ယောက်ျားလေးသဝန်တိုရင်လုပ်တတ်တဲ့အချက်များ

ယောက်ျားလေးသဝန်တိုရင်လုပ်တတ်တဲ့အချက်များ google.com

မိန်းကလေးများအပေါ်ယောက်ျားလေးတွေသ၀န်တိုလာရင်မိန်းကလေးတွေလိုပွင့်ပွင့်လင်းလင်းထုတ်မပြောပြတတ်ပါဘူး။

 

ယင်းအခြေအနေမျိုးကို မိန်းကလေးဘက်ကမသိတတ်နားမလည်တတ်ရင်တော့ ပြဿနာဟာမဖြေရှင်းတတ်ဖြစ်နေပါလိမ့်မယ်။

 

 

ဂရုမစိုက်ခြင်း

 

ယောက်ျားလေးတွေက သ၀န်တိုရင် စကားပြောနေရင်းနဲ့ ချက်ချင်းဆိုသလိုဂရုမစိုက်သလိုလုပ်တတ်ကြပါလိမ့်မယ်။ မိန်းကလေးဘက်က ယောက်ျားလေးသူငယ်ချင်းတွေအကြောင်းပါရင် သူ့ဘက်ကမနေထိမထိုင်သာဖြစ်ပြီး ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ဘာကိုမှမပြောတော့ပါဘူး။

 

 

အဆက်အသွယ်ဖြတ်ခြင်း

 

သဝန်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာတစ်ခုခုကိုဆုံးရှုံးမှုခံရနိုင်တာဖြစ်ပါတယ်။ ဒီလိုပြဿနာကို ကိုင်တွယ်ဖို့ဆိုရင်သဝန်တိုမှုဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဆီ သင့်ကိုခေါ်မသွားတော့ပါဘူး။

 

 

ဂရုစိုက်ခြင်း

 

ယောက်ျားလေးတွေဘက်က ဂရုစိုက်တာကို မိန်းကလေးတိုင်းက နှစ်သက်ကြပါတယ်။ သူဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိနေလဲဆိုတာတွေကို ဂရုစိုက်လာတာတွေ့ပါလိမ့်မယ်။

 

 

အပြစ်မြင်ခြင်း

 

သဝန်တိုတဲ့အခါ သင့်ကို အပြစ်တွေမြင်လာပါလိမ့်မယ်။ ဘာမှမဟုတ်ပေမယ့်လည်း သင့်ကိုအပြစ်မြင်တတ်ပါတယ်။ အပြစ်မြင်ရမယ့်ကိစ္စဆိုလိုတာထက်ပိုပြီး ပြောဆိုတာတွေလုပ်တတ်ပါလိမ့်မယ်။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:49
Rate this item
(1 Vote)