ကမ္ဘာ့ထိပ်တန်းရွှေထုတ်လုပ်သည့် နိုင်ငံများ

ကမ္ဘာ့ထိပ်တန်းရွှေထုတ်လုပ်သည့် နိုင်ငံများ

ကမ္ဘာ့ထိပ်တန်းရွှေထုတ်လုပ်သည့် နိုင်ငံများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရွှေတွင်းထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် အနည်းငယ်မျှသာ မြင့်တက်ခဲ့သည်။

.

မိုင်းတွင်းရွှေထွက်ရှိမှုသည် တနှစ်တာအတွင်း ၃,၆၁၂ တန်ရှိခဲ့သည်။

၂၀၂၁ ခုနှစ်ကထက် ၁% ပိုများခဲ့သည်။ 

၂၀၁၈ ခုနှစ်နောက်ပိုင်း အများဆုံး စံချိန်ဖြစ်သည်။ 

သို့သော် ကိုဗစ်အကြိုကာလ ၂၉၁၈ ခုနှစ် အထွတ်အထိပ် ပမာဏကို မမီသေးပေ။

.

ကမ္ဘာ့ရွှေကောင်စီက “‌ေရွှထုတ်လုပ်မှုမှာ တိုးတက်မှု နည်းပါးတာက ရွှေထွက်တာတွေ ကျဆင်းဖို့ အချိန်နီးကပ်လညနေပြီလို့ အခိုင်အမာ ပြောဆိုမှုတွေကို ထပ်လောင်း ယုံကြည်လာစေပါတယ်” ဟု ပြောကြားသည်။

,

ရွှေတွင်းများမှ ရွှေထုတ်လုပ်မှုများသည် နှစ်အတော်ကြာ နှေးကွေးပြီးနောက် ၂၀၁၉ ခုနှစ်တွင် ရွှေထွက်ရှိမှု ၁ ရာခိုင်နှုန်း ကျဆင်သွားးခဲ့သည်။ ထိုနောက်ပိုင်း အကျဘက်သို့ ရောက်ရှိနေခဲ့ပါသည်။ 

.

၁၉၇၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် ရွှေထုတ်လုပ်မှု နှစ်စဉ် ပိုများလာခဲ့သည်။ ၂၀၀၈ တွင် ပုံမှန်မဖြစ်ဘဲ အကျတစ်ချက်ကို ဖြစ်ပေါ်ခဲ့သည်။ အဓိကအကြောင်းရင်းမှာ ၂၀၀၈ ခုနှစ်တွင် ကမ္ယာ့ငွေကြေး အကျပ်အတည်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ 

.

လတ်တလောနှစ်များတွင် ရွှေထုတ်လုပ်မှု ကျဆင်းလာခြင်းသည် ရွှေတွင်းများမှ ရွှေအထွက်လျော့ကျလာခြင်းဟု ယူဆကြသည်။ 

.

၂၀၂၂ ခုနှစ်တွင်  ရွှေအများဆုံး ထုတ်လုပ်ခဲ့သည့် နိုင်ငံများတွင် တရုတ်နိုင်ငံသည် ထိပ်ဆုံးမှာ ရောက်ရှိနေသည်? ရွှေတန်ချိန် ၃၃၀ ထုတ်လုပ်ခဲ့သည်။ တရုတ်သည်  ရွှေထုတ်လုပ်မှုတွင် ကမ္ဘာ့အများဆုံး နံပါတ်(၁) ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ၆ နှစ်တာတွင် ရွှေထုတ်လုပ်မှု လျော့ကျခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကြောင့်လည်း ထုတ်လုပ်မှုများ လျော့ကျစေခဲ့သည်။  ၂၀၂၂ ခုနှစ်တွင် ၂ တန် လျော့ကျခဲ့သည်။ 

ဩစတေးလျနှင့် ရုရှားတို့သည် ဒုတိယအများဆုံး ရွှေထုတ်လုပ်သည့် နိုင်ငံများ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရွှေ တန်ချိန် ၃၂၀ ထုတ်လုပ်ခဲ့ကြသည်။ 

ရုရှားရွှေမိုင်းတွင်း ထုတ်လုပ်မှုသည် ၁၀ တန် လျော့ကျခဲ့သည်။ 

ဩစတေးလျက ၅ တန် လျော့ကျသည်။

ရုရှားတွင် ထုတ်လုပ်သည့် ရွှေအားလုံးနီးပါးကို ရုရှား အစိုးရက ဝယ်ယူသည်။ ၂၀၁၀ မှ ၂၀၂၁ ခုနှစ်အထိ ရုရှားသည် ရွှေထုတ်လုပ်မှု တစ်နှစ်ထက် တစ်နှစ် ပိုများလာခဲ့ပြီး ယမန်နှစ် ၂၀၂၂ ကျမှ လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။ 

ဩစတေးလျသည်လည်း ၂၀၂၁ ခုနှစ်အထိ ၈ နှစ်ဆက်တိုက် တစ်နှစ်ထက်တစ်နှစ် ထုတ်လုပ်မှု တိုးလာခဲ့ပြီး  ၂၀၂၂ ကျမှ လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။ 

 

စတုတ္ထနေရာတွင် ရှိနေသော ကနေဒါနိုင်ငံသည် ရွှေ တန်ချိန် ၂၂၀ ထုတ်လုပ်ခဲ့သည်။ ယမန်နှစ်ကလည်း စတုတ္ထနေရာတွင် ရှိနေခဲ့သည်။ ယခုနှစ်တွင် ယမန်နှစ်ထက် ၁၄% ပိုမို ထုတ်လုပ်ခဲ့သည်။ 

အမေရိကန်သည် နံပါတ်(၅) နေရာတွင် ရှိနေပြီး ရွှေတန်ချိန် ၁၇၀ ထုတ်လုပ်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၂၀၀ အောက်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီးသည့်နောက်တွင် တစ်နှစ်ထက်တစ်နှစ် လျော့ကျလာနေသည်။ ၂၀၂၁ တွင် ၁၈၆ တန် ထုတ်လုပ်ခဲ့သည်။ 

 

ဆဌမနေရာတွင် တန် ၁၂၀ စီ ထုတ်လုပ်ခဲ့သည့်  မက္ကဆီကိုနှင့် ကာဇက်စတန်တို့ အတူရှိနေကြသည်။ ၂၀၂၁ တွင် မက္ကဆီကိုက နံပါတ်(၈) နေရာဖြစ်ခဲ့ပြီး ၂၀၂၂ တွင် နံပါတ်(၆)သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 

ကာဇက်စတန်သည် ၂၀၂၁ တွင် ထိပ်တန်း(၁၀) စာရင်း မဝင်ချေ။ ယခင်က ၁၀ တန်ဝန်းကျင်သာ ထုတ်လုပ်ခဲ့သည်။

 

ရွှေ တန်ချိန် ၁၁၀ ထုတ်လုပ်သည့် တောင်အာဖရိကသည် အဌမ နေရာ ရရှိသည်။ ၂၀၂၀ ခုနှစ်တွင် ထိပ်တန်း(၁၀) စာရင်းအပြင်ဘက် ရောက်သွားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဒသမနေရာဖြင့် စာရင်းထဲ ပြန်ပါလာသည်။ ယခုနှစ်တွင် ယမန်နှစ်ထက် ရွှေထုတ်လုပ်မှု ၂ တန်လျော့နည်းခဲ့သော်လည်း နံပါတ်(၈) နေရာသို့ မြင့်တက်ခဲ့သည်။ 

 ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာချက်အရ တောင်အာဖရိကနိုင်ငံသည် နောက်ထပ် နှစ်ပေါင်း ၄၀ အတွင်း ရွှေသယံဇာတ ကုန်ခန်းမည်။

 

နဝမနေရာတွင် ရွှေတန်ချိန် ၁၀၀ စီ ထုတ်လုပ်ခဲ့သည့် ပီရူးနှင့် ဥဇဘက်ကစ္စတန်တို့ အတူရှိနေကြသည်။

ပီရူးသည် ၂၀၂၁ ခုနှစ်တွင် နံပါတ်(၇) ဖြစ်ခဲ့သည်။ ၂၀၂၂နှစ်တွင် ၂၀၂၁ ခုနှစ်ထက် ရွှေထုတ်လုပ်မှု ၂၇ တန် လျော့ကျသည်။ ဥဇဘက်ကစ္စတန်က ၅ တန် လျော့ကျသည်။ 

 

Source schiffgold

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 02 May 2023 01:24
Rate this item
(0 votes)