ရည်းစားနဲ့ပြတ်သွားလို့ လမ်းမှားမရောက်ပါစေနဲ့

ရည်းစားနဲ့ပြတ်သွားလို့ လမ်းမှားမရောက်ပါစေနဲ့ google.com

တချို့တွေရှိတယ်..ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပစ်သွားလို့ စိတ်ညစ်ပြီး အရက်တွေသောက်ကြတယ်၊၊club တွေတက် ၊ မကောင်းတာတွေအကုန်လုပ် ၊ သောက်စားမူးရူးပြီး ရန်တွေဖြစ် ၊ အဲ့လိုနဲ့ ကိုယ့်ဘဝကို အနစ်မွန်းခံကြတယ်၊၊

တချို့ကျတော့လည်းတမှိုင်မှိုင်တတွေတွေနဲ့ ၊ အလုပ်လည်းမလုပ်နိုင် မစားနိုင်မသောက်နိုင် မအိပ်နိုင်နဲ့ ကိုယ့်ကိုယ်ကိုနှိပ်စက်ကြတယ် ၊၊တချို့ကျတော့လည်း ခံပြင်းလွန်းလို့သူ့ထက်သာတဲ့လူရှာပြမယ်ဆိုပြီးကိုယ့်ကိုယ်ကိုမဆင်ခြင်ပဲပျက်စီးသွားတဲ့လူတွေလည်းရှိတယ် ၊၊တကယ်တမ်းတော့ အဲ့ဒါတွေကတင်္ဒဂရူးသွပ်ခြင်းတွေပါ။အချစ်ဆိုတာဘဝမှာအရေးမပါဖူးလို့မဆိုလိုဖူး။ချစ်ပါ ကြိုက်ပါ ဒါပေမယ့်သတိလေးရှိကြပါ။ကိုယ့်ချစ်သူနဲ့ပြတ်လို့ ကိုယ့်ဘဝပျက်မသွားအောင်တော့နေကြပါ၊၊ကိုယ့်ချစ်သူက ကိုယ့်ကိုထားသွားတယ်ဆိုပါတော့ အရင်ဆုံးအဖြေကိုရှာကြည့်ပါ။ဘာကြောင့်လဲ ?ရုပ်ရည်ကြောင့်လား ကိုယ်ကအပြင်အဆင်မတတ်လို့လား?ဒါဆို သူ့ဘက်က ကျေနပ်စေလောက်မယ့် အနေအထိုင် အပြင်အဆင်မျိုးကိုပြောင်းလဲကြည့်လိုက်ပါ။ဒါမှမဟုတ် ငွေရေးကြေးရေးကြောင့်လား?ဒါဆိုရင် ကိုယ့်ဘက်ကအများကြီးကြိုးစားလို့ရနေနိုင်တာပဲ အလုပ်တွေကြိုးစားလုပ် သူ့ကိုတင့်တောင့်တင့်တယ်ထားနိုင်ပြီ သူစိတ်ကျေနပ်စေနိုင်လောက်မယ့်အခြေအနေရောက်ပြီဆိုမှသူ့ကိုပြန်ဖွင့်ပြောပြီးညှိနှိုင်းယူလို့ရတာပဲ အဲ့ဒါတွေမှမဟုတ်လို့ သူကအကြောင်းပြချက်မရှိပဲလမ်းခွဲသွားတာဆိုရင်တော့ ကိုယ့်ဘက်က သစ္စာဆိုတာကိုမသိတဲ့လူကိုမေ့ပစ်ဖို့သင့်ပါပြီ ၊ ကိုယ့်ဘက်ကမပြတ်သားနိုင်လို့သူ့ကိုအတင်းလိုက်တွယ်ကပ်နေရင်လည်းတချိန်မှာ ကိုယ်ပဲပြန်ခံစားရဦးမှာပဲ၊ကိုယ့်ကိုအပေါ်ယံချစ်ပြီး ခဏတာအပျော်တွဲသွားတဲ့လူမျိုးကိုမေ့ပစ်နိုင်အောင်ကြိုးစားပါ။ပြီးတော့ကိုယ့်ကိုယ်ကိုအရည်အချင်းရှိအောင်နေပြီး တစ်ချိန်မှာလက်တွဲရမယ့် အနာဂတ်ကဖူးစာသစ်အတွက်(ကိုယ့်ကိုဘယ်လိုမှလက်တွဲမဖြုတ်နိုင်ဖို့အတွက်) ကိုယ့်ဘက်ကအရည်အချင်းပြည့်ပြည့်ဝဝနဲ့ဘဝသစ်တခုကိုထူထောင်နိုင်ဖို့ကြိုးစားပါ။ကိုယ့်ရဲ့ကြိုးစားမှုက တချိန်ချိန်မှာ ကိုယ့်ကိုယ်ကိုရောင်ပြန်ဟပ်စေမှာပါ။

 

Myanmar Wedding Guide

 

Credit;Heart Canteen

Read times Last modified on Wednesday, 19 September 2018 10:00
Rate this item
(1 Vote)