တနင်္လာသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း (မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်) (၁) နှစ်စာ ဗေဒင် ဟောစာတမ်း
တနင်္လာသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း (မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်) (၁) နှစ်စာ ဗေဒင် ဟောစာတမ်း google
တနင်္လာ သားသမီးများ ဒီနှစ်ထဲမှာ သင့်အဖို့ ကံတရား ကမျက်နှာပေးသောနှစ်လို့တောင်ဆိုရမှာပါပဲ။
မရောက်ဖူးသေးသော အရပ်ဒေသတွေလည်းသွားလာရပါမယ်။မပြည့်စုံတာတွေလည်းပြည့်စုံလာတော့မယ်။
အကြံကောင်းတစ်ခုပေးချင်တာကတော့ မကြာခဏ သက်သက်လွတ်စားပေးပါ။
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သုများ လုပ်ငန်းတွေတိုးချဲ့ရပါမယ်။အောင်မြင်မူတွေက သင့်ကို စောင့်ကြိုနေပါတယ်။
အလောင်းကစား ဖြတ်လမ်း စီးပွားရေး တော့မလုပ်မိပါစေနဲ့။တဖြည်းဖြည်း အောင်မြင် တိုးတက်သွားပါလိမ့်မယ်။
စိတ်ပင်ပန်းမူ လူပင်ပန်းမူတော့များနေလိမ့်မယ်။လူယုံကိုတော့ သတိထားပါ။မိမိလုပ်ငန်းတွေ ချောက်တွန်း
ပြီး လုယူခံရတတ်ပါတယ်။ရတနာအမျိုးမျိုးလည်းဝင်လာမည် ငွေဝင်ကောင်းသလို
အထွက်လည်းကြမ်းတတ်တယ် ငွေတော့ စုဆောင်းခြင်းသတိ
ထားပါ။ရင်းနှီး မြုပ်နှံခြင်း က မိမိဘဝကို ပိုမိုအကျိုးထူးခံစားရပါမယ်။
ရတနာအမျိုးမျိုး ရောင်းဝယ်ရေး လုပ်ကိုင်သူများကတော့ဒီနှစ်ထဲမှာ အရမ်းအကျိုးထူးများပါမယ် ။ဆိုင်အသေးကနေအကြီးဖြစ်မယ်။ဆိုင်ခွဲတွေလည်း ဖွင့်ဖြစ်ပါလိမ့်မယ်။
အရမ်း ကောင်းတယ်။ အမြန်ဆုံးတိုးချဲ့ဖွင့်လိုက်ပါ။ဒီနှစ်ထဲ ဖွင့်တဲ့ဆိုင်က မိမိဘဝကို အမြင့်မားဆုံးရောက်စေမယ့်
ဆိုင်များဖြစ်ပါတယ်။ရတနာဆိုင်ဖွင်ဖို့ ကြိုးစားနေသူများ အမြန်ဖွင့်ဖြစ်ပါလိမ့်မည်။ရန်အနှောက်အယှက် တော့များနေလိမ့်မယ်။
ဒါတွေကို ဂရုစိုက်မနေပါနဲ့။မိမိလုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့ လုပ်ဖို့ကအရေးကြီးပါတယ်။
အောင်မြင်မှု ပန်းတိုင်က သင့်ကို စောင့်ကြိုနေပါတယ်။နိုင်ငံရပ်ခြား သွားလာဖို့လုပ်ထားသူများ အဆင်ပြေမည်။
သင်္ဘောတတ်ချင်သူများလည်း အဆင်ပြေလိမ့်မည်။နိုင်ငံရပ်ခြား ပညာတော်သင် သွားလာရခြင်း များလည်းကြုံ
တွေ့ရမည်။လူမျိုးခြား ဘာသာခြားများ အဆက်အသွယ် အကူအညီများလည်းရပါမယ်။
နိုင်ငံရပ်ခြား နဲ့ လုပ်ကိုင်နေသူများ အဆင်ပြေ အောင်မြင်မည်။နာမည်ဂုဏ်သတင်း လည်းကျော်ကြားလာမယ်။
လုပ်ငန်းတွေ တိုးချဲ့ပြီး အဆမတန်တိုးတတ်လာမည်။ပညာထူးချွန်မယ်။ပညာရေးကောင်းမွန်မယ်။
နိုင်ငံရပ်ခြား သွားလာဖို့လုပ်ထားသူများ အင်တာဗျူးဖြေဆိုထားသူများ အောင်မြင်ပါမည်။အလုပ်ကောင်း နေရာကောင်း များရပြီး ဝင်ငွေကောင်းများလည်းရရှိပါလိမ့်မည်။
မိသားစုကတော့ ဦးနှင်းပဲ့ထောင် ဆိုသလိုပါပဲ။ညှိနှိုင်းဖို့ရန်ခက်ခဲတတ်ပါတယ်။မိသားစု စိတ်ဝမ်းကွဲစရာများလည်းကြုံတွေ့ရပါလိမ့်မည်။
သားသမီး ရှိသူများ သားကံသမီးကံများကြောင့် လူနေမူမြင့်မားပါမယ်။သားသမီး အထောက်အကူဖြင့် ချမ်းသာခြင်း၊ပြည့်စုံခြင်းများဖြစ်လာပါလိမ့်မည်။
သားသမီး ကျေးဇူး ဆပ်သောနှစ်လို့ဆိုရမှာပါပဲ။သားသမီးများက မိဘများ အတွက် အိမ် ကား များဝယ်ပေးခြင်းရရှိပါမယ်။
မိမိတို့ မိသားစု မှာ အလုူပွဲ မင်္ဂလာပွဲ ကြုံတွေ့ရပါမယ်။အလှူကြီးအတန်းကြီးပေးရမယ့်နှစ်လို့ ဆိုရမှာပါပဲ။အလှူလုပ်ဖြစ်ရင်တော့ ထီထိုးဖို့တော့ မမေ့ပါနဲ့နော်။
ထီဆုကြီးလည်းပေါက်တတ်ပါတယ်။စီးပါွးရေး တွေလည်းတိုးတတ်လာဦးမှာပါ။အလှူနိမိတ်ပေါ်တာနဲ့ချမ်းသာပြီဟု မိမိနှလုံးသားမှာစွဲထားပါလေ။
ကံတရား ကြီးက မိမိဘက်ကို ဦးတည်နေပြီ။ဆွေမျိုးသားခြင်းထဲက အသက်အရွယ်ကြီးသူတွေက ကိုယ်ဆီကနေ ထွက်သွားတတ်ပါတယ်။
အိမ်ထောင်ရေး ကတော့ တကျက်ကျက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုသလို ဖြစ်နေတတ်ပါတယ်။
အသက်ငယ်ငယ်နဲ့ ကာမဂုဏ် စိတ်တွေလည်း ကုန်ခမ်းသွားတတ်ပါတယ်။
မည်သူကိုမှ အာမခံ မလိုက်ပါနဲ့။အကြွေးများလည်း ဆုံးရူံးတတ်ပါတယ်။မိမိကိုယ်တိုင်လည်း အမူအခင်း ဖြစ်တတ်ပါတယ်။အပြောအဆိုအနေအထိုင် သွားလာခြင်းများသတိရှိပါ။
ရန်အနှောက်အယှက် အတိုက်အခံ လည်းပေါများတတ်ပါတယ်။မိမိက မည်သူမဆို ဘယ်လောက်ကူညီ ကူညီ အကောင်းအမြင်မခံရတတ်ပါ။
ဖြေရှင်းစရာ ကိစ္စများလည်းပေါ်လာတတ်ပါတယ်။မနာလိုတဲ့လူတွေကြောင့် မိမိအလုပ်အကိုင်များ ပျက်စီးဆုံးရုံးတတ်ပါတယ်။
မိမိယုံကြည်အားကိုးရသူများကပါ မိမိအပေါ်အကောက်ကြံခံရတတ်ပါတယ်။(လူယုံအသတ်ခံရတတ်)
မိမိအိမ်ထောင်ဘက်ကပါ မိမိဘာပဲလုပ်လုပ်အကောင်းမမြင်တတ်ပါ။ အိမ်ထောင်ရေးလည်းညံ့တတ်ပါတယ်။
အိမ်ထောင်ဘက်အိမ်ပေါ်ကနေ ဆင်းသွားခြင်း လမ်းခွဲခြင်းများ အထိဖြစ်တတ်ပါတယ်။အမျိုးသမီးတစ်ဦးကြောင့် မိမိအိမ်ထောင်ရေး ပြိုပျက်တတ်ပါတယ်။အိမ်ထောင်ရေး တစ်ဦးအပေါ်
တစ်ဦး မယုံကြည်ခြင်းများလည်း ဖြစ်တတ်ပါတယ်။မိမိတို့ပျော်ရွှင်နေတဲ့မိသားစု လေးအခြားသူများကြောင့်သောကများနှင့်ရင်ဆိုင်နေရတတ်ပါတယ်။
အနုပညာ ဖြင့်လုပ်ကိုင်နေသူများ ဒီနှစ်ထဲမှာ ကံတရားက မိမိဘက်ကို ဦးတည်နေပါပြီ။ရိုးသားကြိုးစားလုပ်ဆောင်ဖို့က မိမိတာဝန်ဖြစ်ပါတယ် မိမိဖြစ်ချင်နေသော ဆန္နများပြီး
ပြည့်စုံမယ့်နှစ်လို့ဆိုရပါမယ်။ဆရာသမား မိတ်ဆွေများအကူအညီ ဖြင့်လည်း အဆင်ပြေအောင်မြင်ပါမည်။
ဒီနှစ်ထဲမိမိနာမည်ဂုဏ်သတင်းများလည်းကျော်ကြားလာမယ်။လူသိများလာမယ်။လူချစ်လူခင်ျပါများလာပါမယ်။
ဒါကြောင့် မနာလိုသူ တွေ လည်းပေါများတတ်ပါတယ်။ငယ်ရွယ်သူများ အချစ်ရေး ကံကောင်း ပါမယ်။
စေ့စပ်ပွဲ မင်္ဂလာပွဲ များလည်းပြုလုပ်ရပါမယ်။နှစ်ဘက်အတိုင်းအဝိုင်းများကြောင့် ချစ်သူနှစ်ဦး စိတ်ပင် ပန်းခြင်းတော့ ကြုံတွေ့ရမည်။
ဘုန်းကြီးကျောင်း( ကုဋီ) သန့်ရှင်းရေးကိုင်တိုင်လုပ်ပါမိမိအလုပ်နေရာများ သန့်ရှင်းရေးလုပ်ပါ။
ကျန်းမာရေး
အာရုံကြော နှလုံး ခါး သွေးတိုး သတိထားပါ။
မိမိ ဒီနှစ်ထဲ ကံပွင့် ကံမြင့် လာဘ်ပွင့် စေရန် ဖော်ပြပါယတြာ များ ပြုလုပ်ပါ။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (17-4-2020) သောကြာနေ့မှာ ပြုလုပ်ဆောင်ရွက် ဆုတောင်းပါ။
တန်ခိုးကြီး ဘုရား တစ်ဆူ၏ မိမိမွေးနံထောင့်မှာ
ကံ့ကော်ညွှန့် ၁၅ ညွှန့်
အောင်သပြေ ၂၁ ညွှန့်
နှင်းဆီအနီ ၁၀ ပွင့်
စံပါယ်ပန်း ၃၇ ကုံး
ကန်တော့ပွဲအစုံ ၃ ပွဲ
အမွှေးတိုင် ၁၅ တိုင်
အလင်းတိုင် ၁၅ တိုင်
လှူဒါန်းပူဇော်ပြီး မိမိ လူမူရေး စီးပွါးရေး အလုပ်အကိုင်ငွေကြေး အိမ်တွင်းရေး အိမ်ထောင်ရေး အောင်မြင်စေရန်
အလေးအနက်ထားပြီး ဆုတောင်းပါ။
အောက်ဖော်ပြပါ ယတြာ တစ်လတစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
အကြောင်းကိစ္စရှိလည်းပြုလုပ်ပါ။
ဘုရားတစ်ဆူ မိမိမွေးနံထောင့်မှာ ကန်တော့ပွဲ နှင့် ကံ့ကော်(15) ညွှန့် ရွှေပန်း (45) ကုံး လှူပြီး အလေးအနက် ဆုတောင်းပါ။
မွေးနေ့တိုင်းမှာ ဘုရား ရင်ဘက်တော်ကို ရွှေသင်္ကန်း၊ထီးအဝါရောင် (5) လက်နဲ့ရေများလှူပြီး အလေးအနက်ဆုတောင်းပါ။
ဆရာ လင်းမြတ်ဘုန်းအောင်
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
ig
Zawgyi ဖြင့်ဖတ်ရန်...