ကိုယ့်ဇနီးလောင်းဘယ်လိုရွေးချယ်မလဲ အပိုင်း (၂)

ကိုယ့်ဇနီးလောင်းဘယ်လိုရွေးချယ်မလဲ အပိုင်း (၂) google

ရည်းစားဘ၀ မှာတော့ ဒီအချက်တွေက အရေးမကြီးပေမဲ့ တကယ်ကိုယ့်ဇနီး အဖြစ်ရွေးချယ်တော့မယ်ဆိုရင် တော့ဒါတွေကတကယ်ကိုအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

 


ယောက်ျားလေးအများစုကတော့ ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ်ချစ်တဲ့သူကိုပဲ

 

ရွေးကြတာများပါတယ်။ မိဘပေးစားလို့ ယူတာကလည်း အခုခေတ်မှာက ခပ်ရှားရှားပါပဲ။

 

အရင်ကလူကြီးတွေက ကိုယ့်ချွေးမလေးက ဘယ်လိုပုံစံရှိတယ်၊ ဘယ်လိုပုံစံနဲ့ပြုမူနေထိုင်သလဲဆိုတာ အရင်လေ့လာထားပြီးမှ ရွေးချယ်တတ်ကြပါတယ်။

 

ကိုယ့်သား အိမ်ထောင်ပြုကြတဲ့အချိန်မှာ လက်တွဲဖော်မှားယွင်းသွားပြီဆိုရင် တစ်သက်လုံး ဒုက္ခရောက်ရမှာဖြစ်လို့ သားအတွက် ကြိုတင်ပြီး ချွေးမကောင်းကောင်းလေး ရှာပေးခြင်းဖြစ်ပါတယ်။

 

 

ပေါင်းသင်းဆက်ဆံရေးကောင်းရမယ်

 

ကိုယ်နဲ့ရေရှည်လက်တွဲရမယ့် မိန်းမဟာ ပေါင်းသင်းဆက်ဆံရေးကောင်းမယ်၊ မိဘ ဆွေမျိုးများနှင့်လည်း အဆင်ပြေအောင်ပေါင်းသင်းနိုင်မယ်ဆိုရင်တော့ သာယာတဲ့ အိမ်ထောင်ရေးကို ရမှာဖြစ်ပါတယ်။

 

သို့မဟုတ်ဘဲ ယောက်ျားအလုပ်သွားချိန်တွင် အိမ်ရှိ မိဘများနှင့် တည့်အောင်မပေါင်းနိုင်လျှင်တော့ အိမ်ထောင်ရေးကို အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

 

 

စိတ်ချမ်းသာအောင်နေရမယ်

 

ကိုယ်တကယ်ချစ်လို့ အိမ်ထောင်ပြုလိုက်တဲ့ မိန်းကလေးနဲ့ စိတ်ချမ်းသာစွာ နေရလျှင်တော့ အိမ်ထောင်ရေး အဆင်ပြေမှာဖြစ်ပါတယ်။

 

ကိုယ်ကချည်းပဲသူ့ကိုချစ်နေပြီး သူ့ဘက်က ကိုယ့်ကိုယ်တကယ်မချစ်ရင်တော့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။

 

ကောင်းမွန်တဲ့ဘ၀ကို လျှောက်လှမ်းချင်တယ်ဆိုရင်တော့ တစ်ဦးကိုတစ်ဦး ဖေးဖေးမမ တိုင်တိုင်ပင်ပင် ရှိမှ အဆင်ပြေမှာဖြစ်ပါတယ်။

 

 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times
Rate this item
(0 votes)
Tagged under