ရွှေဈေး တစ်အောင်စ ဒေါ်လာ ၂,၀၅၀ အထိ မြင့်တက်လာနိုင်

ရွှေဈေး တစ်အောင်စ ဒေါ်လာ  ၂,၀၅၀ အထိ မြင့်တက်လာနိုင်

ရွှေဈေး တစ်အောင်စ ဒေါ်လာ  ၂,၀၅၀ အထိ မြင့်တက်လာနိုင်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

လက်ရှိတွင် ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၉၁၀ ရှိနေရာမှ ၂,၀၅၀ အထိ မြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) မှ WGC ၏ ဈေးကွက်ဗျူဟာမှူး John Reade က ပြောကြားသည်။

 

အမေရိကန် ဗဟိုဘဏ် ဖြစ်သည့် ပြည်ထောင်စု ရန်ပုံငွေ Federal Reserve သည်  အတိုးနှုန်း အကြိမ်ကြိမ် မြှင့်တင်မှု ပြီးဆုံးသွားပြီဟု ရှင်းရှင်းလင်းလင်း သိသာထင်ရှားလာမည့်အချိန်ကို  ရင်းနှီးမြှုပ်နှံသူတို့က စောင့်ကြည့်နေကြကြောင်း၊ လာမည့်နှစ်တွင် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း  ၎င်းက ပြောကြားသည်။

 

ယခုအခါ ရွှေဈေး မြင့်တက်နေသည်မှာ မှန်သော်လည်း အပေါ်ခုခံစည်းကို ဖောက်ပြီး မြင့်တက်စေသည့် တွန်းအား မရှိကြောင်း ၎င်းက ပြောကြားသည်။ 

 

"ရွှေဈေးက လောလောဆယ်မှာ ရောက်နေတဲ့နေရာတဝိုက်မှာပဲ ကာလတိုအားဖြင့် ညပ်နေမယ်" ဟု Mr Reade က ပြောကြားသည်။

အများက ရောက်လာမည်ဟု ကြိုတင်ခန့်မှန်းထားကြသည့် အမေရိကန် စီးပွားရေး ကျဆင်းမှု ပေါ်ထွက်မလာသေးချေ။

"အမေရိကန် စီးပွားရေး မျှော်မှန်းထားကြတာထက် ပိုမိုတောင့်တင်းလာရင် ဈေးကွက်ထဲ ပါဝင်နေကြသူတွေက ပြည်ထောင်စု ရန်ပုံငွေ အတိုးနှုန်း မြှင့်တင်တာ ပြီးဆုံးပြီလို့ ရှင်းရှင်းလင်းလင်း သိရမှာကို ဆက်လက်စောင့်ကြည့်ကြမယ်။ အတိုးနှုန်း ထပ်မမြှင့်တော့တာ ကြာလာရင်လည်း အခုနှစ်ကုန်အထိကတော့  အတိုးနှုန်း ထပ်မြှင့်မယ့်အရေးက အခုနှစ်ကုန်အထိ ဆက်ရှိနေဦးမယ်" ဟု ၎င်းက ပြောကြားသည်။

ရလဒ်အဖြစ် ရွှေဈေးသည် တအောင်စ  $1,850-2,050 တွင် ရှိနေမည်ဟု Mr Reade က ပြောကြားသည်။

 

ပြည်ထောင်စု ရန်ပုံငွေသည် အတိုးနှုန်း မြှင့်တင်ခြင်း ပြီးဆုံးပြီးနောက် အတိုးနှုန်း ပြန်လျှော့ချခြင်းကို ၂၀၂၄ ကျမှ ဆောင်ရွက်လိမ့်မည်ဟု ၎င်းက ကြိုတင် ခန့်မှန်းသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 14 September 2023 11:15
Rate this item
(0 votes)