Relationship တစ်ခု ရေရှည်တည်မြဲဖို့ ဆိုတာ

Relationship တစ်ခု ရေရှည်တည်မြဲဖို့ ဆိုတာ google

Relationship တစ်ခုကို စပြီး အခြေတည်ဖို့ လွယ်ကူတယ် ဆိုပေမယ့် ရေရှည်မှာ တည်တံ့ခိုင်မြဲတဲ့ Relationship တစ်ခု ဖြစ်ဖို့ကတော့ လွယ်ကူလွန်းလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

 

 

ရေရှည်တည်မြဲတဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ချစ်သူနှစ်ဦး ရင်ထဲက အချစ်စိတ်တွေ အပြင် ဘာတွေထပ်ပြီး ရှိဖို့ လိုအပ်သေးသလဲ.....

 

ချစ်သူဘဝကို စတင်လျှောက်လှမ်းချိန်ကစပြီး နှစ်ယောက်တစ်ဘဝ တည်ထောင်ချိန် တစ်လျှောက်လုံးမှာ ပြဿနာ သေးသေးမွှားမွှားလေးကစလို့ ဘဝနဲ့ ဆိုင်တဲ့ ပြဿနာကြီးတွေ အထိ ရင်ဆိုင်ရမှာပါ။ အဲ့လိုရင်ဆိုင်နေရချိန်မှာ ကိုယ်က ကိုယ့်ချစ်သူအတွက် ရှေ့ကကာကွယ်ပေးမယ့် ခံတပ်ကောင်း ဖြစ်ပေးဖို့ လိုသလို နောက်ကနေ ကျောထောက်နောက်ခံ ဖြစ်ပေးမယ့် တံတိုင်း တစ်ခုလည်း ဖြစ်ပေးဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်ရှိနေခြင်းဟာ ချစ်သူအတွက် အကောင်းဆုံး အားအင်တစ်ခု ဖြစ်နေဖို့ လိုတာပါ။

 

အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ အဆိုးဆုံး အခြေအနေတွေကိုလည်း ကြုံရနိုင်ပါတယ်။ ကံကြမ္မာဆိုးနဲ့ အခြေအနေဆိုးတွေကို ကြုံရတဲ့ အချိန်မှာလည်း သူ့ဘက်မှာ ရပ်တည်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ အခြေအနေဆိုးတွေက သူ့အမှားကြောင့် ကြုံရတယ်ဆိုရင်တောင် သူ့ကို အပြစ်တင်တာထက် အမှားကို သေချာဆန်းစစ်ပြီး ဘယ်လို ပြုပြင်သင့်သလဲဆိုတာ အကြံပေးသင့်ပါတယ်။ အကြံပေးတဲ့ အခါမှာလည်း ဆရာလုပ်ပြီးပြောတာ၊ သူ့အမှားပေါ်နင်းပြီးပြောမျိုး မလုပ်သင့်ပါဘူး။ သူ့အမှားမျိုး ငါလည်းမှားနိုင်တာပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ မျှဝေခံစားပေးပြီး ပြောဖို့ လိုအပ်ပါတယ်။ ဒီအမူအကျင့်လေးတွေက လူနှစ်ဦးရဲ့ ပတ်သက် ဆက်နွယ်မှုမှာ အချစ်ဆိုတာထက် ပိုပြီး အရေးကြီးတဲ့ ရိုင်းပင်းစိတ် ဖြစ်ပါတယ်။

 

 

Credit;Marry

Read times Last modified on Wednesday, 09 January 2019 09:55
Rate this item
(0 votes)