စိန်ဝယ်နည်းလမ်းညွှန်

စိန်ဝယ်နည်းလမ်းညွှန်

စိန်သည် မြန်မာနိုင်ငံတွင် အနည်းငယ်သာထွက်ရှိပါသည်။

 

အများစုစိန်များမှာ အာဖရိကမှ တင်သွင်းလာပြီး အိန္ဒိယနိုင်ငံတွင် စိန်သွေးခြင်းနှင့် အရောင်တင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ အချို့ သော သွေးပြီးသားနှင့် အရောင်တင်ပြီးသားစိန်တို့ကို ဘယ်လဂျီယမ်နိုင်ငံမှလည်း တင်သွင်းလေ့ ရှိသည်။ သို့သော် ဈေးပိုကြီး သည်။

 

စိန်တစ်လုံး၏ အရည်အသွေးနှင့် တန်ဖိုးကို သတ်မှတ်ရာတွင် Colour အရောင်အသွေး၊ Clarity အပြစ်အနာ အဆာကင်းစင်မှု၊ Cut အကွက်ဖော်ပုံနှင့်သွေးပုံ၊ Carat အလေးချိန်အရွယ်အစားတို့ စသည့် C လေးလုံးပေါ်တွင် မူတည်သည်။ ထိုစံသတ်မှတ်ချက်များကို မြန်မာနိုင်ငံမှလည်း လိုက်နာသည်။ အရောင် အသွေး၊ အပြစ်အနာ အဆာကင်းစင်မှု၊ အကွက်ဖော်ပုံနှင့်သွေးပုံ၊ အလေးချိန်အရွယ်အစား စသည်တို့သည် တစ်ဦးချင်းရွေးချယ်ဝယ်ယူမှုတွင် များစွာအသုံးမဝင်တော့သော်လည်း ရင်းနှီးမြှုပ်နှံရန်အတွက် ဝယ်ယူခြင်း တွင်မူ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

Carat Weight

 

အပြစ်အနာအဆာကင်းစင်မှု

 

အပြစ်အနာအဆာကင်းစင်မှုသည် စိန်အများစုတွင် မပြည့်စုံမှုများ၏ အရွယ်အစားနှင့် အရေအတွက်ကို တိုင်းထွာသော ယူနစ်တစ်ခုဖြစ်သည်။ ယင်းအပြစ်အနာအဆာများကို သာမန်မျက်စိဖြင့် မြင်နိုင်စွမ်းမရှိပေ။ စိန်များတွင် အနည်းဆုံးနှင့် အသေးဆုံး အပြစ်အနာရှိသောစိန်သည် အမြင့်ဆုံး အပြစ်အနာအဆာကင်း ဇယားတွင်ပါဝင်ပြီး ဈေးအကြီးဆုံးဖြစ်သည်။ ရည်ရွယ်ချက်မှာ စိန်တစ်လုံးသည် အမြင်ကြည်လင် နေမှုပင်ဖြစ်သည်။ ဆိုလိုသည်မှာ အပြစ်အနာအဆာများကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ အပြစ်အနာ အဆာကင်းသောစိန်သည် အလွန်ရှားသည်။ မြန်မာပြည်တွင် ရောင်းချသော စိန်အများစုမှာ VS1 ဖြစ်သည်။

 

Flawless- internally flawless- အတွင်းအနာအဆာကင်းစင်ခြင်း

Very, very slight inclusions – အပြစ်အနာအဆာ အလွန့်အလွန်နည်းပါးခြင်း

Very slight inclusions - အပြစ်အနာအဆာ အလွန်နည်းပါးခြင်း

Slight inclusions - အပြစ်အနာအဆာနည်းပါးခြင်း

Imperfect – inclusions can be visible to the naked eye – အပြစ်အနာအဆာများကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်ခြင်း

 

အလေးချိန်

ကာရက်သည် စိန်ကိုချိန်တွယ်သော အလေးချိန်ဖြစ်သည်။ လေးလံသောစိန်သည် ကြီးမားခြင်းကိုမပြပေ။ ကာရက်အလေးချိန်ကို အခြားအရည်အသွေး ၂ ခုဖြင့်လည်းဆုံးဖြတ်ပေးသည်။ စိန်၏ ထိပ်ဖူး အကွာအဝေးကို မီလီမီတာဖြင့် တိုင်းထွာသည်။ စိန်၏သွေးမှုအဆင့်အတန်းကိုလည်းပြသည်။ စိန်ထိပ်ဖူး အကျယ်သည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် စိန်၏အလေးချိန်ကို ကာရက်ဖြင့် မတိုင်းဘဲ ဒေသအခေါ် ရတီဖြင့် တိုင်းသည်။ ၁ ကာရက်သည် ၁.၂ ရတီရှိသည်။ မြန်မာနိုင်ငံရှိ စိန်အများစု၏ အလေးချိန်မှာ ဝ.၁ မှ ၂၀ ရတီအထိ ရှိသည်။

 

စိန်၏အလေးချိန်ရွေးချယ်မှုမှာ ဝယ်သူတစ်ဦးချင်း၏ အကြိုက်နှင့် ဓနအင်အားအပေါ်တွင် မူတည်သည်။ စိတ်တွင်စွဲမှတ်ထားကြသည်မှာ လက်သေးလေ စိန်ကြီးလေ ပိုမိုပေါ်လွင်လေ ဖြစ်သည်။

 

 

Gold & Jewellery Buying Guide

Read times Last modified on Thursday, 12 November 2020 15:49
Rate this item
(0 votes)