လက်ထပ်လက်စွပ်ကို ဘာကြောင့် ညာဖက်လက်သန်းကြွယ်မှာပဲ ဝတ်ဆင်ကြတာလဲ

လက်ထပ်လက်စွပ်ကို ဘာကြောင့် ညာဖက်လက်သန်းကြွယ်မှာပဲ ဝတ်ဆင်ကြတာလဲ google

အနောက်တိုင်း ရော အရှေ့တိုင်းမှာပါထိမ်းမြား မင်္ဂလာဆောင်ကြလို့ လက်ထပ်လက်စွပ်အပြန်အလှန် ဆင်မြန်းပေးကြတဲ့အခါ ညာဖက်လက်သန်းကြွယ် မှာပဲ ဝတ်ဆင်ကြတာသတိထားမိမှာပါ။

 

 

ဒီအယူအဆဟာ ရှေးခေတ် ရောမလူမျိုးတွေထံကဆင်းသက်လာတာဖြစ်ပါတယ်။ လူတွေရဲ့ ညာဖက် လက်သန်းကြွယ်ဟာ လူ့နှလုံးနဲ့သွေးကြောချင်း တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ရိုမန်တွေက ယုံကြည်ခဲ့ကြပါတယ် ။ဒါကြောင့် လူနှစ်ဦး ချစ်ခင်စုံမက်ကြတဲ့အခါ ဆင်တူ ပိုင်ဆိုင်ကြတဲ့လက်ထက်လက်စွပ်ကို ညာဖက်လက်သန်းကြွယ် မှာ ဝတ်ဆင်ခြင်းအားဖြင့် လူချင်းသာမက စိတ်နှလုံးချင်း အလွယ်တကူ ဆက်သွယ်နိုင်တယ်လို့ ရိုမန်တွေက ဆိုပါတယ်။

 

 

ဒီအယူအဆကို လက်တင်ဘာသာစကားအရ"Vena Amoris " ( သွေးကြောထဲက ချစ်ခြင်းမေတ္တာ ) လို့သုံးနှုန်းခဲ့ကြပါတယ်။ Vena Amoris ဟာ ယနေ့ခေတ် သိပ္ပံလေ့လာချက်တွေအရတော့ အတိအကျကိုက်ညီမှု မရှိလှပါဘူး။ ဘာကြောင့်ဆို လူတွေရဲ့ နှလုံးသားဟာ ညာဖက်လက်သန်းကြွယ်မှမဟုတ်ဘဲ အခြားသော လက်ချောင်းအားလုံးနဲ့ ဆက်စပ်နေတာဖြစ်လို့ပါ။ အဲ့အတွက် မင်္ဂလာလက်စွပ်ကို ဘယ်လက်ချောင်းမှာ ဝတ်သည်ဖြစ်စေ နှလုံးသားချင်း ဆက်သွယ်ဖို့အခွင့်အလမ်းတွေရှိနေပါတယ်။

 

သို့ပေမယ့် အများစုကတော့ခေတ်တွေဘယ်လောက်ပြောင်းလာလာ ရှေးထုံးမပယ်ဖဲ ညာဖက်လက်သန်းကြွယ်မှာပဲ လက်ထပ်လက်စွပ်ကို ဆင်မြန်းလေ့ရှိကြပါတယ်။

 

 

Credit;Lungemedia

Read times Last modified on Monday, 07 January 2019 11:15
Rate this item
(1 Vote)