ကိုယ့်ချစ်သူနဲ့အတိတ်ဘ၀ကရေစက်ပါမပါသိချင်ပါသလား

ကိုယ့်ချစ်သူနဲ့အတိတ်ဘ၀ကရေစက်ပါမပါသိချင်ပါသလား google.com

မြန်မာလူမျိုးတွေက အတိတ်ဘ၀ကရှေးရေစက်ကြောင့် တစ်ဦးနဲ့တစ်ဦး ပြန်လည်ဆုံတွေ့ရတယ်တို့ ဖူးစာဆုံရတယ်တို့ ယုံကြည်ကြပါတယ်။

ရေစက်သာပါလာခဲ့ရင် အကြောင်းအမျိုးမျိုးကြောင့် ဆုံတွေ့ရတတ်သလို ရေစက်မပါရင်လည်း ကြံဖန်ပြီးလွဲတတ်ကြပါတယ်။ မြင်မြင်ချင်းအချစ်ဆိုတာလည်း ရှေးဘ၀ရေစက်ကြောင့်လို့ ယုံကြည်လို့ရပါတယ်။ ကိုယ့်ချစ်သူနဲ့အတိတ်ဘ၀က ရေစက်ပါလာသလားဆိုတာ သိချင်တယ်ဆိုရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါနော်။

 

မြင်မြင်ချင်းရင်းနှီးနေသလိုခံစားရတယ

သူနဲ့ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အရင်ကမြင်ဖူးသလိုလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးကို ရလိုက်သလိုပါ။ မြင်မြင်ချင်းအချစ်မဟုတ်ဘူးဆိုရင်တောင် သံယောဇဉ်တွယ်ပြီး စိတ်ခံစားချက်တွေဖြစ်ပေါ်လာတာမျိုးပါ။ သေချာတာတစ်ခုက ရှေးရေစက်ဆိုရင်တော့ ဘယ်တော့မှတစ်ဖက်သတ်အချစ်မျိုးမဖြစ်ပါဘူး။

 

ကြံဖန်ပြီးဆုံတတ်တယ

အကြောင်းရင်းမတိုက်ဆိုင်ဘဲ လမ်းသွားရင်းတည့်တည့်ကိုတိုးတတ်ပါတယ်။ ဒီလိုဆုံတွေ့မှုမျိုးဟာလည်း တစ်ခါနှစ်ခါ မဟုတ်ဘဲ ခဏခဏတွေ့လွန်းလို့ တိုက်ဆိုင်လွန်းတာကိုတောင် သံသယဖြစ်ရပါလိမ့်မယ်။ ဒါဟာလည်းသင်တို့နှစ်ဦးရဲ့အတိတ်ဘ၀က ရေစက်ကြောင့်လို့ပြောလို့ရပါတယ်။

 

စိတ်ချင်းဆက်နေသလိုခံစားရတယ်

ချစ်သူတွေဖြစ်သွားတဲ့အခါ တွေ့ကြုံရမယ့် အခြေအနေပါ။ ကိုယ်ကသူ့ကိုသတိရလို့ဖုန်းဆက်ဖို့ဖုန်းကောက်ကိုင်လိုက်တဲ့အခါမျိုးမှာ သူ့ဖုန်းဝင်လာတာ၊ သူ့ဆီမက်ဆေ့ခ်ျပို့ဖို့ စာရိုက်နေတုန်းမှာ သူ့မက်ဆေ့ခ်ျကိုယ့်ဆီဝင်လာတာ၊ ကိုယ်စားချင်နေတဲ့အစားအစာမျိုးကို သူ့ကိုမပြောပါဘဲနဲ့ သူက၀ယ်လာတာမျိုးတွေဟာ တကယ်ချစ်ကြတဲ့စုံတွဲတွေကြားထဲမှာပဲဖြစ်တတ်တဲ့ တိုက်ဆိုင်မှုလေးတွေပါ။

 

အမြင်တွေတူနေတတ်တယ်

ပြဿနာတစ်ခုဖြစ်လာတာပဲဖြစ်ဖြစ်၊ ကိစ္စတစ်ခုခုကိုဖြေရှင်းတာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးရဲ့အမြင်တွေ၊ အယူအဆတွေ တူညီနေတတ်တာမျိုးပါ။ ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ ဆုံးဖြတ်ချက်တွေတူညီနေတာမျိုးတွေကလည်း ဖူးစာဖက်ချစ်သူနှစ်ဦးကြားက တူညီမှုလေးတွေပါပဲ။

 

Read More: မာနကြီးတဲ့မိန်းကလေးတွေရဲ့အချစ်ရေး
beautiful arrogant woman making warning or rejection gesture with a finger svjt2wrze thumbnail full01

 

Source – B.Trix (Love Shop)

Read times Last modified on Wednesday, 19 September 2018 10:49
Rate this item
(1 Vote)