ချစ်သူသက်တမ်းကြာလာရင် ဖြစ်လာတတ်တဲ့ ပြဿနာများကနေ ကျော်လွန်ပြီးရင်

ချစ်သူသက်တမ်းကြာလာရင် ဖြစ်လာတတ်တဲ့ ပြဿနာများကနေ ကျော်လွန်ပြီးရင်
နှစ်နဲ့ချီပြီးတွဲလာတဲ့ ချစ်သူ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စတွေကြောင့်ပဲ…
 
ချစ်သူသက်တမ်းကြာလာရင် ဖြစ်လာတဲ့ ပြဿနာက ပြောစရာရှားလာတယ်။ ဒါ ပေါ့သေးသေး ပြဿနာမဟုတ်ဘူးနော် …။
 
နှစ်နဲ့ချီပြီး တွဲလာတဲ့ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စကြောင့်ပဲ ဘာပြောရမှန်းမသိတာ ပြောသမျှတွေကို အပိုတွေလို့ ထင်သွားတာ သိပ်အန္တရယ်ကြီးပါတယ် …။
 
ဥပမာ – ချစ်သူဖြစ်ကာစ ဖုန်းပြောရင် ဘယ်နှစ်နာရီကြာလည်း နှစ်နဲ့ချီလာတော့ မိနစ်တွေ နည်းသွားတယ်။ လိုရင်းပဲ ပြောကြတော့တယ် …။
 
နောက်ပိုင်း ဖုန်းခေါ်တာတောင် သိပ်မရှိတော့ဘူး။ ဒါ မချစ်တော့တာလား ဆိုတော့လည်း မဟုတ်ဘူး။
 
တစ်ယောက်နဲ့ တစ်ယောက်က နှစ်နဲ့ချီပြီး တွဲလာတာ ချစ်တာပေါ့ …။
 
ဒါပေမယ့် ဘာပြောရမှန်း မသိတာရယ်၊ ကိုယ့်ဘာသာကိုယ် နေချင်တာရယ်၊ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ချင်တာရယ်တွေနဲ့ ပေါင်းပြီး စကားမပြောဖြစ် တော့တာပဲ …။
 
ချစ်တယ်ဆိုတာကို ပြောရမှာတောင် တစ်မျိုးကြီး ဖြစ်နေတာမျိုး ဖြစ်လာတယ်။
 
မပြောဖြစ်ကြရင်း မပြောဖြစ်ကြရင်းနဲ့ စိမ်းလာတယ်။ အဲ့အချိန်က ပြတ်ဖို့ အလွယ်ဆုံးအချိန်၊ ကြားလူဝင်ဖို့ အကောင်းဆုံးအချိန်ပဲ …။
 
မယုံမရှိနဲ့ နှစ်တွေအကြာကြီး တွဲလာတဲ့သူတိုင်း ဒီ Feeling ကိုသိပါတယ်။
 
ဒါ သိပ်ရင်းနှီးလာလို့လည်း ဖြစ်နိုင်သလို၊ ငါပိုင်သွားပြီဆိုတဲ့ စိတ်နဲ့ ပစ်ထားမိတာလည်း ဖြစ်နိုင်တယ် …။
 
အဲ့အခိုက်အတံ့လေးကို ကျော်လွန်သွားပြီဆိုရင် အရမ်းလက်ထပ်ချင်တဲ့ စိတ်တွေပေါ်လာမယ် ။
 
ပြီးရင် လက်ထပ်ဖို့တိုင်ပင် အနာဂတ်ကိုတွေးပြီး အချစ်က တဖန်ပြန်လတ်ဆတ်လာမယ်
 
အားလုံး အဲ့အခိုက်အတန့်လေးကို သေချာ ဂရုတစိုက်နဲ့ ငါပစ်ထားမိပြီလား ငါတို့ စကား မပြောဖြစ်တာ မတွေ့ဖြစ်တာ
 
ကြာနေပြီလား ငါတို့ လက်ထပ်ဖို့ တိုင်ပင်သင့်ပြီလား လို့တွေးပြီး အချင်းချင်းညှိနှိုင်းရင်း ကျော်လွန် သွားနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် …။
 
Achawlaymyar
 

Additional Info

  • ordering: 0
Read times Last modified on Thursday, 28 January 2021 12:18
Rate this item
(0 votes)