အသုံးချရွှေသင်္ချာ

အသုံးချရွှေသင်္ချာ Google

ရွှေဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေတချို့ ရွှေသွားချွတ်တဲ့အခါ ကိုယ်သွားချွတ်တဲ့ အထည်ပျက်နဲ့ ပြန်ရတဲ့ အခေါက်ရွှေကို ကြည့်ပြီး ဘယ်လောက်နှုန်းတင်လဲ (ကျွတ်နှုန်းဘယ်လောက်ရှိလဲ) ဆိုတာကို အလွယ်တကူတွက်ယူသိရှိနိုင်တဲ့နည်းလေးဖော်ပြပေးလိုက်ပါတယ်။

 


ရွှေကျွတ်နှုန်းအလွယ်တွက်နည်း
----------------------------------
ချွတ်ပြီးရရှိသည့်အခေါက်ရွှေအလေးချိန်(ကျပ်ဖွဲ့ပြီး)ကို မချွတ်ရသေးခင်ရှိသည့်အထည်ပျက် အလေးချိန်(ကျပ်ဖွဲ့ပြီး) ဖြင့် စားပါ။ ရရှိသည့်အဖြေကို ပဲရည်ဖြင့်သိလိုလျှင် 16 ဖြင့်မြှောက်၍ပဲရည်ပြန်ဖွဲ့ပါ။ အကယ်၍ စက်ပွိုင့်(Density)နှုန်းဖြင့်သိလိုလျှင် 19.32 ဖြင့်မြှောက်ပါ။


အခေါက်ရွှေအလေးချိန်(ကျပ်) ÷ အထည်ပျက်အလေးချိန်(ကျပ်) x 16 = ရွှေတင်နှုန်း(ပဲရည်)
အခေါက်ရွှေအလေးချိန်(ကျပ်) ÷ အထည်ပျက်အလေးချိန်(ကျပ်) x 19.32 = ရွှေတင်နှုန်း(Density- စက်ပွိုင့်)

ဥပမာ။ ။ ရွှေအထည်ပျက် 12 ကျပ် 1 ပဲ 4 ရွေး ကို သွားချွတ်(သန့်စင်)သောအခါ ပြန်လည်ရရှိသည့် အခေါက်ရွှေအလေးချိန်မှာ 10 ကျပ် 15 ပဲ 3 ရွေး ဆိုပါစို့။ ရွှေတင်နှုန်းကို တွက်ယူကြည့်လိုလျှင် အရင်ဆုံးရွှေအလေးချိန်များကို ကျပ်သားဖွဲ့ပါ။
12ကျပ် 1 ပဲ 4 ရွေး ကို ကျပ်ဖွဲ့သော်… 12.09375ကျပ်သား
10ကျပ် 15 ပဲ 3 ရွေး ကိုကျပ်ဖွ့ဲသော်.. 10.9609375 ကျပ်သား ရရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်… 10.9609375 ÷12.09375 x 16 = 14.50129198 ဆိုသောအဖြေဖြစ်၍ ရွှေတင်နှုန်း ၁၄ဲ ၂ပြားဟု တွက်ယူသိရှိနိုင်ပါသည်။

 

စက်ပွိုင့်(Density) ဖြင့်သိလိုသော်..
10.9609375 ÷12.09375 x 19.32 = 17.51031 ဆိုသောအဖြေဖြစ်၍ ရွှေတင်နှုန်း စက်ပွိုင့်အရ 17.51 ဟု တွက်ယူသိရှိနိုင်ပါသည်။
*****M+ , M- , MR ခလုတ်များပါသော ဂဏန်းပေါင်းစက်များတွင် အလွယ်တကူ စက်ရိုက်၍တွက်ယူနိုင်သော နည်းပါဝေမျှပေးလိုက်ပါတယ်။

အရင်ဆုံး ချွတ်ပြီးရရှိသော အခေါက်ရွှေအလေးချိန်ကို ကျပ်ဖွဲ့၍ M+ ကိုနှိပ်ပါ။ ၎င်းနောက် ကိုယ်ချွတ်ရန်ယူသွားသော အထည်ပျက်ရွှေအလေးချိန်ကို ကျပ်ဖွဲ့ပြီးနောက် အစားလက္ခဏာခလုတ်(÷)နှစ်ကြိမ်(k မပေါ်သောစက်တွင် တစ်ကြိမ်သာ) နှိပ်၍ ရာခိုင်နှုန်း % ခလုတ်ကိုနှိပ်ပါ။ ပြီးလျှင် ညီမျှခြင်းခလုတ်( = ) တစ်ကြိမ်နှိပ်ပြီး MR ခလုတ်နှင့် ညီမျှခြင်းခလုတ်(=)ကိုထပ်နှိပ်လိုက်ပါ။ရရှိသည့်အဖြေကို ပဲရည်ဖြင့်သိလိုလျှင် 16 ၊ Density စက်ပွိုင့်ဖြင့်သိလိုလျှင် 19.32 ဖြင့် အသီးသီးမြှောက်ယူ သိရှိနိုင်ပါသည်။

ခလုတ်နှိပ်ရလွယ်ကူအောင် Comma(,) လေးတွေခံပြီး တွက်ပြထားပါတယ်။
10.9609375, M+, 12.09375, ÷, ÷, %, =, MR, =, x ,16, = 14.501 (ပဲရည်)
10.9609375, M+, 12.09375, ÷, ÷, %, =, MR, =, x ,19.32 ,= 17.51 (Density စက်ပွိုင့်)
စိတ်ရှည်ရှည်ဖြင့် လက်တွေ့စမ်းသပ်တွက်ချက်ကြည့်ပါ။
အလေးချိန်အမျိုးမျိုးအတွက် လွယ်ကူသောနည်းလေးဖြစ်လို့ ဝေမျှလိုက်ပါတယ်။ အကျိုးရှိစေမယ့် တွက်နည်းလေးပါ။


Gold & Jewellery Buying Guide
Ye Man Aung

Read times
Rate this item
(1 Vote)