ရွှေနှင့်ကျန်းမာရေး

ရွှေနှင့်ကျန်းမာရေး google

ရွှေဆိုတာ မြန်မာလူမျိုးတို့ အကြိုက်နှစ်သက်ဆုံး သတ္တုတစ်မျိုးဖြစ်ပါတယ်။


ရွှေကို ကျန်းမာရေးရှုထောင့်မှကြည့်လျှင် လူသားတို့၏ ကျန်းမာရေးကို များစွာအထောက်အကူ ဖြစ်စေသည်ဟု

 

သုသေတန ပညာရှင်များက အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။


ရွှေဆွဲကြိုးကို လည်တိုင်တွင် ၀တ်ဆင်ထားပါက "နှလုံး၊ အဆုတ်" တို့၏ လုပ်ဆောင်မှုကို ပိုမိုသန်စွမ်းစေပြီး

 

၎င်းတို့နှင့်ပတ်သက်သည့်ရောဂါများမဖြစ်အောင် ကာကွယ်ပေးသည့်အပြင် "လည်ပင်း ကျီးပေါင်းတက်ခြင်း" ကိုလည်း ကာကွယ်ပေးသည်။


ရွှေလက်ကောက်ကို လက်ဝဲလက်ကောက်ဝတ်တွင် ၀တ်ဆင်ပေးခြင်း၊ ရွှေလက်စွပ်ကို လက်ဝဲလက်သူကြွယ်တွင်

 

ဝတ်ဆင်ပေးခြင်းဖြင့်လည်း "နှလုံးရောဂါ" ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သည်။


ရွှေနားကပ်ကို နားတွင်ဝတ်ဆင်ထားပါက စဉ်းစားတွေးခေါ်မှုများ၍ ခေါင်းမူးခြင်းကို ကာကွယ်ပေးနိုင်သလို

 

"ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ရောဂါများကိုလည်း ကာကွယ်ပေးပါသည်။

 

"ရွှေ" ကိုဝတ်ဆင်ရာတွင် "အသားအရေ ယားယံခြင်း၊ ရွှေအရောင် မှိန်သွားခြင်း၊ ကြာရှည်ဝတ်ဆင်ပါက ရွှေအလေးချိန်

 

အနည်းငယ်လျော့သွားခြင်း" တို့သည် လူ၏ခန္ဓာကိုယ်ရှိ ရောဂါဝေဒနာတို့အတွက် "ရွှေ"က ကုသပေးခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ 

       

ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေး ဖော်ရာတွင် "ရွှေ" ကိုထည့်သွင်းအသုံးပြုသလို အလှအပကို ပြင်ဆင်ရာများဖြစ်သော

 

"မျက်နှာကို ရွှေသွင်းပေးခြင်း"၊ " ဆံပင်သန်ရန်အတွက် ရွှေသွင်းပေးခြင်း" တို့ကို တွေ့ရှိရခြင်း ဖြစ်သည်။

 

GOLD & JEWELLERY BUYING GUIDE

Read times
Rate this item
(0 votes)