မြန်မာနိုင်ငံမှာ ပထမဆုံး ထူးထူးခြားခြား မင်္ဂလာပွဲလေးကို ကျင်းပလိုက်တဲ့ ချစ်စရာ ဇနီးမောင်နှံနှစ်ဦး

မြန်မာနိုင်ငံမှာ ပထမဆုံး ထူးထူးခြားခြား မင်္ဂလာပွဲလေးကို ကျင်းပလိုက်တဲ့ ချစ်စရာ ဇနီးမောင်နှံနှစ်ဦး Kaung Sat

ချစ်သူနှစ်ဦးရဲ့ မင်္ဂလာပွဲမှာ ကိုယ်ချစ်တဲ့ ကောင်မလေးအတွက် အကောင်းဆုံး စီစဉ်ပေးချင်ကြတာကတော့ သဘာဝပါပဲ။ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြားအနေနဲ့

 

ကိုယ်ချစ်ရတဲ့ ကောင်မလေးအတွက် Hello Kitty theme နဲ့မင်္ဂလာပွဲလေး ပြုလုပ်ပေးခဲ့တဲ့ မြန်မာနိုင်ငံက စုံတွဲအကြောင်းပြောပြချင်တာပါ။

a

လက်ကိုင်ပန်းတွေနဲ့ဝတ်စုံတွေက အစ လျှောက်လမ်းတွေနဲ့ အလှဆင်ထားတဲ့ မင်္ဂလာပွဲလေးပါ။သူတို့စုံတွဲအကြောင်းကို ဆိုရှယ်မီဒီယာမှာဝေဖန်ပြောဆိုမှုတွေရှိနေခဲ့ပြီး

ပုံရိပ်တွေကို ပြန်လည်မျှယေသူတွေလည်း အများကြီး ရှိနေခဲ့ပါပြီ။

b

မဆွီတီစိုးကျော် နဲ့ ကိုစိုင်းဟန်ခေးလှိုင် တို့ရဲ့မင်္ဂလာပွဲဖြစ်ပြီးတကယ့်ကိုချစ်စရာ ပျော်စရာ Hello Kitty မင်္ဂလာပွဲလေး အဖြစ် တွေ့မြင်ရတာပဲဖြစ်ပါတယ်။ဒီလို မင်္ဂလာပွဲလေးကျင်းပပုံနဲ့ ပတ်သက်ပြီး

သတို့သမီးဖြစ်သူက အမှတ်တရ ပုံရိပ်လေးတွေမျှဝေရင်း အခုလိုပဲရေးသားထားခဲ့ပါတယ်။

d

“Hello Kitty Wedding လေးဖန်တီးပေးတဲ့ကိုကိုရယ် ဆွီတီကို အရမ်းအလိုလိုက်တဲ့ ကို့ကိုမေမေရယ် ကျေးဇူးတင်ပါတယ်နော် ဆွီတီမေမေ မဆုံးခင် ၃ ရက်အလိုက ကို့ကိုကိုခေါ်ပြီး အန်တီသမီးက

Hello Kitty လေးတွေသိပ်ပြီးကြိုက်တာ သူလိုချင်တာအန်တီက သေးသေးလေးကအစ ဖန်တီးပေးတာသားရော အဲ့လိုအလိုလိုက်နိုင်ပမလား သူ့ကိုကလေးလိုချစ်ပေးပါ လို့မှာခဲ့တယ်၊အမေရဲ့ အဲ့ဒီစကားတွေကြောင့်သမီး

ကိုအမေလိုချစ်ပေးနေတာတဲ့”

e

တကယ်ကို ချစ်တတ်တဲ့ အမျိုးသားကို ပိုင်ဆိုင်လိုက်ရတဲ့ ချစ်စရာသတို့သမီးလေးပါပဲ။သူတို့နှစ်ဦးရဲ့ ထူးထူးခြားခြား ချစ်စရာ မင်္ဂလာပွဲပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်….

 

Credit;nanmalgyi

Read times Last modified on Wednesday, 19 September 2018 10:41
Rate this item
(2 votes)