ချစ်ရက်နဲ့ဝေးသွားစေတဲ့ အကြောင်းအရင်းများ

ချစ်ရက်နဲ့ဝေးသွားစေတဲ့ အကြောင်းအရင်းများ google.com

ငါတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ ဒီမှာ အဆုံးသတ်ပြီ၊ ငါတို့တွေ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြပါစို့ ဆိုတဲ့

စကားမျိုးဆိုတာ ချစ်သူတွေကြားမှာ မကြားချင်ဆုံးပဲဖြစ်မှာပါ။ တခါတရံမှာ အချစ်ဆိုတာဟာ အရမ်းကိုထူးဆန်းတဲ့ အခြေအနေမျိုးတွေကို ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ လေးလေးနက်နက် မရည်ရွယ်ဘဲ အပျော်ပဲတွဲမယ်ဆိုပြီး တွဲလိုက်ပြီးမှ တကယ်ချစ်သွားပြီး ဘ၀တလျှောက်လုံး လက်တွဲသွားကြတာမျိုး၊ နှစ်ယောက်သားက တကယ်ချစ်ခဲ့ကြပေမယ့် ရှေ့ဆက်လက်တွဲဖို့ အဆင်မပြေတော့လို့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ကြတာမျိုး စသဖြင့်ပေါ့။ အဲ့ဒီထဲမှာ တကယ်ချစ်ရဲ့သားနဲ့ ကွဲသွားကြတာဟာ ဘာကြောင့်လဲလို့ သိချင်နေတဲ့သူတွေအတွက် ချစ်ရဲ့နဲ့လမ်းခွဲရခြင်းအကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

အနာဂတ်ရည်မှန်းချက်တွေ အရမ်းကွဲပြားလွန်းနေတဲ့အခါ

အသွင်တူမှအိမ်သူဖြစ်တယ် ဆိုတဲ့စကားလေးက တကယ်ကိုမှန်ပါတယ်။ ချစ်သူနှစ်ယောက်က အနာဂတ်ရည်မှန်းချက်တွေအရမ်း ကွဲလွဲနေကြတဲ့အခါ စစချင်းမှာ မသိသာပေမယ့် နောက်ကြာလာတဲ့အခါ ပေါင်းစပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘဲ တဖြည်းဖြည်း ဝေးကွာလာတတ်ကြပါတယ်။ အဆင်ပြေတဲ့ အနည်းစုလည်း ရှိကြပေမယ့် အများစုကတော့ အဆင်မပြေတတ်ကြပါဘူး။

 

တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရတော့တဲ့အခါ

ချစ်သူနှစ်ယောက်ကြားမှာ ယုံကြည်မှုဆိုတာ မရှိတော့ရင် ရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ နှစ်ယောက်မှာ တစ်ယောက်က တစ်ကြိမ်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့ဖူးတဲ့အခါ အရမ်းချစ်နေကြတဲ့အချိန်မှာ မခွဲနိုင်လို့ ခွင့်လွှတ်လိုက်နိုင်ပေမယ့် အဲ့ဒီလိုအကြောင်းအရာလေးတွေက နောက်ပိုင်းမှာ ပြဿနာဖြစ်လာပြီး လမ်းခွဲရတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သစ္စာမဖောက်မိအောင် ကြိုးစားသင့်ပါတယ်။

 

နှစ်ဖက်မိသားစုဝင်တွေက လက်မခံကြတဲ့အခါ

အချစ်မှာ သူနဲ့ကိုယ်နှစ်ယောက်ပဲ ချစ်နေရင် ရပြီလို့ မတွေးလိုက်ပါနဲ့။ လူနှစ်ယောက်ချစ်ကြတဲ့အခါ အသိုင်းအ၀ိုင်းနှစ်ခုပါ အဆင်ပြေကြဖို့ လိုပါတယ်။ ဒါကြောင့် နှစ်ဖက်မိသားစုဝင်တွေက လက်မခံတဲ့အခါ ဒီအချစ်ရေးက အဆင်မပြေမှုတွေ အနည်းနဲ့အများ ကြုံတွေ့ရမှာဖြစ်ပြီး ပြတ်စဲသွားနိုင်ပါတယ်။

 

နေ့တိုင်းမှာစိတ်ညစ်စရာတွေပဲဖြစ်နေတဲ့အခါ

ပျော်ချင်လို့ ရည်းစားထားတဲ့သူတွေလည်းရှိသလို ချစ်မိသွားတဲ့အခါမှာတော့ သူနဲ့ဆိုရင် ဘ၀တလျှောက်လုံးပျော်ရွှင်ရမယ်၊ စိတ်ချမ်းသာရမယ်လို့ တွေးမိတတ်ကြတာမျိုးပါ။ ဒီတော့ တွေးထားသလိုဖြစ်မလာဘဲ နေ့စဉ်နဲ့အမျှ အကြောင်းအရာအမျိုးမျိုးကြောင့် ရန်ပဲဖြစ်နေရတယ်၊ စိတ်ညစ်နေရတယ်ဆိုရင် ဘာပြဿနာမှ ကြီးကြီးမားမားမဖြစ်ရင်တောင် အဲ့ဒီလို အသေးအမွှားလေးတွေကြောင့် အချိန်ကြာလာတဲ့အခါ လမ်းခွဲတဲ့အထိဖြစ်သွားနိုင်ပါတယ်။

 

Credit : May Thazinhtoo

Myanmar Wedding Guide 

Read times Last modified on Friday, 26 April 2019 17:47
Rate this item
(2 votes)