အင်္ဂါသားသမီးများအတွက် 2019 တစ်နှစ်စာ ကံကြမ္မာဟောစာတမ်း

အင်္ဂါသားသမီးများအတွက် 2019 တစ်နှစ်စာ ကံကြမ္မာဟောစာတမ်း

အင်္ဂါသားသမီးများဟောစာတမ်

 

စီးပွားရေး
............

စီးပွားရေးလုပ်ငန်းများအတွက် ဒီနှစ်ဟာ ကံကြမ္မာကအလုပ်သစ်စီးပွားသစ်ကိုပိုဦးစားပေးတတ်ပါတယ်။

 

လက်ရှိနေရာကိုရပ်တန့်ပြီးတော့ မှ ၁ကနေပြန်စရအောင်လို့ကံကြမ္မာကဖန်တီးပါလိမ့်မယ်။

 

အလုပ်တွေပြုတ်သွားတတ်ပါတယ်။ အလုပ်အကိုင်ကိစ္စပတ်သက်မနာလိုသူများတတ်မည်

 

ကိုယ့်စီးပွားရေးငန်းလုပ်ငန်းများ ဒုတ်နဲ့ ထိုးမယ်သူပေါ်လာတတ်သည်

 

စီးပွားရေးကိစ္စများအတွက် စိတ်ပင်ပန်းတတ်သည်၊ မိုးလင်း မိုးချုပ် လုပ်ငန်း အတွက် ရုံကန်နေရတတ်သည်၊၊

 

ကိုယ်လုပ်​​နေသည့်လုပ်ငန်းမှအောင်မှုရှိသည်။သို့သော်ကြောင်းအရာ တစ်ခုခုကြောင်

 

ပျာပြီးဒုက္ခရောက်ကိန်းရင်ဆိုင်ရတတ်သည်။ စီးပွားရေးနှောင့်နေတတ်သည်

 

မိမိလုပ်လောက်ကိုင်​​လောက်ဘယ်သူမှာအကောင်းမမြင်တတ်ပါ၊၊

 

မနာလိုသူရှိတဲ့အတွက်ကြောင့်ဒုက္ခအမျိုးမျိုးကိုရင်ဆိုင်ရတတ်သည်

 

သို့သော် ပြန်ပြီးတော့ လုပ်ငန်းအသစ်များကြုံတွေ့ရတတ်သည်

 

စီးပွားရေး လုပ်ငန်းများ ပြန်လည့်ထူမတ်လာမည်

 

နိုင်ငံရက်ခြားသွားသောလုပ်ငန်းများအကျိုးပေးတတ်သည်

 

နိုင်ငံခြားမှာအလုပ်အကိုင်လုပ်​​နေပါက ပြန်လည်တိုးတတ်လာတတ်သည်

 

ငွေရေးကြေးရေး

.....................

လက်ရှိလက်ထဲမှငွေရသလောက်မမြဲပါ။ ဝင်​​ငွေနှင့်ထွက်ငွေနှင့်မမျှတာပါ။

 

ငွေရေးကြေးရေး ကိစ္စနှင့် ဒုက္ခ အမျိုးမျိုးကို ကြုံတွေ့ရတတ်ပါသည်

 

ကိုယ်ပြန် ရစရာငွေများနှင့်ပြသာနာအမျိုးမျိုးရင်ဆိုင်နေရတတ်သည်

 

မိမိ၏မိသားစုအတွက်​​ငွေရေးကြေးရေးအခက်ခဲပြသာနာများရင်ဆိုင်ရတတ်ပါသည်

 

ကြွေးကိစ္စများနှင့်အချေးအငှါးကိစ္စများမလုပ်ပါနှင့်။

 

မိမိ၏မိသားစုအတွက်စိတ်​​သောကရောက်​​နေရတတ်သည်။ ကိုယ်ကိုယ်တိုင်က မိသားစု အပေါ်တွင်

 

ဦးစီးဦးဆောင်လုပ်ကိုင​​နေရတတ်ပါသည်။ သို့သော် 2020 မှငွေရေးကြေးရေးကိစ္စပတ်သက်ပြီး

 

ကံဇာတာ ကောင်းလာတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများအကျိုးပေးတတ်သည်

 

ကိုယ်ဘာသာကိုယ်တစ်ဦးထဲလုပ်​​နေပါကဒုက္ခအမျိုးမျိုးကိုရင်ဆိုင်​​နေရတတ်သည်

 

စက်ပစ္စည်းပတ်သက်ပြီးခဏခဏငွေထွက်တတ်သည်

 

အိမ်​​ထောင်​​ရေး

....................

အိမ်​​ထောင်​​ရေးကံဇာတာသည်​​စိတ်​​သောကရောက​​​​နေရတတ်သည်

 

အိမ်​​ထောင်​​ရေးမှာအတိုက်အခိုက်ကြုံတွေ့ရတတ်သည်။ အိမ်​​ထောင်​​ရေးမှာ မနာလိုသူများရှိလာတတ်သည်

 

ပြသာနာအမျိုးမျိုးရင်ဆိုင်ရတတ်သည်။ စိတ်ပူပင်​​သောက များရတတ်သည်

 

တစ်​​ယောက်နှင့်တစ်​​ယောက်စိတ်တိုင်းမကျမှုပြသာနာဖြစ်ရတတ်သည်

 

မျှော်လင့်ဘဲအိမ်​​ထောင်​​ရေးကွဲရတတ်သည်။ပြသာနာကြုံတွေ့ရတတ်သည်။အထူးဂရုစိုက်ပါ။

 

ပထမကတည်းကအိမ်​​ထောင်​​ရေးကံမကောင်သူများပိုအထူးဂရုစိုက်ပါ။

 

လွန်ခဲ့တဲ့ ၁နှစ်​​ကျော်၂နှစ်ကတည်းကအိမ်​​ထောင်​​ရေးပြသနာကြုံနေရတတ်သည်

 

စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်​​နေရတတ်သည်

 

အချစ်​​ရေး

.............

လူငယ် အချစ်​​ရေးပတ်သက်ပြီးအချစ်​​ဟောင်းနဲ့ကွဲနေရတတ်သည်

 

အချစ်​​ရေးတွင်အသစ်အားကိုးမိရင်ဒုက္ခရောက်ရတတ်သည်၊၊

 

မိမိကအချစ်​​ရေးပတ်သက်ပြီးမိသားစုကြောင့်ပြသာနာဖြစ်၍ကွဲကိန်းထဲကြုံတတ်ရသည်

 

မိမိရဲ့အချစ်​​ရေးပတ်သက်ပြီး ကံကြမ္မာက လမ်းမှားရောက်အောင်ရောက်ပို့တတ်သည်

 

အချစ်​​ရေးပတ်သက်ပြီးအင်္ဂါသမီးတွေအလွန်းဝမ်းနည်းကြေကွဲရမည်

 

မျှော်လင့်ထားသမျှရေစုန်မျောသွားတတ်သည်။အချစ်ကိစ္စများနှင့်ပတ်သက်ပြီ

 

တကယ်ချစ်​​နေသူများ အမြဲတမ်း လက်တွဲလာသည့်ချစ်သူများသည်ကြောင်းအမျိုးမျိုးကြောင်

 

ပြသာနာတစ်စုံတစ်ခုပြသာနာကြုံတွေ့ရတတ်သည်

 

မိသားစုပတ်သက်ပြီး

.........................

မိဘတွေမကြာခဏကျန်မားရေးညံ့တတ်သည်

 

မိသားစုတွင့် နာမည်ပျက် ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်တတ်သည်။ မိသားစု ခဏခဏပြသာနာတတ်သည်

 

မိသားစုကို ပတ်ဝင်ကျင်က ကိုယ်မမြင်ကွယ်ရာမှာသွေးထိုးမှုပြသာနာဖြစ်​​အောင်လုပ်တတ်သည်

 

ဂရုစိုက်ပါ။ မိမိကမိသားစုအပေါ်လုပ်ကိုင်​​ကျွေးမွေးချင်စိတ်ရှိသည်သို့သော်ပြသာနာအမျိုးမျိုးကြောင့်ဒုက္ခ​​ရောက်တတ်သည်

 

ကျန်းမာရေး

...............

ဒီနှစ်မှကျန်းမာရေးကတော့ မိမိရဲ့စိတ်အပေါ်မှာမူတည်ပါတယ်။ ရောဂါဗေဒအရတော့ညံ့နေတာမျိုးတွေ မတွေ့ပါဘူး။

 

ဖြစ်နိုင်တာကတော့ စိတ်နုသူတွေက ဥပါဒါန်အစွဲကြောင့် ဖြစ်တတ်တဲ့ရောဂါတွေများနေတတ်ပါတယ်။

 

ဥပမာ -ဗိုက်လေးအနည်းငယ်အောင့်ပြီဆိုတာနဲ့ အစာအိမ်များဖြစ်နေတာလား။

 

အူအတတ်များရောင်နေလားဆိုပြီးစိုးရိမ်နေတတ်တာပါ။ တစ်ခုခု အဆင်မပြေဖြစ်ရာကနေ၊

 

စိတ်ထောင်းကိုယ်ကြေဆိုသလိုမျိုးရောဂါဖြစ်ရတတ်ပါ တယ်။ သွားကိုက်တာ၊ ခရီးသွားရင် ငှက်ဖျားရှိတဲ့နေရာတွေရှောင်ပါ။

 

ခြင်ကြောင့်ဖြစ်တဲ့ရောဂါများအလွန်ပဲဖြစ်လွယ်ပါတယ်။ ရေပြောင်းမြေပြောင်းကြောင့်ဖြစ်တတ်တဲ့ရောဂါတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

 

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

 

ဗေဒင်​ဆရာထွန်းထွန်းနိုင်

Myanmar Wedding Guides

 

jjjj

Top of Form

Bottom of Form

Top of Form

Bottom of Form

Read times
Rate this item
(0 votes)
Tagged under