သတို့သမီးလေးတို့အတွက် နှင်းဆီလက်ကိုင်ပန်း အရောင်လေးတွေရဲ့ အဓိပ္ပါယ်

သတို့သမီးလေးတို့အတွက် နှင်းဆီလက်ကိုင်ပန်း အရောင်လေးတွေရဲ့ အဓိပ္ပါယ် google.com

အခမ်းနားဆုံးမင်္ဂလာပွဲမှာ နှင်းဆီပန်းလက်ကိုင်ပန်းကိုင်မယ့် သတို့သမီးလေးတို့အတွက် နှင်းဆီပန်းအရောင်ရဲ့ အဓိပ္ပါယ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

 

သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်ပွဲမှာ လက်ကိုင်ပန်းကို ဘယ်လိုအရောင်လေး ကိုင်မယ်စိတ်ကူးထားကြလဲ။ လက်ကိုင်ပန်းအဖြစ် ကိုင်မယ့် နှင်းဆီပန်းလေးတွေရဲ့ အရောင်တစ်ရောင်ချင်းဆီမှာ အဓိပ္ပါယ်လေးတွေ ရှိပါတယ်။ နှင်းဆီပန်းလက်ကိုင်ပန်းကိုင်မယ့် သတို့သမီးလေးတို့အတွက် နှင်းဆီပန်းအရောင်ရဲ့ အဓိပ္ပါယ်လေးတွေ ဖော်ပြလိုက်ပါတယ်။ ဒီလိုလေး သိထားမယ်ဆိုရင် မင်္ဂလာပွဲနေ့မှာ သတို့သမီးလေးတို့ နှင်းဆီလက်ကိုင်ပန်းလေး ကိုင်ပြီး ကြည်နူးမှုတွေ ရရှိနိုင်မှာပါနော်။

 

 

အဝါရောင်

 

နှင်းဆီအဝါရောင်ပါဝင်တဲ့ လက်ကိုင်ပန်းစည်းလေးကတော့ တသက်တာလုံး အချစ်တွေထုံးလွှမ်းနေပြီး တစ်ယောက်နဲ့တစ်ယောက် သဝန်တိုစိတ်တွေနဲ့ အချစ်တွေပွားများပြီး ကြင်နာဂရုစိုက်မှုတွေ အမြဲရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်ပါနော်။

 

 

အဝါစိမ်းနု

 

အဝါမှာမှ အစိမ်းရောင်ဘက်ရောက်တဲ့ နှင်းဆီပန်းအရောင်လေးကတော့ ကိုယ့်ရဲ့အချစ်တွေ တည်မြဲကြောင်းနဲ့ သူ့ကို တသက်တာချစ်နေမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ကိုယ့်အချစ်တွေကို လက်ကိုင်ပန်းစည်းလေးနဲ့ ထုတ်ဖော်ပြသတဲ့ အဓိပ္ပါယ်ပါပဲ။

 

 

အနီရောင်

 

လက်ကိုင်ပန်းစည်း အနီရောင်နှင်းဆီပန်းလေးကတော့ သတို့သမီးလေးတို့အတွက် အချစ်တွေထာဝရရှင်သန်နေမယ့် သဘောပါ။ နောက်တစ်ခုကတော့ အချစ်မှာ ရဲရင့်ခြင်း၊ ဘယ်တော့မှ မညှိုးနွမ်းတဲ့ တောက်ပခြင်းတွေ ရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ် ဆောင်ပါတယ်။

 

 

အဖြူရောင်

 

လက်ကိုင်ပန်းကို အဖြူရောင် နှင်းဆီပန်းလေး ကိုင်ဆောင်မယ်ဆိုရင်တော့ ဖြူစင်ခြင်း အဓိပ္ပါယ်ဆောင်ပါတယ်။ နောက်ထပ် အဓိပ္ပါယ်တစ်ခုကတော့ သစ္စာရှိခြင်းပါ။ အဖြူရောင် နှင်းဆီပန်းကတော့ သတို့သမီးလေးတို့ ဘယ်လိုဝတ်စုံအရောင်နဲ့မဆို လိုက်ဖက်တာမို့ သတို့သမီးလေးတို့ အရွေးများပါတယ်။

 

 

ပန်းရောင်

 

နှင်းဆီပန်း ပန်းရောင်ကတော့ နုပျိုပြီးလန်းဆန်းတဲ့ အချစ်တွေနဲ့ အမြဲတမ်းချစ်နေမယ်လို့ ဆိုလိုတာပါ။ ပန်းရောင်နှင်းဆီရဲ့ ရနံ့လေးဟာလည်း ပွဲလာတဲ့ဧည့်ပရိသတ်အပေါင်းကို မွေးပျံ့တဲ့ရနံ့တွေ ရရှိစေမှာပါ။

 

 

အရောအစပ်

 

တချို့သတို့သမီးလေးတွေကလည်း နှင်းဆီပန်းကို တခြားပန်းလေးတွေနဲ့ ရောစပ်ပြီး လက်ကိုင်ပန်းအဖြစ် ကိုင်ဆောင်တာမျိုး ရှိပါတယ်။ သတို့သမီးလေးတို့ နှင်းဆီပန်းကို တခြားပန်းလေးတွေနဲ့ ရောစပ်ပြီး ကိုင်မယ်ဆိုရင်လည်း နှင်းဆီပန်းရဲ့ အနက်အဓိပ္ပါယ်တွေက မပြောင်းလဲတာမို့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတဲ့ ရည်ရွယ်ချက်လေးတွေက တူညီနေဦးမှာပါပဲ။ ဒါကြောင့် လက်ကိုင်ပန်းမှာ အရောအစပ်စည်းလို့ ရပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Tuesday, 09 October 2018 16:44
Rate this item
(1 Vote)