အာရပ် အရန်ရွှေ ၊ ရွှေတွင်းများ ပိုင်ဆိုင်သည့် ဆော်ဒီအာရေဗျ ၊ လက်ဘနွန် မရောင်းရ အရန်ရွှေ

အာရပ် အရန်ရွှေ ၊ ရွှေတွင်းများ ပိုင်ဆိုင်သည့် ဆော်ဒီအာရေဗျ ၊ လက်ဘနွန် မရောင်းရ အရန်ရွှေ

အာရပ် အရန်ရွှေ ၊ ရွှေတွင်းများ ပိုင်ဆိုင်သည့် ဆော်ဒီအာရေဗျ ၊ လက်ဘနွန် မရောင်းရ အရန်ရွှေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်တွင် အာရပ်နိုင်ငံများတွင် ထားရှိသည့် အရန်ရွှေစုစုပေါင်း ၁,၅၁၄ တန် ရှိသည်။

၎င်းရွှေပမာဏ၏ ၆၉% ဖြစ်သည့် ရွှေတန်ချိန် ၁,၀၃၉.၃ တန်သည် အာရပ် ၅ နိုင်ငံတွင် ထားရှိသည့် အရန်ရွှေများ ဖြစ်သည်။ ၎င်း ငါးနိုင်ငံမှာ  ဆော်ဒီအာရေဗျ၊ လက်ဘနွန်၊ အယ်လ်ဂျီးရီးယား၊ အီရတ်နှင့် အီဂျစ်တို့ ဖြစ်ပါသည်။

.

ကမ္ဘာ့အဆင့်အရ ကြည့်လျှင် ဆော်ဒီအာရေဗျ နှင့်  လက်ဘနွန်တို့သည် အရန်ရွှေ အများဆုံး ထားရှိသည့် ထိပ်တန်း(၂၀) နိုင်ငံများစာရင်းတွင် ပါဝင်ပါသည်။ ဆော်ဒီအာရေက အဆင့် ၁၆ ဖြစ်ပြီး လက်ဘနွန်က အဆင့် ၁၈ ဖြစ်ပါသည်။

.

၂၀၂၂ ခုနှစ်တွင် အာရပ်နိုင်ငံများသည် အရန်ရွှေ ပမာဏကို တိုးမြှင့်ခဲ့ကြပါသည်။ အထူးသဖြင့် အီဂျစ်၊ အီရတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) တို့သည် အရန်ရွှေကို သိသိသာသာ ဖြည့်ထည့်ခဲ့ကြပါသည်။ ၃ နိုင်ငံ စုစုပေါင်း ၉၇ တန် ထပ်ဖြည့်ထည့်ခဲ့ကြပါသည်။

.

ကာတာနိုင်ငံ အရန်ရွှေ ထားရှိသည့်ပမာဏသည် အမြင့်မားဆုံး စံချိန်သို့ ၂၀၂၂ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး ၉၁.၇ တန် ဖြစ်လာပါသည်။

 .

ဆော်ဒီအာရေဗျသည် မဟာဗျူဟာအရ ရွှေများ ဝယ်ယူဖြည့်တင်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ရွှေတန်ချိန် ၂၀ ဝယ်ယူခဲ့သည်။ 

.

အာရပ်နိုင်ငံများ၏ လက်ရှိ လမ်းကြောင်းသည် ၎င်းတို့၏ နိုင်ငံတကာ အရန်ငွေများကို အမျိုးမျိုး ကွဲပြားစေရန်နှင့် ငွေကြေးဈေးကွက်များနှင့် အနောက်ဘဏ်များအပေါ် မှီခိုအားထားမှု လျှော့ချရန် ဖြစ်သည်။

 ရွှေတွင်းများ ပိုင်ဆိုင်သည့် ဆော်ဒီအာရေဗျ

 

ဆော်ဒီအာရေဗျနိုင်ငံသည် ၁၉၇၃ ခုနှစ်ကတည်းက ရေနံဒေါ်လာ petrodollar ရေနံဝယ်ယူရေးအစီအစဉ်ကို အမေရိကန်နိုင်ငံနှင့်  သဘောတူညီချက်ကို လိုက်နာ‌ေစာင့်ထိန်းခဲ့သည်။ သို့ဖြစ်ရာ ရေနံစိမ်းကို ကန်ဒေါ်လာဖြင့် ရောင်းချပေးခြင်းဖြင့် ဆယ်စုနှစ်များအတွင်း အမေရိကန်ဒေါ်လာ ကြီးစိုးမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။

ထို့အပြင် ၁၉၈၆ ခုနှစ်မှစ၍ ဆော်ဒီအာရေဗျနိုင်ငံသည် ဆော်ဒီ ရီယဲလ်နှင့် အမေရိကန် ဒေါ်လာ ပုံသေငွေလဲနှုန်းကို ကျင့်သုံးခဲ့သည်။ ထို့အပြင် ဆော်ဒီအာရေဗျသည် အမေရိကန် ငွေတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ခဲ့သည်။ အာရပ်နိုင်ငံများ ပိုင်ဆိုင်သော အမေရိကန်ငွေတိုက်စာချုပ်များ၏ စုစုပေါင်းတန်ဖိုး၏ ၄၅ ရာခိုင်နှုန်းကို ဆော်ဒီက ပိုင်ဆိုင်သည်အထိ ရင်းနှီးမြှုပ်နှံခဲ့သည်။

 .

ယခုအခါ အနေအထား ပြောင်းလဲသွားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဆော်ဒီဘဏ္ဍာရေးဝန်ကြီး Mohammed Al-Jadaan က အမေရိကန် ဒေါ်လာ မဟုတ်သော အခြားငွေကြေးများကို အသုံးပြု၍ ရေနံကုန်သွယ်မှု အပါအဝင် နိုင်ငံတကာကုန်သွယ်မှုကို ဆော်ဒီအာရေဗျအနေဖြင့် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

.

ဆော်ဒီအာရေးဗျသည် ၂၀၂၃ ခုနှစ်တစ်လျှောက်လုံးတွင် ၎င်း၏ အမေရိကန်ငွေတိုက်စာချုပ်များကို တဖြည်းဖြည်းလျှော့ချခဲ့သည်။ ၇ နှစ်တာတွင် အနည်းဆုံးသို့ ရောက်ရှိသည်။

.

ရီယဲလ်နှင့် အမေရိကန် ဒေါ်လာ ပုံသေငွေလဲနှုန်းကိုလည်း ရုပ်သိမ်းမည် ဖြစ်သည်။

.

ဆော်ဒီအာရေဗျသည် ရွှေတွင်း ခြောက်ခု ပိုင်ဆိုင်ထားသည်။ သို့ဖြစ်ရာ အရန်ရွှေကို ကမ္ဘာ့ဈေးကွက်မှ မဝယ်ယူဘဲ ရွှေတွင်းများမှ ရယူစုဆောင်းနိုင်သည်။

.

.

လက်ဘနွန် မရောင်းရ အရန်ရွှေ

.

လက်ဘနွန်နိုင်ငံ အရန်ရွှေ ထားရှိပုံမှာ တစ်မူထူးခြားသည်။ လက်ဘနွန်အရန်ရွှေသည် ၁၉၄၈ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကာလအတွင်း ဝယ်ယူစုဆောင်းခဲ့သည့် ရွှေများ ဖြစ်သည်။ ထိုနောက်ပိုင်း ရွှေဝယ်ယူခဲ့ခြင်း မရှိချေ။ 

ထိုစဉ်က ကုန်သွယ်ရေး ပိုငွေပြခဲ့သဖြင့် အရန်ရွှေများ ဝယ်ယူစုဆောင်းထားခဲ့သည်။ 

.

ပြည်တွင်းစစ်ကာလတွင် ပါလီမန်က ၁၉၈၆ ခုနှစ်တွင် လက်ရှိ အရန်ရွှေများ ရောင်းချခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပါလီမန်က ဥပဒေနှင့်အညီ အတည်ပြု ခွင့်ပြုမှသာ ရောင်းနိုင်မည်။ သို့ဖြစ်ရာ အရန်ရွှေများ ယခင်အတိုင်း ယခုအထိ ဆက်ရှိနေသည်။

၄၀%ကို အမေရိကန်တွင် ထားရှိသည်။ ၆၀%ကို လက်ဘနွန် ဗဟိုဘဏ် ရွှေတိုက်တွင် သိမ်းထားသည်။ ကာလပေါက်ဈေးအရ ကန်ဒေါ်လာ ၁၇.၅၇ ဘီလီယံ ရှိသည်။ 

.

အီဂျစ်

.

အီဂျစ်ဗဟိုဘဏ်သည် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် ရွှေ ၄၄ တန်ခန့် ဝယ်ယူခဲ့သည်။ ထိုအချိန်က ကမ္ဘာတစ်ဝှမ်းရှိ ဗဟိုဘဏ်များကြားတွင် ရွှေအများဆုံးသူ ဖြစ်ခဲ့သည်။

အီဂျစ်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ အရန်ရန်ပုံငွေအဖြစ် ထားရှိရန် ရွှေများ ဝယ်ယူဖြည့်တင်းခြင်း ဖြစ်သည်။

ယခုအခါ အီဂျစ်သည် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ပြည်ပကြွေးမြီများ ပေးဆပ်ရန်၊ သွင်းကုန်များအတွက် ငွေပေးချေရန် နိုင်ငံခြားငွေ လိုအပ်နေသည်။ သို့ဖြစ်ရာ ရွှေအချို့အဝက် ထုတ်ရောင်းရဖွယ်ရှိသည်။

Source fanack

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 15 June 2023 07:48
Rate this item
(0 votes)