ခေါင်းမာပြီး တဇွတ်ထိုးဆန်တဲ့ ကောင်မလေးတွေကို ချစ်မိရင် သိထားရမယ့် အချက် (၅) ချက်

ခေါင်းမာပြီး တဇွတ်ထိုးဆန်တဲ့ ကောင်မလေးတွေကို ချစ်မိရင် သိထားရမယ့် အချက် (၅) ချက် google.com

အရမ်းခေါင်းမာပြီး လုပ်ချင်လာပြီဆို တားမရ၊ မလုပ်ချင်ဘူးဆို ခိုင်းမရ သိပ်ကို ဂဂျီဂဂျောင်ကျနေတတ်တဲ့ ကောင်မလေးတွေကို ချစ်ရတာ ထင်သလောက်တော့ မခက်ခဲပါဘူး။

 

သူတို့လေးတွေက ခေါင်းသာမာတာ၊ စိတ်ထားလေးကတော့ အရမ်းဖြူစင်ကြပါတယ်။ ခေါင်းမာတဲ့ မိန်းကလေးတွေကို ချစ်တော့မယ်ဆိုရင် သိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီအချက်လေးတွေကိုသာ သိထားရင် သင်တို့ရဲ့အချစ်ရေးက အများကြီးပိုပြီးသာယာလာမှာဖြစ်ပါတယ်။

 

 

() ချစ်ဖို့ကောင်းပါတယ်

 

ခေါင်းမာတဲ့မိန်းကလေးတွေက ထိန်းရတာ အရမ်းခက်ခဲတယ်ဆိုပေမယ့် အရမ်းလည်း ချစ်ဖို့ကောင်းပါတယ်။ သင်ပြောသမျှကိုတော့ နားထောင်မှာမဟုတ်ပေမယ့် သေချာတာကတော့ သူ့မှာလည်း သူ့အတွေးနဲ့သူ ရှိပါတယ်။ သူ့ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်တွေကို ချချင်သလို တစ်ခုခုမှားယွင်းသွားရင်လည်း သူကိုယ်တိုင်ပဲ တာဝန်ပြန်ယူမယ့် သူမျိုးဖြစ်ပါတယ်။

 

 

() စိတ်ရှင်းတယ်

 

ခေါင်းမာတဲ့ မိန်းကလေးတွေဟာ သူတို့လုပ်ချင်တာကို သူတို့နည်းသူတို့ဟန်နဲ့ ရအောင်လုပ်တတ်တယ်ဆိုပေမယ့် သူတို့ရဲ့နှလုံးသားဟာ ရေပြင်လိုပဲ ကြည်လင်ရှင်းသန့်နေပါတယ်။ သူတို့တွေဟာ ကျန်တဲ့နေရာတွေမှာ ခေါင်းမာတတ်ပေမယ့် ကလေးနဲ့သက်ကြီးရွယ်အိုတွေပေါ်မှာတော့ အရမ်းကိုသနားကြင်နာတတ်တဲ့သူတွေဖြစ်ပါတယ်။ ခံစားလွယ်သူတွေဖြစ်ပြီး အမြဲတမ်းလည်း ဒုက္ခရောက်နေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးတဲ့သူတွေဖြစ်ပါတယ်။

 

 

() ကောင်းကောင်းဆက်ဆံပါ

 

ခေါင်းမာတဲ့မိန်းကလေးကို ချစ်ပြီဆိုရင် သတိထားရမှာက သူ့ရဲ့ဘောင်ကို သွားမကျော်လိုက်ပါနဲ့။ ဒီလိုမိန်းကလေးတွေဟာ ဘောင်တစ်ခုကို အမြဲတမ်းထားတတ်ပြီး သူတို့ကိုစိန်ခေါ်တာ၊ ထိပ်တိုက်တွေ့တာ၊ ချုပ်ခြယ်တားဆီးတာမျိုး လုံးဝမလုပ်မိပါစေနဲ့။ ဒီလိုလုပ်မိရင်တော့ သင်ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သင့်ကိုစွန့်လွှတ်လိုက်မယ့်သူဖြစ်ပါတယ်။ သူ့ကို တစ်ခါလောက် နာကျင်စေလိုက်တာနဲ့ သင့်ကို နောက်တစ်ကြိမ် အခွင့်အရေး ပြန်ပေးမယ့်သူမျိုး မဟုတ်ပါဘူး။ ဒါကြောင့်သူ့ကို ကောင်းကောင်းဆက်ဆံပါ၊ မဟုတ်ရင်တော့ သူ့ရဲ့ရည်းစားဟောင်းစာရင်းထဲမှာ သင်လည်း တစ်ယောက်အပါအဝင်ဖြစ်သွားမှာပါ။

 

 

() လွယ်လွယ်မချစ်တတ်ဘူး

 

သူတို့ဟာ လွယ်လွယ်ချစ်တတ်တဲ့သူတွေ မဟုတ်ပေမယ့် တစ်ယောက်ကိုချစ်ပြီဆိုရင် တစ်ဘဝလုံးစာ ရည်ရွယ်တာပါ။ ဘယ်သူ့ကိုမှလည်း အပျော်သဘောနဲ့ တွဲမှာမဟုတ်ပါဘူး။ လွယ်လွယ်ချဉ်းကပ်လို့ မရသလို၊ လွယ်လွယ်နဲ့ ဘယ်ယောက်ျားကိုမှ နှလုံးသားပေးအပ်လေ့မရှိပါဘူး။ လူတစ်ယောက်ကို မရွေးချယ်ခင်မှာ ကောင်းကောင်းအကဲခတ်လေ့ရှိပြီး သူ့စိတ်တိုင်းကျဖြစ်မှ ရွေးချယ်ပါတယ်။ သင့်ကို သူစိတ်တိုင်းကျတယ်ဆိုရင်တော့ ဘယ်သူတွေဘယ်လောက်တားတား ဂရုစိုက်မယ့်သူလည်း မဟုတ်ပါဘူး။

 

 

() တောင်းပန်စကားပြောဖို့အရမ်းခက်တယ်

 

ခေါင်းမာတဲ့ မိန်းကလေးတွေဟာ စိတ်ထဲမှာ သူတို့ကိုသူတို့ မှားမှန်းသိနေရင်တောင် တောင်းပန်စကားပြောဖို့ သူတို့အတွက် အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့်လည်း သူတကယ်ချစ်တဲ့သူဆိုရင်တော့ သူတကယ်မှားနေတယ်ဆိုရင် ပြန်ပြီးတောင်းပန်ပါတယ်။ အဲလိုတောင်းပန်တိုင်းလည်း သူ့ရင်ထဲမှာ သူ့ကိုယ်သူ အရှုံးသမားလို့ ခံစားရတယ်ဆိုတာ သင်နားလည်ပေးပါ။ ဒါကြောင့် တစ်ခါတလေ သူမတောင်းပန်ခဲ့ရင်တောင်မှ သင့်ဘက်ကပဲ နားလည်ပေးလိုက်ပါ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 09 October 2018 15:08
Rate this item
(1 Vote)