သူနဲ့ လမ်းခွဲပြီးပြီဆိုရင် …. (၂)

သူနဲ့ လမ်းခွဲပြီးပြီဆိုရင် …. (၂)

အရာရာအတွက် အဆင်သင့်ပြင်ထားပါ။ ဒီအချစ်ရေးမပြေလည်လို့ နောက်အချစ်တစ်ခု

မလိုချင်တော့ဘူးလို့ မခံယူလိုက်ပါနဲ့။

 

အချစ်တစ်ခုဖြစ်လာဖို့ အခြေအနေ ပေးလာရင်လည်း ခါးခါးသီးသီး မငြင်းဆိုလိုက်ပါနဲ့။

 

မမျှော်လင့်ထားတာအမြဲ ဖြစ်လာတတ်တဲ့ လောကကြီးမို့ အရာရာအတွက် အဆင်သင့်ပြင်ဆင်ထားသင့်ပါတယ်။

 

အရာအားလုံးကို မေ့ပျောက်ပစ်လိုက်ပါ။ အတိတ်က အတိတ်မှာ ထားခဲ့တာအကောင်းဆုံးပဲ ဖြစ်ပါတယ်။

 

လက်ရှိဘဝမှာ ပျော်ပျော်ကြီးဖြတ်သန်းနိုင်ပါတယ်။

 

အချစ်ထက် အရေးကြီးတာ အများကြီးရှိသလို သူ့ထက်အရေးကြီးတာ တွေလည်း ရှိပါတယ်။

 

တချိန်က ရူးမတတ်ချစ်ခဲ့ကြပေမယ့် အခုချိန်မှာ မဆိုင်တော့တဲ့ လူတစ်ယောက် ဖြစ်သွားတဲ့အတွက်ကြောင့် သူ့အတွက် လွမ်းဆွေးတမ်းတစရာလဲ မလိုတော့ပါဘူး။

 

မေ့နိုင်အောင်ကြိုးစားသင့်ပါတယ်။ မေ့နိုင်အောင် ကြိုးစားဖို့အတွက် စာတွေဖတ်မယ် ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေလုပ်မယ် ကိုယ့်ကိုမလိုအပ်တဲ့လူကို တမ်းတလွမ်းဆွေးနေရင်လည်း အကျိုးမရှိတော့ပါဘူး။

Read times Last modified on Wednesday, 19 September 2018 14:44
Rate this item
(1 Vote)