ချစ်သူနဲ့ လက်ထပ်တော့မယ်ဆိုရင်ဆွေးနွေးသင့်တဲ့ အရာတွေ

ချစ်သူနဲ့ လက်ထပ်တော့မယ်ဆိုရင်ဆွေးနွေးသင့်တဲ့ အရာတွေ google.com

ရှေ့ရေးအတွက်၊ အနာဂါတ်အတွက် စီမံကိန်းတွေ၊ နှစ်ဦးနှစ်ဖက် ရေရှည်ပြေလည်နိုင်ဖို့အတွက် လက်ထပ်တော့မယ်ဆိုရင် ဆွေးနွေးရမယ့် အချက်တွေရှိပါတယ်။

 

ချစ်တဲ့သူနဲ့ လက်မထပ်ချင်တဲ့သူရယ်လို့ ဒီလောကကြီးထဲမှာ တစ်ယောက်တစ်ေလတောင် ရှိမှာမဟုတ်ပါဘူး။ ဒါဟာ သေချာတဲ့အချက်ပါပဲ။ ဒါပေမယ့်လည်း ချစ်တဲ့သူနဲ့ ပေါင်းဖက်ကြတော့မယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့တော့ မပြီးဘူးလေနော်။ ရှေ့ရေးအတွက်၊ အနာဂါတ်အတွက် စီမံကိန်းတွေ၊ နှစ်ဦးနှစ်ဖက် ရေရှည်ပြေလည်နိုင်ဖို့အတွက် လက်ထပ်တော့မယ်ဆိုရင် ဆွေးနွေးရမယ့် အချက်တွေရှိပါတယ်။

 

 

() ကိုယ့်အကြိုက် သူ့အကြိုက်

 

စုံတွဲလေးတို့ရေ ချစ်သူဖြစ်နေတဲ့အချိန်မှာတော့ ခဏလေး တွေ့ရတာလေ၊ ဒီတော့ သူ့ရဲ့အကျင့်နဲ့ အကြိုက်ကို အကုန်လုံး ဘယ်သိရမလဲနော်။ လက်ထပ်လိုက်ပြီဆိုရင်တော့ မဖြစ်မနေ သိရပြီလေ။ ဒီလိုအချိန်မှာ အဆင်မပြေတာတွေ မရှိရအောင် ချစ်သူဘဝတည်းက အကုန်လုံး သိအောင် ရင်းနှီးအောင်နေပါ။

 

 

() ဘာကြောင့် လက်ထပ်ကြမလဲ

 

ချစ်သူနှစ်ဦး လက်ထပ်ခြင်းမှာ ဒီအချက်က အရေးပါ ပါတယ်။ အတူတူ ရှိနေချင်လို့၊ မခွဲချင်လို့၊ ကျန်ရှိနေတဲ့ အချိန်တွေက နှစ်ယောက် အတူတူ ဖြတ်သန်းချင်လို့ ဒီလိုမျိုး အချက်တွေအပြင် တခြားအကြောင်းတွေကြောင့်လားဆိုတာ သေချာလေး ဆွေးနွေးဖို့ လိုပါတယ်။ အတိအကျ သိရမှသာ တသက်လုံး ပျော်ရွှင်ရမှာပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ပြောင်းလဲမယ့်အချက်တွေကိုလည်း တိုင်ပင်ဆွေးနွေးရပါမယ်။ အပြင်ထွက်တဲ့ကိစ္စတွေကအစပေါ့လေ။ ဒါတွေအစတည်းက ညှိနှိုင်းထားမှသာ ရေရှည်အဆင်ပြေမှာပါ။

 

 

() မိသားစု Plan

 

မိသားစု Plan ဆိုတဲ့ နေရာမှာ စီးပွားရေး တစ်ခုတည်းတင်မဟုတ်ဘဲ ကလေး ဘယ်နှယောက် ယူမလဲ၊ ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်မလဲ ဒီလိုအချက်တွေပါ တိုင်ပင်ထားပါ။ မဟုတ်ရင် လက်ထပ်ပြီးကာမှ သဘောထား မတိုက်ဆိုင်တာတွေ ဖြစ်တတ်ပါတယ်။ လက်ထပ်ပြီး ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင်လည်း ဘယ်အချိန်လောက်မှ ယူမယ်ဆိုတာမျိုး ကြိုတင် တိုင်ပင်ထားပါ။

 

 

() အလုပ်

 

ခုခေတ်မှာက ယောကျာ်းရော၊ မိန်းမပါ အလုပ်လုပ်ကြတယ်မလား၊ ယောက်ျားတစ်ယောက်တည်းပဲ အလုပ်လုပ်တာ မဟုတ်တော့ဘူးလေ။ ဒီတော့ အိမ်ထောင်ကျသွားပြီးရင်တော့ အလုပ်နဲ့ အိမ်မှုကိစ္စတွေကို ဘယ်လို ခွဲဝေယူကြမယ်ဆိုတာမျိုး ကြိုတင် ဆွေးနွေးထားပါ။ တစ်ယောက်တစ်လှည့် ဆိုရင်တော့ အသင့်တော်ဆုံးပေါ့နော်။

 

 

() ဝင်ငွေ ထွက်ငွေ

 

နှစ်ဖက်မိဘတွေကို ပြန်လည်ပံ့ပိုးပေးမယ်ဆိုရင်တော့ အသုံးစရိတ်က ဘယ်လောက် မိဘတွေကို ကန်တော့ဖို့က ဘယ်လောက် စုဖို့က ဘယ်လောက်ဆိုပြီး တိုင်ပင်ဆွေးနွေးထားဖို့ လိုပါတယ်။ ဒါမှလည်း အိမ်ထောင်ရေးတစ်ခုမှာ ဝင်ငွေ ထွက်ငွေ စနစ်ကျမှန်ကန်နေမှာပါနော်။

မင်္ဂလာပွဲ မကျင်းပခင်မှာ ချစ်သူနဲ့ တိုင်ပင်ဆွေးနွေးသင့်တဲ့ အချက်တွေကို သေချာလေး တိုင်ပင်ဆွေးနွေးပါနော်။

 

 

Credit;Marry

Read times Last modified on Friday, 14 December 2018 09:26
Rate this item
(1 Vote)