အချစ်ရေးနဲ့ဆိုင်တဲ့ အကြံပြုချက်များ

အချစ်ရေးနဲ့ဆိုင်တဲ့ အကြံပြုချက်များ google

- သင်နှင့်သင့်ချစ်သူ ရန်ဖြစ်တိုင်းမှာ အချင်းချင်းအပြစ်မတင်ဘဲ ပြဿနာရဲ့အဓိကအကြောင်းရင်းကို အရင်ရှာဖွေဖို့ ဦးစားပေးပါ။

 

- အနေဝေးနေသူတွေအနေနဲ့ အိမ်ထောင်ရေးပန်းတိုင်တွေ ချမှတ်ထားရပါမယ်။ မျှော်လင့်ချက်တွေချထားမှသာ နှစ်ဦးသား ရှေ့ဆက်စခန်းသွားဖို့ အင်အားတွေ ရလာမှာပါ။

 

- ချစ်သူရဲ့မိသားစုတွေ သူငယ်ချင်းတွေနဲ့ရင်းနှီးအောင်လုပ်ပါ။ နှစ်ဖက်စလုံးရဲ့ မိသားစုတွေသူငယ်ချင်းတွေနဲ့ရင်းနှီးတဲ့ချစ်သူတွေက ရေရှည်မှာပိုပြီးအဆင်ပြေပါတယ်။

 

- ကိုယ်စိတ်ဝင်စားနေတဲ့သူ သဝန်တိုအောင် တခြားလူနဲ့တွဲတာ/တခြားလူကိုစိတ်ဝင်စားပြတာ မလုပ်ပါနဲ့။ ဒီလိုလုပ်ရင် တစ်ဖက်သားက အထင်လွဲသွားပြီး လက်လျှော့သွားနိုင်ပါတယ်။

 

- အရင်ချစ်သူကိုမမေ့နိုင်သေးရင် နောက်ထပ်ချစ်သူတစ်ယောက် မထားသင့်သေးပါဘူး။ ချစ်သူအသစ်နဲ့ အဆင်ပြေနိုင်တဲ့အခွင့်အရေးကိုလည်း ထိခိုက်စေပါတယ်။

 

- ကိုယ်က ကြင်နာတတ်တဲ့ချစ်သူမျိုး လိုချင်ရင် ကိုယ်တိုင် ကြင်နာတတ်အောင် အရင်ကြိုးစားပါ။ ဒါမှသာ အသွင်တူတဲ့အိမ်သူကို ရှာဖွေနိုင်ဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ်။

 

- လက်တွဲဖော်ကောင်းတစ်ဦးဟာ ကိုယ့်ကို ပိုတော်တဲ့လူတစ်ယောက် ဖြစ်လာစေပါတယ်။ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် တွန်းအားပေးနိုင်မယ့် ချစ်သူမျိုးရှာပါ။

 

- ကိုယ့်ချစ်သူနဲ့ ဘယ်လောက်ပဲရင်းနှီးပါစေ ကိုယ်ရေးကိုယ်တာကိစ္စတိုင်းကို ဝင်မစွက်ဖက်ပါနဲ့။ သူက လျှို့ဝှက်ချက်တစ်ခုကို မပြောပြချင်ရင် အတင်းလိုက်မပြောခိုင်းပါနဲ့။

 

- အရေးမကြီးတဲ့ကိစ္စတွေကို ခွင့်လွှတ်ပြီး မေ့နိုင်အောင်နေပါ။ အရင်ကအမှားလေးတွေကို ပြန်ပြန်မဖော်ထုတ်ပါနဲ့။ သင့်ချစ်သူက အချစ်လျော့သွားတယ် ထင်ပါလိမ့်မယ်။


- ဝါသနာနဲ့စိတ်ဝင်စားမှုတူတာက ခံယူချက်နဲ့ယုံကြည်မှုတူတာလောက် အရေးမကြီးပါဘူး။ ခံယူချက် တူညီမှုရှိခြင်း၊ မရှိခြင်းကသာ ချစ်သူနှစ်ဦးဘယ်လောက်မြဲလဲ ဆုံးဖြတ်ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Tuesday, 07 May 2019 17:40
Rate this item
(1 Vote)
Tagged under