တပေါင်းလမွေးဖွားသူတို့၏စိတ်နေစိတ်ထား အကျင့်စရိုက်များ

တပေါင်းလမွေးဖွားသူတို့၏စိတ်နေစိတ်ထား အကျင့်စရိုက်များ Google

တပေါင်းလမွေးဖွားသူတို့သည် ရာသီ(၁၂)ပါးတွင်ချမ်းသာသုခနှင့်အပြည့်ဝဆုံးသောသူများဖြစ်တတ်ကြပါသည်။

ထူးခြားသော စရိုက်နှစ်မျိုးကို တစ်ပြိုင်တည်းပါနေသူများဖြစ်တတ်ကြတယ်။

အလွန်သနားကြင်နာတတ်ကြမယ်။ရိုးသားမယ်။အေးဆေးတည်ငြိမ်ပြီး အရှက်အကြောက်ကြီးမယ်။

အခွင့်အာဏာပကာသနတို့ကိုမက်မောဘဲလွတ်လပ်ပေါ့ပါးစွာနေထိုင်လိုမယ်အယုံလွယ်တတ်တယ်။သူတစ်ပါးကိုကူညီလိုမယ်။အားနည်းသူတို့ဘက်မှရပ်တည်လိုတယ်နူးညံ့သိမ်မွေ့မယ်။

ဉာဏ်ထက်ပြီးအမြော်အမြင်ကြီးမယ်။မဖြစ်မနေကြီးပွားအောင်မြင်လိုစိတ်ရှိမယ်။စိတ်ထက်၊စိတ်ကြီးပြီးစိတ်မြန်လက်မြန်လုပ်တတ်တယ်။

စကားပြောဆိုမှုစာပေရေးသားမှုတို့တွင်အလွန်ထက်မြက်မယ်။ တစ်ခါတစ်ရံသတ္တိနည်းကာ သွေးကြောင်နေတတ်တယ်။ မကြာခဏ ခေါင်းဆောင်နေရာကို အလိုလိုရောက်နေတတ်တယ်။

တစ်ကိုယ်တည်းအေးအေးဆေးဆေးနေချင်တတ်တယ်။အပေါင်းအသင်းများများမထားတတ်ပါ။နာမ်ဝါဒကို

အထူးသက်ဝင် ယုံကြည်ကြမယ်။ဘာသာရေးကို ပြင်းထန်စွာယုံကြည်သက်ဝင်ကြမယ်။

အများအားဖြင့် စိတ်တည်ငြိမ်စွာဖြင့် တရားအလုပ်ကိုလက်တွေ့ကျကျ ကျင့်လှမ်းသူများ ဖြစ်တတ်ကြတယ်။

ထုံးတမ်းအစဉ်အလာ ဓလေ့များကိုယုံကြည်လိုက်နာတတ်ကြတယ်။အရာရာတိုင်းကို ကြိုတင်သုံးသပ်၍ ကြိုတင်အဖြေထုတ်ရာတွင် ပါရမီထူးကဲပြီး အမြင်ပြတ်သားမယ်။ဉာဏ်ထက်ပြီး စိတ်ကူးကောင်းမယ်။

တစ်ခါတစ်ရံအယူသီးလွန်းကြပြီးခေါင်းမာ တတ်ကြတယ်။အထူးသဖြင့်ဘာသာရေးတွင် အလွန်တိကျစွာ ကျင့်သုံးတတ်ကြမည်။အခြားကိစ္စတို့တွင်စည်းကမ်းကောင်းလွန်းတတ်ကြတယ်။

အတ္တပရမျှတစွာကျင့်သုံးတတ်ကြမယ်သစ္စာရှိမယ်။အလွန်စိတ်ဆိုးခဲပြီးစိတ်ဆိုးမိပါကအငြိုးအတေးကြီးပြီးသြဇာပေးကောင်းမယ်။

လူအများအပေါ် အုပ်ချုပ်လိုမယ်။ဘယ်တော့မှ မရောင့်ရဲဘဲထင်ပေါ်အောင် အောင်မြင်အောင် ကြိုးစားတတ်ကြမယ်။အချို့ကိစ္စများတွင် လူကြီးလူကျယ်လုပ်ချင်မယ်။စည်းကမ်းရိုသေတိကျတယ်။

ပရိယာယ် ဝေဝှစ်များဖြင့် လုပ်ကိုင်နိုင်စွမ်းရှိမယ်။တစ်ခါတစ်ရံ ဉာဏ်နီညာဏ်နက်များဖြင့်ကိုယ်ဖြစ်ချင်တာ

ကိုဖြစ်အောင်လုပ်တတ်တယ်။အထက်လူကြီး၊ မင်းစိုးရာဇာတို့ကို အမှီပြုပြီးကြီးပွား

အောင်မြင်တတ်တယ်။ကိုယ့်အစွမ်းအစကိုယုံကြည်စွာ ကြိုးစားသွားပါကထိပ်တန်းရောက်တာများပါမယ်။

ချစ်မိက သူမတူ၊ မုန်းမိက လှည့်မကြည့်ဆိုသော လူစားမျိုးဖြစ်တယ်။

အချစ်ရေးတွင် မေတ္တာတရားကိုတန်ဖိုးထားတတ်တယ်။ရင်ထဲမှအချစ်ကို ဖွင့်ပြောရန်အလွန်သတ္တိနည်းကြမယ်။ ထို့အတူ ရွေးချယ်ရခက်ခဲသောအနေအထားများ အမြဲလိုလိုကြုံတတ်တယ်။

ချစ်သူနှစ်ယောက်ကို တစ်ပြိုင်တည်း ထားမိတတ်တယ်။အချစ်ရေးတွင် ချစ်သူကို ဦးစားပေးသလိုလိုနှင့် အတ္တဆန်

မိတတ်ကြမည်၊ သတိထားပါ။ချစ်သူတို့၏ အထင်လွဲမှုများကိုလည်း အထူးခံရမယ်။ကိုယ်ကလည်းချစ်သူအပေါ် အနိုင်ယူလိုတတ်တယ်။

အိမ်ထောင်ပြုသောအခါအနှောက်အယှက်များကိုကျော်လွှားပြီးမှအိမ်ထောင်ပြုရတတ်တယ်။အိမ်ထောင်ပြုပြီးက အထူးကြီးပွားတတ်တယ်။အိမ်ထောင်နှစ်ဆက်ဖြစ်တတ်တယ်

တပေါင်းလမွေးဖွားသူတို့သည် ကျန်းမာရေးအညံ့ကြုံတိုင်းရောဂါရှာဖွေရန်ခက်ခဲတတ်ကြလို့ အနာတစ်ခြား ဆေးတစ်ခြားဖြစ်တတ်တယ်ဝေဒနာဖြစ်ကကြာရှည်ခံစားရတတ်မယ်။

ငှက်ဖျားရောဂါ၊ နားဝေဒနာအာရုံကြော၊ အကြောရောဂါ၊အရေပြားရောဂါတို့ဖြစ်တတ်ကြမည်။အလုပ်အကိုင်နှင့် ပါတ်သက်လာရင်ဇွဲနှင့်သတ္တိအလွန်

ကောင်းသူများဖြစ်ကြ၍ ဉာဏ်ရည်ထက်မြက်ကြပြီးအလုပ်တစ်ခုကိုကြိုတင်တွက်ချက်မှုတွင် အထူးကျွမ်းကျင်

ကြမယ်။တိုးတက်မှုကိုအမြဲရှာဖွေနေသူများဖြစ်တယ်။ကိုယ်ကနောက်လိုက်ဖြစ်သောအခါတွင် စည်းကမ်းလိုက်နာ တတ်ကြသကဲ့သို့

ကိုယ်ကခေါင်းဆောင်နေရာရောက်နေသောအခါတွင်လည်း စည်းကမ်းတင်းကြပ်တတ်ကြတယ်။ထိပ်ဆုံးနေရာသို့မရောက်ရောက်အောင် ကြိုးစားတတ်ကြမည်။

တပေါင်းမွေးဖွားသူတို့သည်စကားပြောလဲကောင်းပြီးခေါင်းဆောင်မှုစီမံကွပ်ကဲမှု၊ အုပ်ချုပ်မှုကောင်းကြမယ်

အလုပ်နှစ်ခုဒွန်တွဲပြီးလုပ်ကြရတတ်တယ်။အလုပ်လုပ်ရာတွင်အခက်အခဲများအတိုက်အခံများကြုံလေ

တိုးတက်လေပါပဲ။နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့သွားရ နေထိုင်ရတတ်တယ်။ခရီးသွားခြင်းဖြင့်စီးပွားဖြစ်တတ်မယ်။

မွေးရပ်မြေကိုစွန့်ခွာလေအောင်မြင်လေဖြစ်မည်။ကိုယ်ပိုင်အစွမ်းအစနှင့်အောင်မြင်မည်ချမ်းသာကြွယ်ဝမည်။

ငွေကံအလွန်ကောင်းမည်ငွေအသုံးအစွဲ ကျစ်လစ်ပြီးစည်းစိမ်ဥစ္စာနှင့်ပြည့်စုံမည့်သူများဖြစ်သည်။

ရတနာပစ္စည်းများမကြာခဏရတတ်ပါတယ်ဘဝတွင်စက်ဘီးဆိုင်ကယ်မှအစမော်တော်ကားအထိအကောင်းစားယာဉ်တို့ကိုပိုင်ဆိုင်တတ်ပါမယ်။ထီလည်းမကြာခဏပေါက်တတ်တယ်။

ထီကံအလွန်ကောင်းပါတယ်။လောင်းကစားနှင့်အရက်ကိုရှောင်ပါ။လူမျိုးခြားတို့နှင့်ကောင်းကျိုးပေးမယ်။

စာရေးသောအလုပ် ထီးလုပ်ငန်း၊ ထီလုပ်ငန်းစားသောက်ဆိုင်ငါးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စစ်ဖက် သင်္ဘောသား၊ သင်္ဘောကပ္ပတိန်၊သုတေသနအလုပ်တို့ဖြင့်အထူးကြီးပွားအောင်မြင်တတ်တယ်။

ငယ်စဉ်ဘဝတွင်အတက်အကျများမယ်။ငယ်ဘဝတွင်ကျန်းမာရေးစီးပွားရေး၊လူမှုရေးတို့၌အားနည်းတတ်ပြီး ဘဝတွင်အပြောင်းအလဲအမျိုးမျိုးကြုံကာကြီးမှချမ်းသာတတ်တယ်။

မိမိတို့၏အကြံအစည်များကိုလျှို့ဝှက်စွာကြံစည်လုပ်ကိုင်တတ်တဲ့ဉာဉ်ရှိတယ်ဘဝတိုးတက်မှုအတွက်အပျော်အပါးကိစ္စများကိုလည်းရှောင်ရှားနိုင်တတ်တယ်။

ကိုယ့်ဒူးကိုယ်ချွန်ပြီးကြီးပွားတတ်တယ်ရပ်ဝေးတွင်အောင်မြင်တတ်ကြမယ်။ဝိဇ္ဇာမယလောကီပညာရပ်တို့ကိုအလွန်အကျွံလိုက်စားခြင်းရှောင်သင့်ပါတယ်။

ကြီးပွားချမ်းသာရန် ရွှေရောင်ပစ္စည်းတစ်ခုကိုအမြဲဆောင်ထားပါ။ရတနာပစ္စည်းများထဲတွင် ဂေါ်မုတ်ကျောက်ကိုရွှေဖြင့်

လက်စွပ်ကွင်းကာလက်ယာဘက်တွင်ဝတ်ဆင်ထားပါ။(၃၊ ၆၊ ၉) ဂဏန်းများ အမြဲကောင်းကျိုးပေး၏

(၅)ဂဏန်းကို အထူးရှောင်ပါ။ဘာကိစ္စမဆို၊ဘယ်လိုအခြေအနေမျိုးမဆို တစ်ခုခုကိုပြတ်သားစွာ ရွေးချယ်ပြီးရဲဝင့်စွာ လုပ်ကိုင်သွားခြင်းဖြင့်အောင်မြင်ပါမည်။

Crd..နက္ခတ္တဗေဒဆရာကျော်မျိုးလွင်း

 

 

Zawgyi ျဖင့္ဖတ္ရန္...

တေပါင္းလေမြးဖြားသူတို႔သည္ ရာသီ(၁၂)ပါးတြင္ခ်မ္းသာသုခႏွင့္အျပည့္၀ဆံုးေသာသူမ်ားျဖစ္တတ္ၾကပါသည္။

ထူးျခားေသာ စ႐ုိက္ႏွစ္မ်ိဳးကို တစ္ၿပိဳင္တည္းပါေနသူမ်ားျဖစ္တတ္ၾကတယ္။

အလြန္သနားၾကင္နာတတ္ၾကမယ္။႐ုိးသားမယ္။ေအးေဆးတည္ၿငိမ္ျပီး အရွက္အေၾကာက္ႀကီးမယ္။

အခြင့္အာဏာပကာသနတို႔ကိုမက္ေမာဘဲလြတ္လပ္ေပါ့ပါးစြာေနထုိင္လိုမယ္အယံုလြယ္တတ္တယ္။သူတစ္ပါးကိုကူညီလုိမယ္။အားနည္းသူတုိ႔ဘက္မွရပ္တည္လုိတယ္ႏူးညံ့သိမ္ေမြ႕မယ္။

ဥာဏ္ထက္ျပီးအေျမာ္အျမင္ႀကီးမယ္။မျဖစ္မေနႀကီးပြားေအာင္ျမင္လုိစိတ္ရွိမယ္။စိတ္ထက္၊စိတ္ႀကီးျပီးစိတ္ျမန္လက္ျမန္လုပ္တတ္တယ္။

စကားေျပာဆုိမႈစာေပေရးသားမႈတုိ႔တြင္အလြန္ထက္ျမက္မယ္။ တစ္ခါတစ္ရံသတၱိနည္းကာ ေသြးေၾကာင္ေနတတ္တယ္။ မၾကာခဏ ေခါင္းေဆာင္ေနရာကို အလုိလုိေရာက္ေနတတ္တယ္။

တစ္ကိုယ္တည္းေအးေအးေဆးေဆးေနခ်င္တတ္တယ္။အေပါင္းအသင္းမ်ားမ်ားမထားတတ္ပါ။နာမ္၀ါဒကို

အထူးသက္၀င္ ယံုၾကည္ၾကမယ္။ဘာသာေရးကို ျပင္းထန္စြာယံုၾကည္သက္၀င္ၾကမယ္။

အမ်ားအားျဖင့္ စိတ္တည္ၿငိမ္စြာျဖင့္ တရားအလုပ္ကိုလက္ေတြ႕က်က် က်င့္လွမ္းသူမ်ား ျဖစ္တတ္ၾကတယ္။

ထံုးတမ္းအစဥ္အလာ ဓေလ့မ်ားကိုယံုၾကည္လုိက္နာတတ္ၾကတယ္။အရာရာတိုင္းကို ႀကိဳတင္သံုးသပ္၍ ႀကိဳတင္အေျဖထုတ္ရာတြင္ ပါရမီထူးကဲျပီး အျမင္ျပတ္သားမယ္။ဥာဏ္ထက္ျပီး စိတ္ကူးေကာင္းမယ္။

တစ္ခါတစ္ရံအယူသီးလြန္းၾကျပီးေခါင္းမာ တတ္ၾကတယ္။အထူးသျဖင့္ဘာသာေရးတြင္ အလြန္တိက်စြာ က်င့္သံုးတတ္ၾကမည္။အျခားကိစၥတို႔တြင္စည္းကမ္းေကာင္းလြန္းတတ္ၾကတယ္။

အတၱပရမွ်တစြာက်င့္သံုးတတ္ၾကမယ္သစၥာရွိမယ္။အလြန္စိတ္ဆုိးခဲၿပီးစိတ္ဆုိးမိပါကအၿငိဳးအေတးႀကီးျပီးၾသဇာေပးေကာင္းမယ္။

လူအမ်ားအေပၚ အုပ္ခ်ဳပ္လိုမယ္။ဘယ္ေတာ့မွ မေရာင့္ရဲဘဲထင္ေပၚေအာင္ ေအာင္ျမင္ေအာင္ ႀကိဳးစားတတ္ၾကမယ္။အခ်ိဳ႕ကိစၥမ်ားတြင္ လူႀကီးလူက်ယ္လုပ္ခ်င္မယ္။စည္းကမ္း႐ိုေသတိက်တယ္။

ပရိယာယ္ ေ၀၀ွစ္မ်ားျဖင့္ လုပ္ကိုင္ႏုိင္စြမ္းရွိမယ္။တစ္ခါတစ္ရံ ဥာဏ္နီညာဏ္နက္မ်ားျဖင့္ကိုယ္ျဖစ္ခ်င္တာ

ကိုျဖစ္ေအာင္လုပ္တတ္တယ္။အထက္လူႀကီး၊ မင္းစိုးရာဇာတုိ႔ကို အမွီျပဳၿပီးႀကီးပြား

ေအာင္ျမင္တတ္တယ္။ကိုယ့္အစြမ္းအစကိုယံုၾကည္စြာ ႀကိဳးစားသြားပါကထိပ္တန္းေရာက္တာမ်ားပါမယ္။

ခ်စ္မိက သူမတူ၊ မုန္းမိက လွည့္မၾကည့္ဆိုေသာ လူစားမ်ိဳးျဖစ္တယ္။

အခ်စ္ေရးတြင္ ေမတၱာတရားကိုတန္ဖုိးထားတတ္တယ္။ရင္ထဲမွအခ်စ္ကို ဖြင့္ေျပာရန္အလြန္သတၱိနည္းၾကမယ္။ ထုိ႔အတူ ေရြးခ်ယ္ရခက္ခဲေသာအေနအထားမ်ား အၿမဲလုိလုိၾကံဳတတ္တယ္။

ခ်စ္သူႏွစ္ေယာက္ကို တစ္ၿပိဳင္တည္း ထားမိတတ္တယ္။အခ်စ္ေရးတြင္ ခ်စ္သူကို ဦးစားေပးသလုိလုိႏွင့္ အတၱဆန္

မိတတ္ၾကမည္၊ သတိထားပါ။ခ်စ္သူတို႔၏ အထင္လြဲမႈမ်ားကိုလည္း အထူးခံရမယ္။ကိုယ္ကလည္းခ်စ္သူအေပၚ အႏုိင္ယူလုိတတ္တယ္။

အိမ္ေထာင္ျပဳေသာအခါအေႏွာက္အယွက္မ်ားကိုေက်ာ္လႊားျပီးမွအိမ္ေထာင္ျပဳရတတ္တယ္။အိမ္ေထာင္ျပဳၿပီးက အထူးႀကီးပြားတတ္တယ္။အိမ္ေထာင္ႏွစ္ဆက္ျဖစ္တတ္တယ္

တေပါင္းလေမြးဖြားသူတုိ႔သည္ က်န္းမာေရးအညံ့ၾကံဳတုိင္းေရာဂါရွာေဖြရန္ခက္ခဲတတ္ၾကလုိ႔ အနာတစ္ျခား ေဆးတစ္ျခားျဖစ္တတ္တယ္ေ၀ဒနာျဖစ္ကၾကာရွည္ခံစားရတတ္မယ္။

ငွက္ဖ်ားေရာဂါ၊ နားေ၀ဒနာအာ႐ံုေၾကာ၊ အေၾကာေရာဂါ၊အေရျပားေရာဂါတုိ ႔ျဖစ္တတ္ၾကမည္။အလုပ္အကိုင္ႏွင့္ ပါတ္သက္လာရင္ဇြဲႏွင့္သတၱိအလြန္

ေကာင္းသူမ်ားျဖစ္ၾက၍ ဥာဏ္ရည္ထက္ျမက္ၾကျပီးအလုပ္တစ္ခုကိုႀကိဳတင္တြက္ခ်က္မႈတြင္ အထူးကြၽမ္းက်င္

ၾကမယ္။တုိးတက္မႈကိုအၿမဲရွာေဖြေနသူမ်ားျဖစ္တယ္။ကိုယ္ကေနာက္လုိက္ျဖစ္ေသာအခါတြင္ စည္းကမ္းလုိက္နာ တတ္ၾကသကဲ့သို႔

ကိုယ္ကေခါင္းေဆာင္ေနရာေရာက္ေနေသာအခါတြင္လည္း စည္းကမ္းတင္းၾကပ္တတ္ၾကတယ္။ထိပ္ဆံုးေနရာသုိ႔မေရာက္ေရာက္ေအာင္ ႀကိဳးစားတတ္ၾကမည္။

တေပါင္းေမြးဖြားသူတို႔သည္စကားေျပာလဲေကာင္းျပီးေခါင္းေဆာင္မႈစီမံကြပ္ကဲမႈ၊ အုပ္ခ်ဳပ္မႈေကာင္းၾကမယ္

အလုပ္ႏွစ္ခုဒြန္တြဲၿပီးလုပ္ၾကရတတ္တယ္။အလုပ္လုပ္ရာတြင္အခက္အခဲမ်ားအတုိက္အခံမ်ားၾကံဳေလ

တိုးတက္ေလပါပဲ။ႏုိင္ငံရပ္ျခားတုိင္းတစ္ပါးသို႔သြားရ ေနထုိင္ရတတ္တယ္။ခရီးသြားျခင္းျဖင့္စီးပြားျဖစ္တတ္မယ္။

ေမြးရပ္ေျမကိုစြန္႔ခြာေလေအာင္ျမင္ေလျဖစ္မည္။ကိုယ္ပိုင္အစြမ္းအစႏွင့္ေအာင္ျမင္မည္ခ်မ္းသာၾကြယ္၀မည္။

ေငြကံအလြန္ေကာင္းမည္ေငြအသံုးအစြဲ က်စ္လစ္ျပီးစည္းစိမ္ဥစၥာႏွင့္ျပည့္စံုမည့္သူမ်ားျဖစ္သည္။

ရတနာပစၥည္းမ်ားမၾကာခဏရတတ္ပါတယ္ဘ၀တြင္စက္ဘီးဆုိင္ကယ္မွအစေမာ္ေတာ္ကားအထိအေကာင္းစားယာဥ္တုိ႔ကိုပိုင္ဆုိင္တတ္ပါမယ္။ထီလည္းမၾကာခဏေပါက္တတ္တယ္။

ထီကံအလြန္ေကာင္းပါတယ္။ေလာင္းကစားႏွင့္အရက္ကိုေရွာင္ပါ။လူမ်ိဳးျခားတုိ႔ႏွင့္ေကာင္းက်ိဳးေပးမယ္။

စာေရးေသာအလုပ္ ထီးလုပ္ငန္း၊ ထီလုပ္ငန္းစားေသာက္ဆိုင္ငါးလုပ္ငန္း၊ ေဆာက္လုပ္ေရး၊ စစ္ဖက္ သေဘၤာသား၊ သေဘၤာကပၸတိန္၊သုေတသနအလုပ္တို႔ျဖင့္အထူးႀကီးပြားေအာင္ျမင္တတ္တယ္။

ငယ္စဥ္ဘ၀တြင္အတက္အက်မ်ားမယ္။ငယ္ဘ၀တြင္က်န္းမာေရးစီးပြားေရး၊လူမႈေရးတုိ႔၌အားနည္းတတ္ၿပီး ဘ၀တြင္အေျပာင္းအလဲအမ်ိဳးမ်ိဳးၾကံဳကာႀကီးမွခ်မ္းသာတတ္တယ္။

မိမိတို႔၏အၾကံအစည္မ်ားကိုလွ်ိဳ႕၀ွက္စြာၾကံစည္လုပ္ကိုင္တတ္တဲ႔ဥာဥ္ရွိတယ္ဘ၀တုိးတက္မႈအတြက္အေပ်ာ္အပါးကိစၥမ်ားကိုလည္းေရွာင္ရွားႏုိင္တတ္တယ္။

ကိုယ့္ဒူးကိုယ္ခြၽန္ၿပီးၾကီးပြားတတ္တယ္ရပ္ေ၀းတြင္ေအာင္ျမင္တတ္ၾကမယ္။၀ိဇၨာမယေလာကီပညာရပ္တုိ႔ကိုအလြန္အကြၽံလုိက္စားျခင္းေရွာင္သင့္ပါတယ္။

ႀကီးပြားခ်မ္းသာရန္ ေရႊေရာင္ပစၥည္းတစ္ခုကိုအၿမဲေဆာင္ထားပါ။ရတနာပစၥည္းမ်ားထဲတြင္ ေဂၚမုတ္ေက်ာက္ကိုေရႊျဖင့္

လက္စြပ္ကြင္းကာလက္ယာဘက္တြင္၀တ္ဆင္ထားပါ။(၃၊ ၆၊ ၉) ဂဏန္းမ်ား အၿမဲေကာင္းက်ိဳးေပး၏

(၅)ဂဏန္းကို အထူးေရွာင္ပါ။ဘာကိစၥမဆုိ၊ဘယ္လုိအေျခအေနမ်ိဳးမဆုိ တစ္ခုခုကိုျပတ္သားစြာ ေရြးခ်ယ္ၿပီးရဲ၀င့္စြာ လုပ္ကိုင္သြားျခင္းျဖင့္ေအာင္ျမင္ပါမည္။

Crd..နကၡတၱေဗဒဆရာေက်ာ္မ်ဳိးလြင္း

 

 

Myanmar Wedding Guide

 

jjjj

Top of Form

Bottom of Form

Read times Last modified on Monday, 03 February 2020 16:43
Rate this item
(0 votes)
Tagged under