လက်တွဲသင့်တဲ့ချစ်သူ

လက်တွဲသင့်တဲ့ချစ်သူ google.com

ကိုယ်ဘယ်လိုလူမျိုးကို လက်တွဲသင့်တယ်၊ မသင့်ဘူးဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရမှာဖြစ်ပါတယ်။

အချစ်ကို နှလုံးသားတစ်ခုတည်းနဲ့တည်ဆောက်လို့ရနိုင်ပေမယ့် အိမ်ထောင်ရေးကတော့ ဦးနှောက်နဲ့ဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်။

 

ကိုယ်လက်တွဲရမယ့်သူဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ခက်ခဲတဲ့ ပြဿနာသေးသေးလေးကအစ၊ ကြီးကြီးမားမားတွေကို ဖြေရှင်းနိုင်တဲ့သူဖြစ်ရပါမယ်။

 

ကိုယ်ဘာပဲလုပ်လုပ်ကိုယ့်ဘက်ကနေ အမြဲရပ်တည်ပေးသူတစ်ယောက် ဖြစ်ရန်လည်း လိုအပ်ပါတယ်။

 


ကိုယ်နဲ့လက်တွဲရမယ့်သူက ကိုယ့်ရဲ့ အကျင့်စရိုက်လေးတွေကို အလေးထားတန်ဖိုးထားတတ်သူဖြစ်ရပါမယ်။

 

စိတ်ညစ်နေတယ်ဆိုရင်လည်း ကိုယ်က သူ့ကြောင့် ပြုံးနိုင်တဲ့သူဖြစ်အောင် လုပ်ပေးနိုင်ရပါမယ်။ ပြဿနာတိုင်းကိုတော့ စိတ်လိုက်မာန်ပါနဲ့ မဖြေရှင်းဘဲ ပြေပြေလည်လည်ရှင်းပြပေးနိုင်တဲ့လူဖြစ်ရပါမယ်။



ကိုယ်လက်တွဲရမယ့်သူဟာ ကိုယ့်ကို ချစ်သူတစ်ယောက်လိုသာမက အကိုတစ်ယောက်လိုမျိုး ကာကွယ်ပေးတတ်ပြီး အကြံဥာဏ်ကောင်းတွေကိုလည်း ပေးတတ်သောသူဖြစ်ရပါမယ်။

 

အထက်ပါ အချက်အလက်တွေရှိတဲ့သူဖြစ်မယ်ဆိုရင်တော့ ကိုယ့်အတွက် လက်တွဲသင့်တဲ့ ချစ်သူတစ်ယောက် ဖြစ်ထိုက်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:19
Rate this item
(0 votes)