ခရစ္စမတ်ပွဲတော် ခေါ် နာတာလူးပွဲတော်...

ခရစ္စမတ်ပွဲတော် ခေါ် နာတာလူးပွဲတော်... facebook

နှစ်စဉ် ဒီဇင်ဘာလ (25) ရက်နေ့တွင် ကမ္ဘာအနှံ့အပြား၌ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထား ကျင်းပသော ပွဲတော်မှာ နာတာလူးပွဲတော် (သို့မဟုတ်) ခရစ္စမတ်ပွဲတော် ဖြစ်ပါသည်။

 

 

နာတာလူးဆိုသည်မှာ မွေးဖွားခြင်းဟု အဓိပ္ပာယ်ရပါသည်။ ခရစ္စမတ်ဟူသည့် ဝေါဟာရတွင် (Christ + Mas) ဟူ ၍အဓိပ္ပာယ်နှစ်မျိုးပါဝင်သည်ကိုတွေ့ရှိနိုင်သည်။

 

 

Christ ဆိုသည်မှာ ယေရှုအဖဘုရားသခင်၏ အမည်နာမတော်ဖြစ်ပြီး Mas ဆိုသည်မှာ ပွဲတော်ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ခရစ္စမတ်ဟူသည် အဖဘုရားသခင်ယေရှုအားမွေးဖွားခြင်းဟူ၍ဖြစ်သည်။

 

 

အဖဘုရားသခင်သည် မိမိဖန်ဆင်းထားသည့်လူသားများ အပြစ်သံသရာတွင် နစ်မြောနေသည်ကို မကြည့်ရက်သောကြောင့် တစ်ဦးတည်းသောသားတော်ယေရှုကို လူ့ဇာတိ ခံယူစေခဲ့ပါတယ်။

 

 

လူ့ဇာတိအဖြစ်နဲ့ ခံယူစေခဲ့သည့် ရည်ရွယ်ချက်မှာ

 

 

(၁) ခရစ္စမတ်အားဖြင့် လူသားအားလုံးကို ဝမ်းမြောက်စေရန်

 

 

(၂) လူသားအားလုံး ကယ်တင်ခြင်းရရှိစေရန်

 

 

(၃) ဘုရားနှင့်လူသားများအကြား ပျောက်ဆုံးသွားသော မိသဟာရ/သင့်မြတ်မှုပြန်လည်ရရှိရန်ဖြစ်ပါတယ်။

 

 

ယေရှုသခင်သည် လူ့ဇာတိခံယူခဲ့ပြီး လူသားများကျူးလွန်ခဲ့သည့်အပြစ်များကို သူ၏အသက်တာ စတေးခြင်းအားဖြင့်အပြစ်များကို ဆေးကြောခဲ့သည့်အတွက် လူသားများသည် သူတို့ကျူးလွန်ခဲ့သည့်အပြစ်မှ ကင်းလွတ်ခွင့်ရရှိခဲ့ကြသည်။

 

 

ထို့အတူ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုလည်း ရရှိခဲ့ပါသည်။ခရစ္စမတ်ပွဲတော်ကာလတွင် ရိုးရာအပြင်အဆင်အနေဖြင့် အနီ၊ အစိမ်းနှင့် ရွှေရောင်တို့ကို အဓိကထား အသုံးပြုကြသည်။

 

 

အနီရောင်သည် ယေရှု၏သွေးတော်ကို ကိုယ်စားပြု၏။ အစိမ်းရောင်သည် ယေရှုခရစ်တော်၏ ထာဝရရှင်သန်ခြင်းကို ကိုယ်စားပြု၏။ ရွှေရောင်သည် တော်ဝင်မြင့်မြတ်ခြင်းကို ကိုယ်စားပြုပါသည်။

 

 

ခရစ္စတော်၏မွေးနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် ပွဲတော်နေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ပွဲများကို တခမ်းတနား ကျင်းပလေ့ရှိကြသည်။

 

 

ကျေးဇူးတော်ကိုချီးမြှောက်သည့်ခရစ္စမတ်သီချင်းများကို ပျော်ပျော်ရွှင်ရွှင်သီဆိုကာ လက်ဆောင်များ ပေးအပ်ခြင်းအားဖြင့် ပျော်ရွှင်စွာ ကျင်းပကြပါသည်။

 

 

ကလေးသူငယ်များက ပွဲတော်အခါ၌ စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည် ယုံကြည်ကြသည်။

 

 

ခရစ္စမတ်ပွဲတော်သည် ပျော်ရွှင်စရာကောင်းသည့်ကာလ၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ ပြန်လည်ဆုံတွေ့ပြီး နွေးထွေးသောမေတ္တာများဖြင့် ပြန်လည်ရင်းနှီးကျွမ်းဝင်သည့်ကာလဟုလည်းဆိုနိုင်ပါသည်။

 

 

ထို့ကြောင့် လူတိုင်းလူတိုင်းအပေါ် ချစ်ခြင်းမေတ္တာများဖြန့်ကျက်ပြီး ပျော်ရွှင်ကြည်နူးစရာကောင်းသည့် နှစ်သစ်ကူး ကာလကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေဟု ဆန္ဒမွန်ပြုအပ်ပါတယ်။

 

 

Merry Christmas to you ALL !!!

 

 

အယောက်စီတိုင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ......

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

 

ႏွစ္စဥ္ ဒီဇင္ဘာလ (25) ရက္ေန႔တြင္ ကမၻာအႏွံ႕အျပားခရစ္ယာန္ဘာသာဝင္မ်ား အထြဋ္အျမတ္ထား က်င္းပေသာ ပြဲေတာ္မွာ နာတာလူးပြဲေတာ္ (သို႔မဟုတ္) ခရစၥမတ္ပြဲေတာ္ ျဖစ္ပါသည္။

 

နာတာလူးဆိုသည္မွာ ေမြးဖြားျခင္းဟု အဓိပၸာယ္ရပါသည္။ ခရစၥမတ္ဟူသည့္ ေ၀ါဟာရတြင္ (Christ + Mas) ဟူ ၍အဓိပၸာယ္ႏွစ္မ်ိဳးပါ၀င္သည္ကုိေတြ႕ရွိႏိုင္သည္။

 

Christ ဆိုသည္မွာ ေယရႈအဖဘုရားသခင္၏ အမည္နာမေတာ္ျဖစ္ၿပီး Mas ဆိုသည္မွာ ပြဲေတာ္ဟု အဓိပၸာယ္ရပါသည္။ ထို႔ေၾကာင့္ ခရစၥမတ္ဟူသည္ အဖဘုရားသခင္ေယရႈအားေမြးဖြားျခင္းဟူ၍ျဖစ္သည္။

 

အဖဘုရားသခင္သည္ မိမိဖန္ဆင္းထားသည့္လူသားမ်ား အျပစ္သံသရာတြင္ နစ္ေျမာေနသည္ကို မၾကည့္ရက္ေသာေၾကာင့္ တစ္ဦးတည္းေသာသားေတာ္ေယရႈကို လူ႔ဇာတိ ခံယူေစခဲ့ပါတယ္။

 

လူ႔ဇာတိအျဖစ္နဲ႔ ခံယူေစခဲ့သည့္ ရည္ရြယ္ခ်က္မွာ

 

(၁) ခရစၥမတ္အားျဖင့္ လူသားအားလံုးကို ၀မ္းေျမာက္ေစရန္

 

(၂) လူသားအားလံုး ကယ္တင္ျခင္းရရွိေစရန္

 

(၃) ဘုရားႏွင့္လူသားမ်ားအၾကား ေပ်ာက္ဆံုးသြားေသာ မိသဟာရ/သင့္ျမတ္မႈျပန္လည္ရရွိရန္ျဖစ္ပါတယ္။

 

ေယရႈသခင္သည္ လူ႔ဇာတိခံယူခဲ့ၿပီး လူသားမ်ားက်ဴးလြန္ခဲ့သည့္အျပစ္မ်ားကို သူ၏အသက္တာ စေတးျခင္းအားျဖင့္အျပစ္မ်ားကို ေဆးေၾကာခဲ့သည့္အတြက္ လူသားမ်ားသည္ သူတို႔က်ဴးလြန္ခဲ့သည့္အျပစ္မွ ကင္းလြတ္ခြင့္ရရွိခဲ့ၾကသည္။

 

ထို႔အတူ ဘုရားသခင္၏ ေကာင္းခ်ီးမဂၤလာကိုလည္း ရရွိခဲ့ပါသည္။ခရစၥမတ္ပြဲေတာ္ကာလတြင္ ရိုးရာအျပင္အဆင္အေနျဖင့္ အနီ၊ အစိမ္းႏွင့္ ေရႊေရာင္တို႔ကို အဓိကထား အသံုးျပဳၾကသည္။

 

အနီေရာင္သည္ ေယရႈ၏ေသြးေတာ္ကို ကိုယ္စားျပဳ၏။ အစိမ္းေရာင္သည္ ေယရႈခရစ္ေတာ္၏ ထာဝရရွင္သန္ျခင္းကို ကိုယ္စားျပဳ၏။ ေရႊေရာင္သည္ ေတာ္၀င္ျမင့္ျမတ္ျခင္းကို ကိုယ္စားျပဳပါသည္။

 

ခရစၥေတာ္၏ေမြးေန႔ကို ဂုဏ္ျပဳျခင္းအားျဖင့္ ပြဲေတာ္ေန႔တြင္ ေပ်ာ္ပြဲရႊင္ပြဲမ်ား၊ စားေသာက္ပြဲမ်ားကို တခမ္းတနား က်င္းပေလ့ရွိၾကသည္။

 

 

ေက်းဇူးေတာ္ကိုခ်ီးေျမွာက္သည့္ခရစၥမတ္သီခ်င္းမ်ားကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္သီဆိုကာ လက္ေဆာင္မ်ား ေပးအပ္ျခင္းအားျဖင့္ ေပ်ာ္ရႊင္စြာ က်င္းပၾကပါသည္။

 

ကေလးသူငယ္မ်ားက ပြဲေတာ္အခါ၌ စန္တာကေလာ့သည္ လက္ေဆာင္ပစၥည္းမ်ား လာေရာက္ေပးေလ့ရွိသည္ ယံုၾကည္ၾကသည္။

 

ခရစၥမတ္ပြဲေတာ္သည္ ေပ်ာ္ရႊင္စရာေကာင္းသည့္ကာလ၊ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းမ်ား ျပန္လည္ဆံုေတြ႕ၿပီး ေႏြးေထြးေသာေမတၱာမ်ားျဖင့္ ျပန္လည္ရင္းႏွီးကၽြမ္း၀င္သည့္ကာလဟုလည္းဆိုႏိုင္ပါသည္။

 

 

ထို႔ေၾကာင့္ လူတိုင္းလူတိုင္းအေပၚ ခ်စ္ျခင္းေမတၱာမ်ားျဖန္႔က်က္ၿပီး ေပ်ာ္ရႊင္ၾကည္ႏူးစရာေကာင္းသည့္ ႏွစ္သစ္ကူး ကာလကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းႏိုင္ၾကပါေစဟု ဆႏၵမြန္ျပဳအပ္ပါတယ္။

 

Merry Christmas to you ALL !!!

 

အေယာက္စီတိုင္းကို ဘုရားသခင္ေကာင္းခ်ီးေပးပါေစ......

 

 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Friday, 07 February 2020 11:14
Rate this item
(0 votes)
Tagged under