ကမ္ဘာ့သမိုင်းဝင် အဖိုးတန်နီလာကျောက်များ

ကမ္ဘာ့သမိုင်းဝင် အဖိုးတန်နီလာကျောက်များ Kyauk Sein

အဖိုးတန်ကျောက်မျက်ရတနာများဟာ ရှားပါးပြီးတန်ဖိုးရှိတဲ့အပြင် ထူးခြားစွာလှပတင့်တယ်မှုတွေနဲ့လည်းပြည့်စုံတာပဲဖြစ်ပါတယ်။

 

သို့ပေမယ့်လည်း ကျောက်မျက်ရတနာတွေထဲမှာမှမှတ်တမ်းတင်ခြင်းခံရပြီးအသိအမှတ်ပြုခြင်းခံရတာကတော့ ရှားပါးတာပဲဖြစ်ပါတယ်။ ထူးခြားတဲ့ ဂုဏ်အဂါၤရပ်တွေနဲ့အညီလှပတင့်တယ်မှုတွေနဲ့ပြည့်စုံနေတဲ့ကမ္ဘာ့သမိုင်းဝင်တဲ့အကြီးမားဆုံးနီလာကျောက်တွေရဲ့အကြောင်းကိုယနေ့မှာတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။


Star of Adam

Star of Adamလို့အမည်ရတဲ့နီလာကျောက်ကတော့ အပြာနုရောင်ရှိတဲ့ ကြယ်နီလာကျောက်ပဲဖြစ်ပါတယ်။ ၎င်းကျောက်ကိုတော့ 2016ခုနှစ်မှာစတင်တွေ့ရှိကာယခင်ကသမိုင်းဝင်ခဲ့တဲ့အကြီးမားဆုံးနီလာကျောက်တွေကိုကျော်လွန်ပြီးထိပ်ဆုံးနေရာကိုရောက်ရှိခဲ့တာပါ။ သီရိလကာၤမှာရှိတဲ့ ကျောက်မျက်ပညာရှင်တွေဟာဆိုရင် ဒီStar of Adamဟာ ဒေါ်လာသန်းသုံးရာလောက်တန်ကြောင်းနဲ့ အလေးချိန် ၁၄၀၄.၄၉ကာရက်ရှိကြောင်းလဲပြောခဲ့ကြတာပါ။ ယခုအခါStar of Adamကို ပုဂ္ဂလိကအနေနဲ့ပိုင်ဆိုင်ထားတာဖြစ်ကြောင်းသိရပါတယ်။ သူ့ကိုတွေ့ရှိခဲ့တာကတော့ အဖိုးတန်ကျောက်မျက်များရှိရာ သီရိလင်္ကာနိုင်ငံ၊ ရက်နာပူရာမှာတွေ့ရှိတာဖြစ်ပါတယ်။

 

The Black Star of Queensland 

No description available.

၎င်းနီလာကျောက်ကိုလည်းသီရိလကာၤနိုင်ငံမှာပဲ ၁၉၃၀ခုနှစ်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၎င်းနီလာကျောက်ဟာ ခရမ်းပြာရောင်အရောင်အသွေးရှိတာဖြစ်ပြီး မြင်ရသူကိုဆွဲဆောင်နိုင်တဲ့ဂုဏ်သတ္တိလည်းရှိတာဖြစ်ပါတယ်။ ၎င်းနီလာကျောက်ရဲ့အလေးချိန်ကတော့ ၁၈၂ကာရက်ခန့်ရှိတာဖြစ်ပြီး ယခုအခါ Smithsonian Museum(စမစ်ဆိုးနီးယန်းပြတိုက်)မှာထားရှိတယ်လို့သိရပါတယ်။ ၎င်းနီလာကျောက်ဟာလည်း ကြယ်ပုံသဏ္ဍာန်ရှိတာဖြစ်ပါတယ်။

 

 

The Star of India


သီရိလကာၤမှာ တွေ့ရှိထားတဲ့နီလာကျောက်ဖြစ်ပြီး အလေးချိန် ၅၆၃.၃၅ကာရက်တောင်ရှိတာဖြစ်ပါတယ်။ ၎င်းနီလာကျောက်ဟာ မြင်တွေ့ဖူးနေကျကြယ်နီလာကျောက်တွေလိုမဟုတ်ပဲ ကျောက်မျက်နှာပြင်နှစ်ဖက်စလုံးမှာ ကြယ်ပုံသဏ္ဍာန်ရှိတာဖြစ်ပါတယ်။Star of Adamကိုမတွေ့ရှိသေးခင်အထိတုန်းက Star of Indiiaနီလာကျောက်ဟာ အကြီးမားဆုံးနီလာကျောက်ဖြစ်ခဲ့တာပါ။ ယခုအခါ Star of Indiaကိုအမေရိကန်သဘာဝသမိုင်းပြတိုက်မှာထားရှိတယ်လို့သိရပါတယ်။

 

 

The Logan Sapphire

Eight Famous Sapphires and the Stories Behind Them - Gem Society

The Logan Sapphireကတော့ကျောက်ရဲ့ ဖြတ်တောက်ပုံလည်းသေသပ်လှပတဲ့အပြင် အရည်အသွေးအရလည်းတောက်ပကြည်လင်တဲ့နီလာကျောက်ပဲဖြစ်ပါတယ်။ အလေးချိန်အရ ၄၂၂.၉၉ကာရက်တောင်ရှိတာဖြစ်ပြီး ၎င်းနီလာကျောက်ဟာ ကျောက်အရှေ့မျက်နှာပြင် သွေးထားတဲ့ကျောက်မျက်အရည်အသွေးရှိတဲ့နီလာကျောက်တွေထဲမှာမှကမ္ဘာ့ဒုတိယအကြီးဆုံးနီလာကျောက်ပဲဖြစ်ပါတယ်။ The Logan Sapphireဟာ စိန်အလုံးပေါင်း၂၀ခန့်ဝန်းရံကာရင်ထိုးအနေနဲ့ဆင်ယင်ထုံးဖွဲ့ထားတဲ့နီလာကျောက်ပဲဖြစ်ပါတယ်။ ၎င်းနီလာကျောက်ကိုလဲ Smithsonian Museumမှာပဲထားရှိကာပြသထားတယ်လို့သိရပါတယ်။

 

 

Gold & Jewellery Buying Guide

Source: KyaukSein

Additional Info

  • ordering: 0
Read times Last modified on Tuesday, 15 December 2020 15:55
Rate this item
(0 votes)