စိန်၏အရောင်များ

စိန်၏အရောင်များ

စိန်သည် မြန်မာနိုင်ငံတွင် အနည်းငယ်သာထွက်ရှိပါသည်။

 

မြန်မာနိုင်ငံတွင် ရောင်းချနေသော အများစုစိန်များမှာ အာဖရိကမှ တင်သွင်းလာပြီး အိန္ဒိယနိုင်ငံတွင် စိန်သွေးခြင်းနှင့် အရောင်တင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။အချို့ သော သွေးပြီးသားနှင့် အရောင်တင်ပြီးသားစိန်တို့ကို ဘယ်လဂျီယမ်နိုင်ငံမှလည်း တင်သွင်းလေ့ ရှိသည်။ သို့သော် ဈေးပိုကြီး သည်။

 

စိန်တစ်လုံး၏ အရည်အသွေးနှင့် တန်ဖိုးကို သတ်မှတ်ရာတွင် Colour အရောင်အသွေး၊ Clarity အပြစ်အနာ အဆာကင်းစင်မှု၊ Cut အကွက်ဖော်ပုံနှင့်သွေးပုံ၊ Carat အလေးချိန်အရွယ်အစားတို့ စသည့် C လေးလုံးပေါ်တွင် မူတည်သည်။ ထိုစံသတ်မှတ်ချက်များကို မြန်မာနိုင်ငံမှလည်း လိုက်နာသည်။ အရောင် အသွေး၊ အပြစ်အနာ အဆာကင်းစင်မှု၊ အကွက်ဖော်ပုံနှင့်သွေးပုံ၊ အလေးချိန်အရွယ်အစား စသည်တို့သည် တစ်ဦးချင်းရွေးချယ်ဝယ်ယူမှုတွင် များစွာအသုံးမဝင်တော့သော်လည်း ရင်းနှီးမြှုပ်နှံရန်အတွက် ဝယ်ယူခြင်း တွင်မူ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

 

Diamond Clarity Chart – 8+ Free Word, PDF Documents Download | Free &  Premium Templates

အရောင်

အကောင်းဆုံးအရည်အသွေးရှိစိန်များသည် အရောင်မရှိရပါ။ အရောင်အဆင့်အတန်းခွဲခြားမှု ဇယားသည် စိန်တစ်လုံး၏ အရောင်မဲ့မှု၊ အခြေအနေကို တိုင်းတာပြသော ဇယားဖြစ်သည်။ ဈေးအကြီးဆုံးစိန်မှာ D အမျိုးအစားဖြစ်ပြီး ဈေးအပေါဆုံးစိန်မှာ S-Z ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကရောင်းချသော စိန်များ၏ အရောင်မှာ J, K-M တို့ဖြစ်သည်။

Diamond color chart - စိန်အရောင်ဇယား

Colorless - အရောင်မဲ့

Near Colorless - အရောင်မဲ့လုနီးပါး

Near Colorless Slightly Tinted - အရောင်မဲ့လုနီးပါးနှင့် အရောင်ဖျော့

Faint Yellow – အရောင်ဝါ

Very Light Yellow - အဝါရောင်အလွန်ဖျော့ဖျော့

Light Yellow – အဝါရောင်ဖျော့ဖျော့

Yellow - အဝါရောင်

 

Gold & Jewwllery Buying Guide

 

 

Read times Last modified on Wednesday, 11 November 2020 15:14
Rate this item
(1 Vote)