ဆော်ဒီအာရေဗျတွင် ရွှေသတ္တုသိုက်များ တွေ့ရှိ

ဆော်ဒီအာရေဗျတွင် ရွှေသတ္တုသိုက်များ တွေ့ရှိ

ဆော်ဒီအာရေဗျတွင် ရွှေသတ္တုသိုက်များ တွေ့ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဆော်ဒီအာရေဗျနိုင်ငံမှ  Saudi Arabian Mining Company (Maaden) က ရွှေသတ္တုသိုက်များ တွေ့ရှိကြောင်း၊ ရွှေသတ္တုရိုင်း တူးဖော်မှု တိုးချဲ့ လုပ်ကိုင်နိုင်ရန် အလားအလာကောင်းများ ရှိကြောင်း ကြေညာချက် ထုတ်ပြန်ပါသည်။ 

ဆော်ဒီအာရေဗျနိုင်ငံ Makkah  ဒေသတွင် လက်ရှိ လုပ်ကိုင်နေသည့် ရွှေကြော Mansourah Massarah သတ္တုတွင်း၏ တောင်ဘက်တွင် အလျား ကီလိုမီတာ ၁၀၀ ဝန်းကျင် ရှိသည် ရွှေကြောအသစ်တစ်ခုကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

 

၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သော  ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေခဲ့ရာတွင် ပထမဆုံးမြင်သာထင်သာသောရလဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု Maaden ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

photo_2024-01-07_14-38-01.jpg

 

နေရာအမျိုးမျိုးမှ နမူနာများတွင် ရွှေပါဝင်သည့်နှုန်း မြင့်မားသည့် နမူနာများ ရရှိခဲ့သည်။ နှစ်နေရာမှ နမူနာများတွင် သတ္တုရိုင်း တတန်လျှင် ရွှေ ၁၀.၆ ဂရမ် ပါသော နမူနာနှင့် ၂၀.၆ ဂရမ် ပါသည့် နမူနာတို့ ပါဝင်သည်။ 

 

ယခုလို နမူနာကောင်းများ တွေ့ရှိသဖြင့် အစမ်းတူးဖော်ပြီး နမူနာ ရယူခြင်းများကို ၂၀၂၄ ခုနှစ်အတွင်း ဆက်လပ်လုပ်ဆောင်သွားရန် Maaden က စီစဉ်ထားသည်။ 

 

photo_2024-01-07_14-38-07.jpg

 

 

အဆိုပါ ရွှေသတ္တုရိုင်း တူးဖော်ရေး စီမံကိန်းတွင် ဆော်ဒီအာရေဗျ အစိုးရ၏ Public Investment Fund (PIF)  က ၆၇%  ပိုင်ဆိုင်ထားသည်။ 

 

 

Mansourah Massarah သတ္တုတွင်းမှ ခေတ်ပေါ် နည်းပညာများဖြင့် ရွှေသန့်စင် ထုတ်လုပ်လျက် ရှိပြီး ၂၀၂၂ ခုနှစ်တွင် ရွှေသား ၁၁,၉၈၂.၈၄ အောင်စ ထုတ်လုပ်ခဲ့ပါသည်။ 

Source ToI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)