ကိုယ်ကြိတ်ကြွေနေတာ သူသိစေဖို့

ကိုယ်ကြိတ်ကြွေနေတာ သူသိစေဖို့ google

တစ်ဖက်သတ် တိတ်တိတ်လေး ကြိတ်ကြွေနေရတဲ့သူ ရှိနေပြီလား၊ အချစ်ဆိုတာကလည်း ကိုယ်တိုင် ဖန်တီးယူလို့ရတာ မဟုတ်ပါဘူး။

သူ့အလိုလို ဖြစ်ပေါ်လာတာမဟုတ်လား၊ သူ့အလိုလို ဖြစ်တည်လာတဲ့ အချစ်ကို ကန့်သတ်ပိတ်ပင်ဖို့ မစဉ်းဘဲနဲ့ ကိုယ်ကြွေနေတယ်ဆိုတာ သူသိအောင် လုပ်ဖို့ ကြိုးစားရမယ်နော်။ ဒါမှ အချစ်အပေါ် တာဝန်ကျေမှာပေါ့။

 

မီးစိမ်းလေး မြင်နေရရုံနဲ့ မကျေနပ်ပါနဲ့

သူ့အကောင့်လေး မီးစိမ်းတာလေး ကြည့်လိုက်၊ လိုင်းဘယ်အချိန်ဆင်းသွားလဲ ကြည့်လိုက်နဲ့ ကျေနပ်မနေပါနဲ့။ သူ့အချစ်ကို ရဖို့ ကိုယ်ကြိတ်ကြွေနေတာကို သူသိဖို့ မသိမသာလေး ကြိုးစားရပါမယ်။ သူနဲ့ စကားပြောဖို့ ကြိုးစားပါ။ သူ့ကိုတွေ့ရင် ခြေမကိုင်မိ၊ လက်မကိုင်မိတွေဖြစ်ပြီး ရှောင်ဖယ်နေလေ့ရှိတယ်မလား၊ အဲဒီလိုမလုပ်ဘဲနဲ့ သူနဲ့ရင်းနှီးအောင် စကားပြောပါ။ Cb မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် စကားပြောပါနော်။

 

ဘယ်လို စကားစပြောမလဲ

ကိုယ်ကြိတ်ကြွေနေတဲ့သူက အလုပ်ထဲကဆိုရင်လည်း အလုပ်အကြောင်းတွေ သွားမေးတာမျိုး၊ သင်တန်းက ဆိုရင်လည်းစာမေးတာမျိုး၊ ဒီနေ့ သင်တန်းလာမှာလားပေါ့။ ဒါမျိုးလေးတွေ အစဖော်ပြီး ပြောပေးပါနော်။

 

သူ့အကြောင်းလေးတွေ သိနေပါစေ

ကိုယ်ကြိတ်ကြွေနေတဲ့သူရဲ့ အကြိုက်လေးတွေ၊ မကြိုက်လေးတွေကို သိနေအောင် လုပ်ထားပါ။ သူက အေးဆေးနေတတ်တဲ့သူလား၊ ဂိမ်းဆော့တာ ကြိုက်လား၊ ကြောင်လေးခွေးလေးတွေ ချစ်တတ်လား ဒါမျိုးလေးတွေ သိထားသင့်ပါတယ်။ ဒီလိုမှ သူ့ကို မသိမသာလေး ချဉ်းကပ်ရတာ လွယ်မှာပါ။

 

သူ့ကို ရည်ရွယ်တဲ့ စာလေးတွေ တင်ပါ

My day မှာပဲဖြစ်ဖြစ် သူ့ကို ရည်ရွယ်တဲ့ စာလေးတွေ တင်ပါနော်။ သူ မှန်းသိအောင်တော့ ကြိုးစားနော်။ မဟုတ်ရင်တခြားသူ ရှိနေတယ်ထင်နေမှာလည်းစိုးရတယ်လေ။ ဒီတော့ သူက ဂိမ်းအရမ်းဆော့တယ်ဆိုရင် " ဂိမ်းအများကြီးဆော့လို့ သူ မျက်စိတွေ ညောင်းနေတော့မှာပဲ " ဒါမျိုးလေးတွေပေါ့နော်။

 

သူနဲ့တွေ့တဲ့အခါ

ကိုယ်ကြိတ်ကြွေနေရတဲ့သူနဲ့တွေ့ရင် ရှောင်ဖယ်မနေဘဲ အကြည့်ချင်းဆုံအောင် လုပ်ပါနော်။ ဒီအချက်က သိပ်ကို အရေးကြီးပါတယ်။ ချစ်ခြင်းအစ အကြည့်က ဆိုသလိုပေါ့။ ကြိတ်ကြွေနေတဲ့သူ တွေ့ရင် ကြည့်ဖြစ်အောင် ကြည့်ပါနော်။

 

ကိုယ်ကြိတ်ကြွေနေတဲ့သူရှိရင် ဆောင်ရွက်ရမှာလေးတွေသိရပြီဆိုတော့အကောင်းဆုံးချဉ်းကပ်နိုင်ပြီး ချစ်သူတွေအမြန်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

Source : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 14 February 2019 15:53
Rate this item
(1 Vote)
Tagged under