YLG Bullion International ၏ ၂၀၂၂ ကမ္ဘာ့ရွှေဈေး ကြိုတင်ခန့်မှန်းချက်

YLG Bullion International ၏ ၂၀၂၂ ကမ္ဘာ့ရွှေဈေး ကြိုတင်ခန့်မှန်းချက်

ygl_ff.PNG

 

YLG Bullion International (YLG) ၏ အဆိုအရ ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု၊ လျင်မြန်စွာပျံ့နှံ့နေသော Omicron မျိုးကွဲမှ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် အမေရိကန်နှင့် တရုတ်နိုင်ငံကြား ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများမှ လွတ်ကင်းရာတွင် ရင်းနှီးမြှုပ်နှံထားရန် ရွှေတွင် ရင်းနှီးမြှုပ်နှံနေကြသဖြင့် ရွှေစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်တစ်လျှောက်တွင် မြင့်မားနေမည်ဖြစ်သည်ဟု ခန့်မှန်းသည်။

 ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုးတို့တွင် ခွဲဝေပြီး ရင်းနှီးမြှုပ်နှံရာတွင် လာမည့်နှစ်တွင် ရွှေတွင် မိမိရင်းနှီးမြှုပ်နှံမှု အမျိုးမျိုး စုစုပေါင်း၏ 5-15% ရင်းနှီးမြှုပ်နှံရန် အကြံပြုထားသည်။

YLG ၏ အမှုဆောင်အရာရှိချုပ် အမျိုးသမီး Pawan Nawawattanasub က ရွှေသည် လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံသူများအတွက် လုံခြုံစိတ်ချရသော အကာင်းဆုံးပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် ရွှေဈေးသည် တစ်အောင်စလျှင် US$ 1,800 မှ $1,900 အတိုင်းအတာအတွင်း ရွေ့လျားနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွှေဈေးနှုန်းတွင် ရွှေဈေးတက်ရန် တွန်းတင်သည့် ရေချိန် support level ဈေးနှုန်းသည် တစ်အောင်စလျှင် US$ 1,600 ဖြစ်လိမ့်မည်ဟု Mrs Pawan က ဆိုသည်။
support level ဈေးနှုန်းတွင် ဝယ်ရန် စိတ်ဝင်စားမှု အားကောင်းနေပြီး ရွှေဈေးတက်အောင် တွန်းတင်သည်။
ရွှေဈေးထပ်မတက်တော့ဘဲ တန့်နေမည့် ဈေးနှုန်းရေချိန် resistance level ဈေးနှုန်းသည် တစ်အောင်စလျှင် US$ 1,850 ဖြစ်လိမ့်မည်ဟု Mrs Pawan က ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာရွှေဝယ်လိုအားမှာလည်း ပြန်လည်ကောင်းမွန်လာကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ရွှေချောင်းအများဆုံးတင်သွင်းသည့် တရုတ်နှင့် အိန္ဒိယဈေးကွက်များတွင် ပြန်လည်ကောင်းမွန်လာကြောင်း Mrs Pawan က ပြောသည်။

ရွှေသည် ရင်းနှီးမြှုပ်နှံသူများအတွက် လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံသူများ၏ ဦးစားပေး သတ္တုဖြစ်နေဦးမည်။


အချို့သော ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးဖောင်းပွမှုမှ မိမိ၏ ပိုင်ဆိုင်မှုများ ကင်းလွတ်စေရန် Bitcoin နှင့် အခြားသော ခရစ္စပတိုငွေကြေးများ cryptocurrencies ဆီသို့ လှည့်လာကြသော်လည်း၊ ရုပ်ဝတ္ထုဖြစ်သော ရွှေသည် အရေးကြီးဆုံးသော အစားထိုးရင်းနှီးမြုပ်နှံမှုအဖြစ် ကျန်ရှိနေသေးသည်ဟု သူမက ဆိုသည်။ လုပ်ငန်းလုပ်ကိုင်မကောင်းသည့်အခါ လုပ်ငန်းထဲ ထည့်မည့် အရင်းအနှီးကို ငွေကြေးဖောင်းပွမှုမှ လွတ်ကင်းအောင် ရွှေဝယ်သိမ်းထားကြဆဲဖြစ်သည်။

လာမည့်သုံးလအတွင်း ရွှေစျေးအတွက် သြဇာသက်ရောက်မှုအရှိဆုံးအချက်များမှာ

အမေရိကန် ငွေကြေးဖောင်းပွမှု၊

Omicron strain ၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့်

ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများဖြစ်သည်။

ဤအခြေအနေသုံးမျိုးတွင် ပိုဆိုးလာပါက ရင်းနှီးမြှုပ်နှံသူများ ရွှေဘက်သို့ လှည့်လာကြသဖြင့် ကမ္ဘာ့ရွှေဈေး တက်လာမည်ဖြစ်ကြောင်း Mrs Pawan မှ ပြောကြားခဲ့ပါသည်။ ။

Read times Last modified on Thursday, 23 December 2021 12:55
Rate this item
(0 votes)