အခက်ခဲဆုံးအချိန်တွေမှာတောင် သင့်ကိုထားမသွားတဲ့ မိန်းကလေးမျိုးကသာ အကောင်းဆုံးချစ်သူပါ

အခက်ခဲဆုံးအချိန်တွေမှာတောင် သင့်ကိုထားမသွားတဲ့ မိန်းကလေးမျိုးကသာ အကောင်းဆုံးချစ်သူပါ google.com

လူတိုင်းမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေနဲ့ လုံးဝအဆင်မပြေတဲ့ အချိန်တွေ ရှိပါတယ်။

ဒီလိုအချိန်တွေမှာ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ သွေးသားရင်းတွေကတော့ ကိုယ့်ရဲ့အနားမှာ ရှိနေပေးကြတယ်ဆိုပေမယ့် သူစိမ်းတစ်ယောက်အဖို့ ဒီလိုအချိန်တွေမှာ သင့်အနားမှာ နေပေးဖို့၊ သင့်ကို ဖေးမပေးဖို့၊ သင့်ဘက်ကနေ ရပ်တည်ပေးဖို့ဆိုတာ လုံးဝကို မလွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့်လည်း သင့်ချစ်သူဟာ သင့်ရဲ့ အခက်ခဲဆုံးအချိန်တွေမှာတောင် စွန့်မသွားဘဲ သင့်ဘက်မှာ ရပ်တည်ပေးတယ်ဆိုရင်တော့ သူသာလျှင် သင့်အတွက် အကောင်းဆုံးချစ်သူဖြစ်ပါတယ်။

 

 

() သင့်ဆီကနေဘာမှမမျှော်လင့်ဘူး

 

ဒီလိုမိန်းကလေးမျိုးဟာ သင့်ဆီကနေ ဘာမှရယူလိုတဲ့ဆန္ဒ၊ မျှော်လင့်ချက်တွေ မရှိတဲ့ မိန်းကလေးဖြစ်ပါတယ်။ သင့်ဆီကနေ ရယူဖို့ထက် သူကသာ သင့်အတွက် ပေးဆပ်ချင်တဲ့ စိတ်ဓာတ်မျိုးရှိတဲ့သူပါ။ သင့်ကို ဘာလုပ်ပေးရမလဲ၊ သင်ပျော်ရွှင်ဖို့ သင့်ရဲ့ ဆန္ဒတွေပြည့်ဖို့၊ သင့်ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့အတွက် သူတတ်နိုင်သမျှ ကူညီပေးချင်တဲ့သူမျိုးဖြစ်တာကြောင့် ဒီလိုမိန်းကလေးမျိုးဟာ သင့်အတွက် အကောင်းဆုံးမိန်းကလေးဖြစ်ပါတယ်။

 

 

() သင်မပျော်ရင်သူလည်းမပျော်ဘူး

 

ဒီလိုမိန်းကလေးမျိုးဟာ သင်မပျော်ရင် သူလည်း မပျော်တဲ့သူမျိုးဖြစ်ပါတယ်။ သင်မပါဘဲ တစ်ယောက်တည်း ပျော်ရမယ့် လမ်းမျိုးကို ဘယ်တော့မှ ရွေးမှာမဟုတ်ပါဘူး။ သင်မပါဘဲ သူတစ်ယောက်တည်း ပျော်ရမှာထက်စာရင် သင်နဲ့အတူတူ ဒုက္ခခံပြီး သင့်အနားနေဖို့ကိုသာ ရွေးချယ်မယ့်သူဖြစ်ပါတယ်။ ဒီလောက်တောင် ချစ်နိုင်တဲ့ မိန်းကလေးမျိုးဟာ အရမ်းကို ရှားပါးတာကြောင့် အနားမှာရှိနေတုန်း တန်ဖိုးထားပါနော်။

 

 

() သင့်ကိုမထားခဲ့ရက်ဘူး

 

သင့်အတွက် အကောင်းဆုံးမိန်းကလေးဆိုတာ သင်ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်၊ သင်ဘယ်လောက်ပဲ အဆိုးဆုံးအခြေအနေတွေ ကြုံရကြုံရ သင့်ကို တစ်ယောက်တည်း ထားပစ်ခဲ့မယ့်သူ မဟုတ်ပါဘူး။ သင့်ကို ဒုက္ခတောထဲမှာ တစ်ယောက်တည်း ထားခဲ့ပြီး ကိုယ်လွတ်ရုန်းမယ့်သူမျိုး လုံးဝမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတာ့ သင့်ကို တစ်ယောက်တည်းထားခဲ့ပြီး သင်တစ်ယောက်တည်း ဝမ်းနည်းကြေကွဲနေတဲ့အဖြစ်မျိုးကို အတွေးထဲမှာတောင် မခံစားနိုင်တဲ့သူမျိုးဖြစ်နေလို့ပါ။

 

 

() သင့်အတွက်သူအနစ်နာခံတယ်

 

သင့်အတွက် အကောင်းဆုံးမိန်းကလေးဆိုတာ သူ့ရဲ့ဘဝကောင်းစားရေးထက် သင့်အနားမှာ ရှိဖို့၊ သင့်ကို ရွေးချယ်တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဘဝမှာ အရေးကြီးဆုံးသူတွေထဲက တစ်ယောက်ဖြစ်နေတဲ့ သင့်ကို သူ့ရဲ့ဘဝထက် ချစ်တဲ့သူပါ။ သူ့ရဲ့ ဘဝကောင်းစားရေး၊ သူ့ရဲ့ တက်လမ်းတွေနဲ့ သင်နဲ့သူကြားမှာ အနှောင့်အယှက်ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီ့အရာတွေအားလုံးကို ကျောခိုင်းဖို့လည်း ဝန်မလေးတဲ့သူဖြစ်ပါတယ်။ အကြောင်းကတော့ သူ့ဘဝရဲ့ အရာအားလုံးထက် သင်က ပိုပြီးအရေးပါနေလို့ပါ။

 

 

() သင့်ကိုယုံကြည်တယ်

 

သင့်အတွက် အကောင်းဆုံးမိန်းကလေးဆိုတာ သင့်ဘက်မှာ ဘယ်သူမှမရှိတဲ့အချိန်၊ သင့်ရဲ့ အဆိုးဆုံးအခြေအနေ၊ သင်ဘာမှဖြစ်မလာခင် အချိန်မှာကတည်းက သင့်အနားမှာ ရှိနေပေးတဲ့သူပါ။ ဒီလိုမိန်းကလေးမျိုးဟာ သင့်ဘဝရဲ့ သုညအခြေအနေမှာကတည်းက သင့်အနားမှာ ရှိနေခဲ့တဲ့အတွက် သင့်ဘဝက သုညပြန်ဖြစ်သွားရင်တောင် သူ့အတွက် အရေးမကြီးပါဘူး။ ဘယ်လိုအခြေအနေမှာမဆို သင့်ကို ယုံကြည်ပြီး သင်နဲ့သာဆိုရင် အရာအားလုံးကို ရင်ဆိုင်ရဲတဲ့သူဖြစ်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Monday, 08 October 2018 09:48
Rate this item
(1 Vote)