ဖားကန့်တွင် မြေပြိုမှုဖြစ်ပွားပြီး ကျောက်ကျင်းတူးနေသူလေးဦး ပျောက်ဆုံး

ဖားကန့်တွင် မြေပြိုမှုဖြစ်ပွားပြီး ကျောက်ကျင်းတူးနေသူလေးဦး ပျောက်ဆုံး Myanmar Digital News

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးရွာထိပ်ရှိ ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ ဒီဇင်ဘာ ၂၃ရက် မွန်းလွဲ ၂နာရီ ခွဲခန့်က မြေစာများပြိုကျပြီး

 

ကျင်းကမ်းပါးတွင် ကျောက်ကျင်းတူးနေသူလေးဦး မြေစာများနှင့်အတူ အောက်ဘက်ရေကန်ထဲသို့ လိမ့်ကျကာ ပျောက်ဆုံးလျက်ရှိကြောင်း မော်ဝမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရပါသည်။

 

" ဖြစ်တာက နေ့လည် ၂နာရီခွဲလောက်ပေါ့၊ သူတို့တူးတာက ကျောက်စိမ်းတောင် လုပ်ကွက်ဟောင်း ကမ်းပါးကိုတူးတာ၊ အပေါ်မှာကဖို့မြေတွေရှိတယ်။ ဖို့မြေတွေက သူတို့အပေါ်ပြိုကျပြီး ပြုတ်ကျသွားတာလို့ သိရတယ်။ အောက်ဘက်မှာက ရေကန်ရှိတယ်၊ တစ်ယောက်ကိုတော့ ဆေးရုံပို့ထားတယ်၊ လေးယောက်ကိုတော့ ခုချိန်ထိ ရှာဖွေခြင်း မရှိသေးပါဘူး" ဟု မော်ဝမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦဒွတ်လာက ပြောကြားခဲ့ပါသည်။

 

မြေပြိုမှုတွင် ပါဝင်သူများ၏ နေရပ်နှင့် ကိုယ်ရေးအချက်အလက်များအား စုံစမ်းဆဲ အနေအထားသာရှိသေးပြီး မည်သူပါဝင်သွားမှန်းမသိရသေးပဲ အဆိုပါအနီးတဝိုက် ကျင်းတူးကြသည့် ရေမဆေးကျောက်ရှာဖွေသူ နေ့စဉ် လူငါးဆယ်ခန့် ရှိကြောင်းလည်း သိရပါသည်။ ဖားကန့်၌ ဒီဇင်ဘာ ၁၅ရက်ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး မြန်မာသူရ ကျောက်မျက်လုပ်ကွက်ဟောင်းအတွင်း မြေပြိုကျပြီး ကျောက်ကျင်းတူးနေသူ သုံးဦး သေဆုံးခဲ့ရသည်။

 

ဖားကန့်မြို့နယ်သည် မြေပြိုကျမှု၊ ကမ်းပါးပြိုကျမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဇူလိုင် ၂ရက်က ဝှေခါမှော် မြေပြိုကျမှုဖြစ်စဉ်တွင် လူ (၁၇၂)ဥၤး သေဆုံးခဲ့ကာ ဖားကန့်မြို့နယ်အတွင်း လူအသေအပျောက်ဖြစ်မှု အများဆုံး ဖြစ်စဉ်ဖြစ်ခဲ့သည်။ ဖားကန့်ရတနာနယ်မြေတွင် ယခုနှစ်အတွင်း မြေပြိုမှု၊ ကမ်းပါးပြိုမှုများကြောင့် လူ၂၅၀နီးပါးထိ သေဆုံးခဲ့သည် ဟုသိရပါသည်။

 


Myanmar Digital News

Read times
Rate this item
(0 votes)