ခမ်းနားလှပတဲ့သတို့သမီးဝတ်စုံလေးတွေကိုဖန်တီးပေးနေသူဒီဇိုင်နာ မအေးသီရိထွန်း
ခမ်းနားလှပတဲ့သတို့သမီးဝတ်စုံလေးတွေကိုဖန်တီးပေးနေသူဒီဇိုင်နာ မအေးသီရိထွန်း facebook
ဒီတစ်ခေါက်မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်သတို့သမီးဝတ်စုံလေးတွေကိုဖန်တီးပေးနေသူအမျိုးသမီးဒီဇိုင်နာတစ်ဦးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
သူမကတော့ ဒီဇိုင်နာ မအေးသီရိထွန်းပဲဖြစ်ပါတယ်။ မအေးသီရိထွန်းဟာဒီဇိုင်နာလောကထဲကို ၂၀၀၄ခုနှစ်ကတည်းကစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး
မြန်မာသတို့သမီးဝတ်စုံတွေဖန်တီးချုပ်တဲ့ အခါမှာ မြန်မာမှုလည်းပျောက်မသွားစေဘဲ ခေတ်မီဆန်းသစ်ကာသေသပ်လှပလွန်းတာကြောင့် Coustomer တွေဆီကနေ feedback
ကောင်းတွေရရှိထားတဲ့ ဒီဇိုင်နာတစ်ဦးလည်းဖြစ်ပါတယ်။ “ ၂၀၂၀ မှာ အရောင်ငြိမ်ငြိမ်လေးတွေနဲ့ elegantဖြစ်တဲ့ ဒီဇိုင်းလေးတွေကပိုခေတ်စားမယ်လို့သူမကသုံးသပ်ထားပါတယ်။
ဒါ့အပြင် ဒီဇိုင်နာပညာကို ဝါသနာပါပြီး ဒီဇိုင်နာလောကထဲကို ဝင်ရောက်လာမယ့် တက်သစ်စလူငယ်လေးတွေအတွက် “ ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်အလုပ်ကိုတန်ဖိုးထားပါ။ ချစ်ပါ။
ပြီးတော့ကိုယ့်အလုပ်ကိုတိတိကျကျလုပ်ဖို့လိုအပ်ပါတယ်။ဒီနေ့ခေတ်မှာဆိုရင် ဒီဇိုင်နာသင်တန်းတွေကအရမ်းများလာတဲ့အပေါ်မှာလည်းရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။
သင်တန်းတိုင်းကတော့သူ့အထိုက်အလျောက်ကောင်းပါတယ်။ဒါ့ပြင် သင်ယူသူအနေနဲ့လည်း အာရုံစိုက်ပြီးတစိုက်မတ်မတ်လေ့လာနိုင်မှသာဒီဇိုင်နာလောကထဲကိုဝင်ပါ။
တစ်ဝက်တစ်ပျက်နဲ့အရှုံးပေးမယ်ဆိုရင်အစကတည်းမလုပ်ပါနဲ့လို့အကြံပေးချင်ပါတယ်"လို့မအေးသီရိထွန်းကသူမရဲ့အတွေ့အကြုံတွေနဲ့အကြံပေးချက်တွေကိုတက်သစ်စလူငယ်တွေအတွက်ပြောကြားပေးခဲ့ပါတယ်။
Address : အမှတ်-၆၄၂ ၊ စစ်ကိုင်းလမ်း ၊ တောင်ဥက္ကလာပ မြို့နယ် ၊ ရန်ကုန်မြို့။
Phone : 09420113086
Zawgyi ဖြင့်ဖတ်ရန်...
aye4
aye2
aye6
aye3
aye5
Phone : 09420113086
Myanmar Wedding Guide
jjjj
Read times Last modified on Monday, 03 February 2020 16:41
Rate this item
(0 votes)
Tagged under