မေထုန်ရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

မေထုန်ရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

၂၀၂၀ သည် ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံးသောနှစ် မဖြစ်ခဲ့ပါ။

 

ကိုဗစ်ကပ်ရောဂါ လှိုင်းလေထန်တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ ဘ၀နေထိုင်မှုပုံစံတွေ ပြောင်းလဲကုန်တဲ့နှစ် တစ်နှစ်အဖြစ် အမှတ်ရနေမှာ ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ်တွင် လူနေမှု ပုံစံအသစ် ရှုထောင့်အသစ်ဖြင့် အသစ်အစပြုပြီး ဖြတ်သန်းသည့်အခါ သင် မွေးဖွားခဲ့သည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် အားကိုးအားထား ပြုနိုင်သည့် ကျောက်မျက်ရတနာကို အကြံပြုလိုသည်။

 

ထို့အတွက် ထင်ရှားသောနက္ခတ်ဗေဒင်ပညာရှင်နှင့်ကျောက်ကပ်ပညာရှင် Pankaj Khanna၊ ၏ အကြံပြုချက်ကို တင်ပြထားပါသည်။

 

Pankaj Khanna သည် ဗေဒင်တတ်ကျွမ်းသော ကျောက်မျက်ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကျောက်မျက်ရတနာလုပ်ငန်း Gem Selections, Khanna Gems. Pvt. Ltd ကို တည်ထောင်သူ ဖြစ်ပြီး ယခုအခါ ယင်းကျောက်မျက်ရတနာလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
သူက မွေးဖွားသည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် ကောင်းကျိုးပြုမည့် ကျောက်မျက်ရတနာကို ဖော်ထုတ်တင်ပြသည်။

 

80084039.jpg

 

ဆယ့်နှစ်ရာသီခွင်တွင် တတိယဖြစ်သော ယောက်ျား မိန်းမပုံ မေထုန်ရာသီဖြစ်သော မေလ ၂၀ ရက်မှ ဇွန်လ ၁၉ ရက် အထိ အတွင်း မွေးဖွားသူများသည်

 

လှုပ်လှုပ်ရှားရှား အလွန်ရှိကြသူများ ဖြစ်ပြီး စိတ်မှာလည်း အမြဲလှုပ်ရှားတက်ကြွနေသည်။ ပေါက်တော့မည့် မီးတောင်သဖွယ် အမြဲ လှုပ်ရွနေသည်။

 

ထို့အတွက် အေးဆေးငြိမ်သက်အောင် ၂၀၂၁ ခုနှစ်တွင် ဆောင်သင့်သည့် ကျောက်မျက်မှာ ကျောက်စိမ်း ဖြစ်သည်။ စိတ်လှုပ်ခတ်ခံစားမှု အီမိုးရှင်းများ ဖြစ်ပေါ်လွယ်ပြီး စိတ်ခံစားချက်အရ လုပ်ဆောင်မှုများကို တည်တည်ငြိမ်ငြိမ် စဉ်းစားချင့်ချိန်ခြင်းဖြင့် ထိန်းညှိပေးနိင်စေမည် ဖြစ်သည်။

 

စိတ်ထဲ အဆိုးတွေး အပြစ်မြင်ခြင်းများလည်း လျော့နည်းစေပြီး စိတ်ပြောင်းသွား စေမည် ဖြစ်သည်။ ပျာပျာသလဲ လုပ်ကိုင်ခြင်းအစား သွေးအေးအေးဖြင့် လုပ်ကိုင်သူအဖြစ် ရောက်ရှိစေမည် ဖြစ်သည်။

 

ဆက်စပ်ဖတ်ရှုရန် >>> ပြိဿရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

 

ဆက်စပ်ဖတ်ရှုရန် >>> မိဿရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

Read times
Rate this item
(0 votes)