15.12.2019 မှ 21.12.2019 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း...
15.12.2019 မှ 21.12.2019 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း... google
တနင်္ဂနွေသားသမီး
ရပ်ဝေးခရီးကိစ္စ နိူင်ငံရပ်ခြားကိစ္စများ စီစဉ်ထားပါက အောင်မြင်ပါလိမ့်မည်။ယခုကာလမှာ လှုပ်ရှားသွားလာမူတွေ ပိုများနေပါလိမ့်မည်။ကျန်းမာရေးမှာ ခေါင်းမူး ခေါင်းနောက် ဝေဒနာခံစားရတတ်ပါသည်။
ငယ်ရွယ်သူများ အချစ်ရေးတွင် အနေနီးစပ်သူနှင့် ချစ်သူရည်းစား ဖြစ်ပါလိမ့်မည်။ထီ၃၀ပါသောထီထိုးပါ။
ယတြာ စနေထောင့်တွင်နှင်းဆီပန်း၁၀ပွင့်လှုပေးပါ။
တနင်္လာသားသမီး
သင်တန်းတက်ရခြင်း၊ပညာရပ်တစ်ခုခုကို လေ့လာရခြင်း၊သုတေသနပြုရခြင်း များပြုလုပ်ရပါမည်။ခရီးအနီးထွက်ရမည်။ကောင်းသောခရီးပါ အရောင်းအဝယ်ကိစ္စတွေလည်း ထင်ထားတာထက်ပိုပြီး အကျိူးအမြတ်ရရှိပါလိမ့်မည်။
ကျန်းမာရေးတွင် အဆစ်အမြစ်များနာခြင်း၊ဇက်ကြော မကြာခဏတက်ခြင်းများ ဖြစ်နေတတ်ပါသည်။ချစ်သူရည်းစားမရှိသေးသူများ ချစ်သူရရှိမည်ကာလပါ။ထီ၂၀ပါသောထီကိုထိုးပါ။
ယတြာ လူသွားလမ်းပေါ်ဆန်ကြဲပေးပါ.။
အင်္ဂါသားသမီး
အလိုလိုနေရင်း စိတ်တွေရှုပ်ထွေးနေပါလိမ့်မည်။မိမိရဲ့အတွင်းဒေါသက မမျှော်လင့်ဘဲ ထိန်းမနိူင်သိမ်းမနိူင် ပေါက်ကွဲတတ်လို့အထူးသတိထားရမည့် ကာလပါ။
ဘာမဟုတ်တဲ့ကိစ္စလေးကနေ စကားများရန်ဖြစ်တဲ့အထိဖြစ်သွားတတ်ပါတယ်။ကျန်းမာရေးတွင် အာရုံကြောအားနည်း၍ မကြာခဏ သတိမေ့နေတတ်ပါသည်။
အိမ်ထောင်မရှိသေးသူများ ရုတ်တရက် အိမ်ထောင်ကျကိန်း ရှိသည်။ထီ ၅၀ပါသော ထီကိုထိုးပါ။
ယတြာ ရာဟုထောင့် စနေထောင့်နှင့် အင်္ဂါထောင့်တို့တွင်ရေသက်စေ့လောင်းလှုပေးပါ။
ဗုဒ္ဓဟူးသားသမီး
စက်ပစ္စည်းတွေ မကြာခဏပျက်လို့စိတ်ညစ်နေရလိမ့်မည်။အင်္ဂါသားသမီး ညအိပ်လက်မခံသင့်ပါ။ကျန်းမာရေးတွင် ဒူးအဆစ်အမြစ်နာခြင်း မလှုပ်ချင်မကိုင်ချင်ဖြစ်နေလိမ့်မည်။
ငယ်ရွယ်သူများ သူငယ်ချင်းအရင်းဖြစ်သူမှ ချစ်ရေးဆိုရင်ဖွင့်ခြင်း ခံရပါမည်ထီ၅၄ပါသောထီထိုးပါ။
ယတြာ လူသွားလမ်းချိူင့်များကိုအုတ်ကျိူးခင်းဖို့ပေးပါ။
ကြာသာပတေးသားသမီး
အလိုလိုနေရင်း စိတ်ရှုပ်စိတ်နောက်ဖြစ်နေလိမ့်မည်။အရာရာမှာ ကြုံလိုက်တိုင်း ပြသာနာတက်စရာတွေချည်း ဖြစ်နေတတ်ပါသည်။ကိုယ့်စိတ်ကိုယ် အထူးထိန်းပါ။
ပြသာနာမတတ်အောင် သတိနဲ့ထိန်းပါ။တတ်နိူင်ရင် ခရီးတစ်ခုထွက်ပေးလိုက်ပါ။နှလုံးအားနည်း၍ မူးမော်မည်။ချစ်သူရှိပါက ချစ်သူဖြစ်သူ ကျန်းမာရေးကြောင့် ဆေးရုံဆေးခန်း ရောက်ရှိတတ်ပါသည်။ထီ၈၀ပါသောထီထိုးပါ။
ယတြာ နေအိမ်ဘုရားတွင်ရွှေရင်အေးလှုပေးပါ။
သောကြာသားသမီး
အကြီးအကဲဆရာသမားတို့၏ ကူညီမစတာ ခံရပါလိမ့်မည်။အလုပ်သစ် အကိုင်သစ်များ လုပ်ကိုင်ရပါမည်။ရပ်ဝေး ခရီးနိူင်ငံရပ်ခြားကိစ္စ စီစဉ်ထားသူများ အဆင်ပြေချောမွေ့ပါလိမ့်မည်။
ကျန်းမာရေးတွင် ဆေးကောင်းဝါးကောင်း တွေ့မည်။ငယ်ရွယ်သူများ အချစ်သစ်တွေ့ပါလိမ့်မည်။ထီ၅၆ပါသောထီထိုးပါ။
ယတြာ လိပ်စာမကြာခဏကျွေးပါ။
စနေသားသမီး
ရပ်ဝေးမှ ဆွေမျိူးများ ရောက်ရှိလာတတ်ပါသည်။ရစရာရှိသော အမွေအနှစ်များ ရရှိမည့်ကာလပါ အလုပ်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေဖြစ်နေတတ်ပါသည်။
ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုယ် ထိန်းပါ။သည်းခံခြင်းဖြင့် အရာရာအောင်မြင်ပါလိမ့်မည်။ကျန်းမာရေးတွင် ဆီးကျင် ဆီးအောင့်ဝေဒနာ ခံစားရပါမည်။ငယ်ရွယ်သူများ အချစ်ရေးတွင် ငယ်ချစ်ဟောင်းနှင့် ပြန်လည်ဆုံတွေ့ရပါလိမ့်မည်။ထီ၃၅ပါသောထီထိုးပါ။
ယတြာ နေအိမ်ရှိထီးအဟောင်း ဖိနပ်အဟောင်းတွေကို အနောက်တောင်အရပ်သို့စွန့်ထုတ်လိုက်ပါ။
ဆရာကျော်ဘိုဘိုဟိန်း
Zawgyi ဖြင့်ဖတ်ရန်...
တနင်္ဂနွေသားသမီး
ငယ်ရွယ်သူများ အချစ်​​ရေးတွင်နေနီးစပ်သူနှင့် ချစ်သူရည်းစား ဖြစ်ပါလိမ့်မည်။ထီ၃၀ပါသောထီထိုးပါ။
တနင်္လာသားသမီး
အင်္ဂါသားသမီး
ဗုဒ္ဓဟူးသားသမီး
ယတြာ လူသွားလမ်းချိုင့်များကိုအုတ်ကျိုးခင်းဖို့ ပေးပါ။
ကြာသာပတေးသားသမီး
သောကြာသားသမီး
စနေသားသမီး
ဆရာကျော်ဘိုဘိုဟိန်း
Myanmar Wedding Guide
jjjj
Read times Last modified on Monday, 10 February 2020 15:11
Rate this item
(0 votes)
Tagged under