိုရင်ဆိုင်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ဟာ သည်းမခံနိုင်ကြပါဘူး

နားလည်မှုလည်း မပေးနိုင်ကြပါဘူး။ဒါကြောင့် ကိုယ်ကလည်း သူ့ကိုချစ်ဖို့လိုသလို သူကလည်း ကိုယ့်ကို တကယ်ချစ်ဖို့ လိုပါတယ်။

 

 

၂ ။ သစ္စာတရား

 

ချစ်သူဘဝမှာ သူ့ရဲ့သစ္စာတရားကို လုံးဝယုံကြည်စိတ်ချမှု ရရှိရဲ့လား၊ ကိုယ်ရှိနေပါလျှက်နဲ့ တခြားသူတွေနဲ့ အီစီကလီ လုပ်တတ်လားဆိုတာ လေ့လာရပါမယ်။ ကိုယ့်အပြင်မှာ တခြားတစ်ယောက် ရှိနေတယ်ဆိုရင်တော့ ဘယ်လောက်ပဲ ချစ်နေပါစေ ထားပစ်ခဲ့သင့်ပါတယ် ။ချစ်သူဘဝမှာတောင် သစ္စာမရှိနိုင်တဲ့ သူဟာ အိမ်ထောင်သယ်ဘဝမှာ သစ္စာရှိဖို့ဆိုတာ ရာခိုင်နှုန်းအားဖြင့် အတော်ကို နည်းပါတယ်။

 

 

၃ ။ စိတ်နေသဘောထား

 

ကိုယ်လက်ထပ်မယ့် ကိုယ့်ရဲ့ချစ်သူဟာ စိတ်နေသဘောထားကောင်းမွန်သူဟုတ်ရဲ့လားဆိုတာဟာလည်း အဓိက အချက် ၁ချက်ထဲမှာပါဝင်ပါတယ်။မိန်းကလေး ဖြစ်စေ ယောက်ျားလေးဖြစ်စေ ဘယ်လောက်ပြည့်စုံနေတဲ့သူဖြစ်ဖြစ် ဘယ်လောက်ပဲ တော်နေတဲ့သူဖြစ်ဖြစ် စိတ်နေသဘောထား မကောင်းဘူးဆိုရင်လည်း ဘဝကို အေးချမ်းသာယာမှု မပေးနိုင်ပါဘူးး။

 

 

၎ ။ ကျန်းမာရေး

 

သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့ရန်အတွက် ကျန်းမာခြင်းကလည်း အဓိက အချက်တစ်ချက်ပဲ မဟုတ်ပါလားရှင်။ ဒီတော့ ကိုယ်လက်ထပ်မယ့်သူဟာ ကျန်းမာရေး ကောင်းမွန်တဲ့သူ ဟုတ်ရဲ့လားဆိုတာကလည်း သတိပြုသင့်ပါတယ်။

ကျန်းမာရေး မကောင်းရင် ပိုက်ဆံဘယ်လောက်ချမ်းသာနေပါစေ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းမှသာ သာယာပျော်ရွှင်တဲ့မိသားစု ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အခြားသော အကြောင်းအရာတွေ များစွာရှိနေသေးသော်လည်း အဓိကအားဖြင့် အထက်ပါ အချက်၎ချက်နဲ့ကိုက်ညီတယ်ဆိုရင်ပဲ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်ရှိပါတယ်။တခြားသောအရာတွေဟာ နားလည်ပေးလို့ ရနိုင်ကောင်းရနိုင်ပေမယ့် ဒီ၎ချက်ကတော့ နားလည်ပေးလို့မရနိုင်တဲ့အချက်တွေ မဟုတ်ပါလား။

 

ဒါကြောင့် ခုလောက်ဆိုရင်တော့ ကိုယ်လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ကိုယ့်ချစ်သူဟာ ဘဝမှာ လက်တွဲဖော်ကောင်း တစ်ယောက် ဖြစ်လာနိုင် မလာနိုင်ဆိုတာ စာဖတ်ပရိတ်သတ်တွေအနေနဲ့ စဉ်းစားလို့ရလောက်ပြီလို့ ထင်ပါတယ်နော်။

‌‌ကဲ…… အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျပြီး ပျော်ရွှင်တဲ့ဘဝကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

 

Credit;ဆရာမ ကြာညိုသွယ်

Read times Last modified on Wednesday, 19 September 2018 09:57
Rate this item
(1 Vote)