အမျိုးသမီးလေးတွေအတွက် ယောက္ခမချစ်နိုင်မယ့် နည်းလေးတွေ

အမျိုးသမီးလေးတွေအတွက် ယောက္ခမချစ်နိုင်မယ့် နည်းလေးတွေ google.com

အိမ်ထောင်ရှင်မလေးတို့ရေ ယောက္ခမက အသည်းခိုက်အောင် ချစ်တဲ့ချွေးမလေးဖြစ်ဖို့ ဘယ်လိုလေးတွေ လုပ်ဆောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

ယောက္ခမလို့ ကြားလိုက်တာနဲ့ ကိုယ့်ကိုတောက်လျှောက်အပြစ်ရှာပြီး တဗျစ်ဗျစ်တောက်တောက် အန်တီကြီးတစ်ယောက်ကို မြင်နေမိပြီမဟုတ်လား။ ယောက္ခမနဲ့ချွေးမ တည့်ကြတယ်ဆိုတာလည်း ခပ်ရှားရှားပါ။ ယောက္ခမနဲ့ ချွေးမဆိုတာ တစ်ယောက်တည်းကို အတူတူ ချစ်ကြတဲ့သူတွေပါ။ ဒါကြောင့် မတည့်ကြတာပါနော်။ ဒါပေမယ့်လည်း ယောက္ခမဆိုတာ ကိုယ့်ခင်ပွန်းရဲ့ မေမေပဲမလားနော်။ ဒီတော့ ပတ်သက်ဆက်နွယ်မှုတွေက ရှိနေမှာပါပဲ။ ဒါကြောင့် ယောက္ခမက ကိုယ့်ကိုချစ်နေဖို့ လိုပါတယ်။ ဒါမှလည်း အိမ်ထောင်ရေးမှာ မိသားစုဝင်တွေကြောင့် စိတ်ညစ်ရတာမျိုး မဖြစ်မှာပါ။ ယောက္ခမချစ်နိုင်မယ့် နည်းလေးတွေ ပြောပြမယ်နော်။

 

ယောက္ခမနဲ့ ရင်းနှီးပါ

 

ယောက္ခမနဲ့ ခပ်တန်းတန်းပဲ နေမယ်ဆိုတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ်က ယောက္ခမနဲ့ ရင်းရင်းနှီးနှီးနေမှသာ ယောက္ခမကလည်း ကိုယ့်ကို ရင်းနှီးမှာပါနော်။ ယောက္ခမနဲ့ အတူတူ အပြင်ထွက်တာ၊ ဈေးဝယ်ထွက်တာမျိုး လုပ်ပါ။ ယောက္ခမအတွက် စဉ်းစားပေးတာမျိုး လုပ်ပါ။ ယောက္ခမအတွက် အမှတ်တရပစ္စည်းလေးတွေ ဝယ်ပေးပါ။ မွေးနေ့ဆိုရင်လည်း သတိတရလေး ကျင်းပပေးတာမျိုးပေါ့။ ကိုယ့်ဘက်က အရင်ဆုံး မေတ္တာထားပါ။

 

ယောက္ခမကို အချိန်ပေးပါ

 

အိမ်ထောင်ရှင်မလေးတို့ရေ အလုပ်ပိတ်ရက်မှာ ကိုယ့်ခင်ပွန်းကို အချိန်ပေးသလိုမျိုးဘဲ ယောက္ခမကိုလည်း အချိန်ပေးပါ။ ကိုယ်တွေလင်မယားချည်းပဲ အပြင်ထွက်တာမျိုးလည်း လုပ်သင့်သလို ယောက္ခမနဲ့အတူတူ အပြင်ထွက်တာမျိုးလည်း လုပ်ပါ။ သုံးယောက်အတူတူ ရုပ်ရှင်ကြည့်တာမျိုး၊ ဈေးအတူတူ ထွက်ဝယ်တာမျိုး ဒါမှမဟုတ် ဘုရားအတူတူ သွားတာမျိုးလေးတွေ လုပ်ပါ။ ယောက္ခမက ကိုယ့်အပေါ်ချစ်လာမှာ သေချာပါတယ်။

 

ယောက္ခမရဲ့ အလုပ်တွေကို ကူလုပ်ပါ

 

ယောက္ခမက အပြင်အလုပ် ဒါမှမဟုတ် အိမ်မှုကိစ္စတွေကို တာဝန်ယူထားတယ်ဆိုရင် သူ့အလုပ်မှာ ဝင်ကူညီပါ။ အိမ်မှုကိစ္စတွေမှာဆိုရင်လည်း ကူလုပ်ပါ။ သူ့ကိုနားခိုင်းပြီး ကိုယ်က ဟင်းချက်တာမျိုး၊ ဈေးသွားဝယ်ပေးထားတာမျိုးလေးတွေ ကူလုပ်ပါ။ အပြင်စီးပွားရေးဆိုလည်း နိုင်သလောက်လေး ကူညီပါ။

 

ယောက္ခမကို မကောင်းမပြောပါနဲ့

 

ဒီအချက်က အဓိက ကျပါတယ်နော်။ ယောက္ခမနဲ့ အဆင်ပြေနေစေဖို့ဆိုရင် ယောက္ခမကို မကောင်းမြင်တာ၊ အကောင်းမပြောတာတွေ လျှော့ချလိုက်ပါ။ ချစ်ပြပါ။ အကောင်းမြင်ပေးပါ။ ယောက္ခမ မကောင်းကြောင်း မပြောဘူးဆိုရင်တော့ အချစ်ခံရတဲ့ ချွေးမလေး ဖြစ်နေပါပြီနော်။

 

အိမ်ထောင်ရှင်မလေးတို့ရေ ယောက္ခမက အသည်းခိုက်အောင်ချစ်တဲ့ ချွေးမလေးဖြစ်ဖို့ အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေနဲ့ ယောက္ခမကြီးရဲ့ နှလုံးသားကို သိမ်းပိုက်ကြည့်ပါနော်။

 

 

Credit;Marry

Read times Last modified on Wednesday, 17 October 2018 14:20
Rate this item
(1 Vote)