၂၉.၃.၂၀၂၀ မှ ၄.၄.၂၀၂၀ အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း(1)
၂၉.၃.၂၀၂၀ မှ ၄.၄.၂၀၂၀ အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း(1) google
တနင်္ဂနွေသားသမီး
ဆန်၊စပါးရောင်းဝယ်ရေးကောင်းမည်။ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊လစာတိုး သတင်းကြားရမည်။နိုင်ငံခြားမှငွေရောက်မည်။
ဈေးအရောင်းအဝယ်ကောင်းသော်လည်းအနှောက်အယှက်အနည်းငယ်ကြုံတွေ့ရလိမ့်မည်။တယ်လီဖုန်းပျောက်မည်။
မိသားစုအတွင်းသို့သတင်းကောင်းဝင်မည်။နေအိမ်သို့ကျွဲကောသီးတစ်လုံးရောက်ပါက ၄ အစ ၆ အဆုံးး ထီထိုးပါ။ပညာရေးတိုးတက်မှုမရှိပါ။
ကျန်းမာရေးအနေဖြင့်ဝမ်းကိုက်မည်။အချစ်ရေးမှာညံ့ပါသည်။ချစ်သူ၏ကတိမတည်မှုကြောင့်စိတ်ညစ်ရမည်။
အိမ်ထောင်ရေးမှာလည်းအိမ်ထောင်ဖက်၏အတ္တ၊မာနကြောင့်အိမ်ထောင်ရေးသာယာမှုမရှိဘဲဖြစ်နေလိမ့်မည်။
ကံကောင်းသောဂဏန်းများမှာ(၄၊၆၊၉)ဂဏန်းများဖြစ်ပါသည်။ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင်ဖြစ်ပါသညါ။
ယတြာ တနင်္ဂနွေနေ့တွင် နေအိမ်ဘုရား၏ဘုရားစင်မှာကောက်ညင်းပေါင်းကပ်လှူပါ။
တနင်္လာသားသမီး
ဝင်ငွေကောင်းသော်လည်းငွေအနည်းငယ်အလဟဿဖြစ်မည်။စပ်တူရှယ်ယာလုပ်ငန်းအတွက်သတင်းကောင်းကြားရမည်။
မော်တော်ဆိုင်ကယ်အသစ်တစ်စီးဝင်မည်။ဝန်ထမ်းဖြစ်ပါကအလုပ်နေရာအရွှေ့အပြောင်းအတွက်သတင်းကြားရမည်။တောင်တန်းဒေသဖက်သို့ခရီးထွက်ရမည်။
ရေလုပ်ငန်းနှင့်ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှာပြဿနာအနည်းငယ်ဖြစ်မည်။နိုင်ငံရေးလုပ်ပါကအောင်မြင်မှုရရှိမည်။နေအိမ်သို့ဘူးသီးတစ်လုံးရောက်ပါက ၃ အစ ၈ အဆုံးထိထိုးပါ။
ပညာရေးကောင်းပါသည်။နိုင်ငံခြားသို့ပညာရေးအကြောင်းပြု၍သွားရလိမ့်မည်။ကျန်းမာရေးအနေဖြင့်ဇက်ကြောတက်မည်။
အချစ်ရေးမှာချစ်သူ၏စိမ်းကားရက်စက်မှုကိုခံရလိမ့်မည်။အိမ်ထောာင်ရေးမှာလည်းအိမ်ထောင်ဖက်၏စကားအပြောအဆိုကြောင့်စိတ်ညစ်ရမည်။
ကံကောင်းသောဂဏန်းများမှာ(၃၊၄၊၈)ဂဏန်းများဖြစ်သည်။ကံကောင်းသောအရောင်မှာ သပြေညိုရောင်ဖြစ်ပါသည်။
ယတြာ တနင်္လာနေ့ တနင်္လာထောင့်မှာငွေထီးနှစ်လက်ကပ်လှူပါ။
အင်္ဂါသားသမီး
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်ပြီးသတင်းကောင်းကြားရမည်။အိမ်၊အိမ်ခန်း၊တိုက်ခန်းအရောင်းအဝယ်ဖြစ်မည်။ဝင်ငွေကောင်းမည်။ဆေးရုံသို့လူနာမေးသွားရမည်။
မေးခဲ့သော်ကောင်း၏။တယ်လီဖုန်းပျောက်မည်။အစိုးရဝန်ထမ်းဖြစ်ပွကလုပ်ငန်းပြောင်းရမည်။အမိ၊အဖဦးဦးကျန်းမာရေးညံ့မည်။နေအိမ်သို့ရွှေဖရုံသီးတစ်လုံးရောက်လာပါက ၅ အစ ၉ အဆုံးထီထိုးပါ။
ပညာရေးအခြေအနေကောင်းပါသည်။ကျန်းမာရေးအနေဖြင့်လည်ချောင်းနာမည်။အချစ်ရေးမှာချစ်သူ၏အထင်လွဲမှားမှုကိုခံရမည်။
အိမ်ထောင်ရေးမှာလည်းအိမ်ထောင်ဖက်၏ဆွေမျိုးဒုက္ခပေးမည်။ကံကောင်းသောဂဏန်းများမှာ(၂၊၅၊၉)ဂဏန်းများဖြစ်သည်။ကံကောင်းသောအရောင်မှာပုလဲဖြူရောင် ဖြစ်သည်။
ယတြာ အင်္ဂါနေ့ အင်္ဂါထောင့်မှာ ဆီထမင်းကပ်လှူပါ။
ဗုဒ္ဓဟူးသားသမီး
အိမ်၊အိမ်ခန်း၊တိုက်ခန်း၊ကွန်ဒိုစာချုပ်ချုပ်ရမည်။ရရန်ရှိသောငွေများဝင်လာမည်။နိုင်ငံခြားသို့အလုပ်လုပ်ရန် ထွက်ခွာရလိမ့်မည်။တယ်လီဖုန်းဝင်မည်။
ဆန်၊စပါးရောင်းဝယ်ရေးမှာကောင်းပြီးပဲ၊ပြောင်း၊နှမ်း၊ကောက်ပဲသီးနှံရောင်းဝယ်ရေးအထစ်အငေါ့ဖြစ်မည်။အမှုရှိပါက အမှုနိုင်မည်။စိန်၊စက် အင်္ဂါနံ အရောင်းအဝယ်မှားမည်။
နေအိမ်ရှေ့ကျီးသာပါက ၃ အစ ၆ အဆုံး ထီထိုးပါ။ပညာရေးအနေဖြင့်စိန်ခေါ်မှုများရှိနေပါမည်။ကျန်းမာရေးအနေဖြင့်သွေးတိုးခြင်း၊သွေးပေါင်ကျခြင်းတစ်မျိုးမျိုးဖြစ်မည်။
အချစ်ရေးမှာချစ်သူ၏အထင်လွဲမှုကိုခံရမည်။အိမ်ထောင်ရေးမှာလည်းအိမ်ထောင်ဖက်၏ဇီဇာကြောင်မှုကြောင့်စိတ်ညစ်ရမည်။
ကံကောင်းသောများမှာ(၃၊၆၊၇)ဂဏန်းများဖြစ်သည်။ကံကောင်းသောအရောင်မှာလိမ္မော်ရောင်ဖြစ်သည်။
ယတြာ ဗုဒ္ဒဟူးနေ့ ဗုဒ္ဒဟူးထောင့်မှာ ရေသက်စေ့သပ္ပါယ်ပါ။  ကြာသပတေး၊သောကြာ၊စနေသားသမီးများအတွက်သိရှိရန်နှိပ်ပါ။
Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။
ig
zawgyi ဖြင့်ဖတ်ရန်
တနင်္ဂနွေသားသမီး
တနင်္လာသားသမီး
အင်္ဂါသားသမီး
ဗုဒ္ဓဟူးသားသမီး
Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။
Myanmar Wedding Guide
1we
Read times Last modified on Sunday, 29 March 2020 11:58
Rate this item
(1 Vote)
Tagged under